ေယာက္်ားနဲ႔ သားရွိတဲ့အသက္(၆၀)အမ်ိဳးသမီး၊ ကိုယ္တိုင္တကၠစီေမာင္းေနရတဲ့ ေနာက္ကြယ္ကအျဖစ္မွန္

92

ကိုယ္တိုင္က မိခင္တစ္ေယာက္လည္းျဖစ္၊ အသက္လည္း (၆၀)ရွိေနျပီျဖစ္တဲ့ အမ်ိဳးသမီးတစ္ဦးဟာ ေယာက်္ားသားေတြနဲ႔ ရင္ေဘာင္တန္းျပီး တကၠစီေမာင္းစီးပြားရွာေနရတဲ့ အျဖစ္မွန္ကို အပန္းေျပမီဒီယာပရိသတ္ၾကီးအေနနဲ႔ မသိရခင္မွာ ေယာက္်ားျဖစ္သူကို အရင္အျပစ္တင္မိပါလိမ့္မယ္။ တကယ္ေတာ့ အေၾကာင္းရင္းကိုယ္စီရွိပါတယ္။

ဂရက္တကၠစီအပလီေကးရွင္းကိုသံုးျပီး၊ ကားငွားစီးတဲ့ ခရီးသည္ဟာ ဒရိုင္ဘာကိုေတြ႔လိုက္ခ်ိန္မွာ အံ့အားသင့္သြားပါတယ္။ အသက္ (၆၀)ေလာက္အမ်ိဳးသမီးတစ္ဦးက ဒရိုင္ဘာျဖစ္ေနတဲ့အတြက္ မယံုသကၤာနဲ႔ပဲ ကားေပၚထုိင္လိုက္ခဲ့တာပါ။ Puan Misnah လို႔ေခၚတဲ့ တကၠစီေမာင္းအမ်ိဳးသမီးဟာ ဒါကိုရိပ္မိတဲ့အတြက္ လူတိုင္းက သူ႔ကိုအဲဒီလိုသံသယျဖစ္ၾကေၾကာင္းနဲ႔ သူကလည္း

Puan Misnah

အျဖစ္မွန္ကို အျမဲေျပာျပေလ့ရွိေၾကာင္းကို ေျပာခဲ့ပါတယ္။ သူမအေနနဲ႔ အိမ္ေထာင္ရွိတဲ့အေၾကာင္းကို မိတ္ဆက္ပါတယ္။ အခုလို လုပ္ေနရတာဟာ ေယာက်္ားရွိေပမဲ့ ေယာက်္ားဟာ က်န္းမာေရးေကာင္းတဲ့သူမဟုတ္ဘူးလို႔ဆိုပါတယ္။ ကင္ဆာေ၀ဒနာသည္ျဖစ္တဲ့အတြက္ အိမ္ေထာင္မႈတာ၀န္ဟာ သူမလုပ္ရမယ့္အပိုင္းျဖစ္လာျပီး၊ အငယ္ဆံုးသားေလးတစ္ေယာက္လည္းရွိတယ္လို႔ ေျပာပါတယ္။

တကၠစီငွားစီးမွတ္တမ္း
တကၠစီငွားစီးမွတ္တမ္း

အငယ္ဆံုးသားေလးကလည္း စိတ္ပုိင္းဆိုင္ရာခ်ိဳ႕တဲ့ေနတဲ့အတြက္ ေဆးကုသဖို႔ စရိတ္လိုတဲ့အေပၚမွာ သူမအေနနဲ႔ တကၠစီေမာင္းတာက အေကာင္းဆံုး၀င္ေငြရတဲ့အလုပ္ျဖစ္တဲ့အေၾကာင္းကို ထပ္ေျပာပါတယ္။ ဒီအေၾကာင္းကို လူမႈကြန္ရက္ကေနေတြ႔ျပီး အပန္းေျပမီဒီယာက တဆင့္ေဖာ္ျပႏုိင္ေအာင္အထိ Fedtri Yahya ဆိုသူက မွန္ကန္တယ္လို႔ ေထာက္ခံခဲ့ပါတယ္။ Fedtri Yahya မေလးရွားႏုိင္ငံရဲ႕ နာမည္ၾကီးအစီအစဥ္တင္င္ဆက္သူပါ။

Fedtri Yahya

သူမဟာ အလုပ္ၾကိဳးစားသူျဖစ္ျပီး၊ အသံ၊ စကားလံုး၊ ၀န္ေဆာင္မႈ ေျပာစရာမလိုေအာင္ေကာင္းတဲ့အတြက္ ၾကယ္ငါးပြင့္အျမဲရတယ္လို႔ ဂရက္ကလည္း ေထာက္ခံထားပါတယ္။ Malay Mail သတင္းစာရဲ႕ ေဖာ္ျပခ်က္ကို အပန္းေျပကေတြ႔ရွိမႈမွာေတာ့ သူမေကားေမာင္းတဲ့ေနရာဟာ မေလးရွားႏုိင္ငံ၊ Labuan ေဒသမွာျဖစ္တယ္လို႔လည္း ထပ္ၾကားသိရပါတယ္။

သူေရး (APANNPYAY)

Unicode

ယောက်ျားနဲ့ သားရှိတဲ့အသက်(၆၀)အမျိုးသမီး၊ ကိုယ်တိုင်တက္ကစီမောင်းနေရတဲ့ နောက်ကွယ်ကအဖြစ်မှန်

ကိုယ်တိုင်က မိခင်တစ်ယောက်လည်းဖြစ်၊ အသက်လည်း (၆၀)ရှိနေပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးဟာ ယောကျ်ားသားတွေနဲ့ ရင်ဘောင်တန်းပြီး တက္ကစီမောင်းစီးပွားရှာနေရတဲ့ အဖြစ်မှန်ကို အပန်းပြေမီဒီယာပရိသတ်ကြီးအနေနဲ့ မသိရခင်မှာ ယောက်ျားဖြစ်သူကို အရင်အပြစ်တင်မိပါလိမ့်မယ်။ တကယ်တော့ အကြောင်းရင်းကိုယ်စီရှိပါတယ်။

ဂရက်တက္ကစီအပလီကေးရှင်းကိုသုံးပြီး၊ ကားငှားစီးတဲ့ ခရီးသည်ဟာ ဒရိုင်ဘာကိုတွေ့လိုက်ချိန်မှာ အံ့အားသင့်သွားပါတယ်။ အသက် (၆၀)လောက်အမျိုးသမီးတစ်ဦးက ဒရိုင်ဘာဖြစ်နေတဲ့အတွက် မယုံသင်္ကာနဲ့ပဲ ကားပေါ်ထိုင်လိုက်ခဲ့တာပါ။ Puan Misnah လို့ခေါ်တဲ့ တက္ကစီမောင်းအမျိုးသမီးဟာ ဒါကိုရိပ်မိတဲ့အတွက် လူတိုင်းက သူ့ကိုအဲဒီလိုသံသယဖြစ်ကြကြောင်းနဲ့ သူကလည်း

အဖြစ်မှန်ကို အမြဲပြောပြလေ့ရှိကြောင်းကို ပြောခဲ့ပါတယ်။ သူမအနေနဲ့ အိမ်ထောင်ရှိတဲ့အကြောင်းကို မိတ်ဆက်ပါတယ်။ အခုလို လုပ်နေရတာဟာ ယောကျ်ားရှိပေမဲ့ ယောကျ်ားဟာ ကျန်းမာရေးကောင်းတဲ့သူမဟုတ်ဘူးလို့ဆိုပါတယ်။ ကင်ဆာဝေဒနာသည်ဖြစ်တဲ့အတွက် အိမ်ထောင်မှုတာဝန်ဟာ သူမလုပ်ရမယ့်အပိုင်းဖြစ်လာပြီး၊ အငယ်ဆုံးသားလေးတစ်ယောက်လည်းရှိတယ်လို့ ပြောပါတယ်။

အငယ်ဆုံးသားလေးကလည်း စိတ်ပိုင်းဆိုင်ရာချို့တဲ့နေတဲ့အတွက် ဆေးကုသဖို့ စရိတ်လိုတဲ့အပေါ်မှာ သူမအနေနဲ့ တက္ကစီမောင်းတာက အကောင်းဆုံးဝင်ငွေရတဲ့အလုပ်ဖြစ်တဲ့အကြောင်းကို ထပ်ပြောပါတယ်။ ဒီအကြောင်းကို လူမှုကွန်ရက်ကနေတွေ့ပြီး အပန်းပြေမီဒီယာက တဆင့်ဖော်ပြနိုင်အောင်အထိ Fedtri Yahya ဆိုသူက မှန်ကန်တယ်လို့ ထောက်ခံခဲ့ပါတယ်။ Fedtri Yahya မလေးရှားနိုင်ငံရဲ့ နာမည်ကြီးအစီအစဉ်တင်င်ဆက်သူပါ။

သူမဟာ အလုပ်ကြိုးစားသူဖြစ်ပြီး၊ အသံ၊ စကားလုံး၊ ဝန်ဆောင်မှု ပြောစရာမလိုအောင်ကောင်းတဲ့အတွက် ကြယ်ငါးပွင့်အမြဲရတယ်လို့ ဂရက်ကလည်း ထောက်ခံထားပါတယ်။ Malay Mail သတင်းစာရဲ့ ဖော်ပြချက်ကို အပန်းပြေကတွေ့ရှိမှုမှာတော့ သူမကေားမောင်းတဲ့နေရာဟာ မလေးရှားနိုင်ငံ၊ Labuan ဒေသမှာဖြစ်တယ်လို့လည်း ထပ်ကြားသိရပါတယ်။

သူရေး (APANNPYAY)