မြမြကို မုဒိန်းကျင့်ရမယ့် သရုပ်ဆောင်ကံထူးရှင် စကာတင် စာရင်းထဲမှာ ဆယ်လီကြီး မျိုးလှိုင်ဝင်းပါ

192

AlinnMyay ချစ်​ပရိသတ်​ကြီးတို့ မြမြရဲ့ဖြစ်​ရပ်​ကို မှတ်​မိကြဦးမယ်​ထင်​ပါတယ်​။ လူမှုကွန်​ရက်​​ ​ဖေ့စ်​ဘွတ်​ခ်​စာမျက်​​ပေါ်မှာ မြမြဝင်​ပူးပါတယ်​ဆိုတဲ့ ဗွီဒီယိုဖိုင်​​တွေပျံ့နှံ့သွားခဲ့လို့ သူ့ရဲ့ဖြစ်​ရပ်​ဟာ အ​တော်​​လေးထင်​ရှား​ကျော်​ကြားခဲ့ပါတယ်​။

မုဒိမ်းအကျင့်ခံရပြီး လူကိုပါ ရက်​ရက်စက်စက် ​​​အသတ်​ခံခဲ့ရတဲ့ မြမြဟာ အမျိုးသမီး​တွေရဲ့ခန္ဓာမှာ ဝိဥာဉ်​ဝင်​ပူးပြီး သူ့ကိုမတရားကျူးလွန်​ခဲ့တဲ့ တရားခံအစစ်​အမှန်​​ ဘယ်သူဘယ်ဝာ ဆိုတာ​ကို တစ်​ဆင့်​ခံ ​ပြောပြသွားခဲ့ပြီး အမျိုးသမီး​ပေါင်း​မြောက်​မြားစွာကို ဝင်​ပူးပြီး​ဖြေကြားခဲ့တာမို့ လူအများစိတ်​ဝင်​တစားနဲ့ ဂရုဏာသက်​စရာအဖြစ်​ တဖွဖွ​ပြောစရာဖြစ်​ခဲ့သလို လူမှုကွန်​ရက်​မှာ အ​တော်​​လေးလှုပ်​လှုပ်​ခတ်​ခတ်​ဖြစ်​​စေခဲ့တာ​ကြောင့်​ နာမည်​ကြီးခဲ့တဲ့ မြမြရဲ့ဇာတ်​​ကြောင်းပဲဖြစ်​ပါတယ်​။

ဒီဇာတ်​​ကြောင်းကို ဖြစ်​ရပ်​မှန်​ရုပ်​ရှင်​အဖြစ်​ ပြန်​လည်​ရို​က်​ကူးတင်​ပြဖို့ကြိုးစား​နေသူက မြန်​မာပြည်​ရဲ့ ပထမဆုံး သိပ္ပံဇာတ်​ကားကိုရိုက်​ကူးပြသခဲ့တဲ့ နာမည်​ကြီးဒါရိုက်​တာ ညိုမင်းလွင်​ပါ။

ဖြစ်​ရပ်​ဆိုးတစ်​ခုရဲ့ စိတ်​တုန်​လှုပ်​​ခြောက်​ခြားဖွယ်​ရာ​တွေကို အထိမိဆုံးတင်​ပြ​လေ့ရှိတဲ့ ညိုမင်းလွင်​ဟာ မြမြရဲ့ဖြစ်​ရပ်​မှန်​ရုပ်​ရှင်​ကိုလဲ ရှု​ထောင့်​တစ်​မျိုးက​နေ တင်​ပြဖို့ကြိုးပမ်းလုပ်​​ဆောင်​​နေတာဖြစ်​ပြီး လက်​ရှိမှာ​တော့ မုဒိမ်းကျင့်​အသတ်​ခံခဲ့ရတဲ့ မြမြကို ကိုယ်​စားပြုမယ့်​ရုပ်​ရှင်​အတွက်​ ရက်​စက်​ကြမ်းကြုတ်​တဲ့

မုဒိမ်းဇာတ်​​ကောင်​​နေရာ သုံး​နေရာမှာ သရုပ်​​ဆောင်​ဖို့အတွက်​ အမျိုးသားမျက်​နှာသစ်​ သရုပ်​​ဆောင်​ သုံးဦးလိုအပ်​​နေတယ်​လို့ သူ့ရဲ့​ဖေ့စ်​ဘွတ်​ခ်​အ​ကောင့်​မှာ လွန်ခဲ့တဲ့လပိုင်း​လေးအတွင်းက ​​​တရားဝင်​​ကြေငြာသွားခဲ့ပါတယ်​။

တရားဝင်​​ကြေငြာထားခဲ့ပြီး​နောက်​မှာ​တော့ မြမြ​နေရာသရုပ်​​ဆောင်​မယ့်​မင်းသမီးအဖြစ်​ ပရိသတ်​အချစ်​​တော်​ နာမည်​​ကျော်​မင်းသမီး​ သင်​ဇာဝင့်​​ကျော်​ က ပါဝင်​သရုပ်​​ဆောင်​မှာဖြစ်​တယ်​လို့ ဒါရိုက်​တာက တရားဝင်​​အ​နေနဲ့ ထပ်​မံ​ချပြသွားတာပါ။

ဒီ​နောက်​မှာ​တော့ ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးကရိုက်ကူးမယ့်​ ” မြ ” ဇာတ်ကားမှာ ရုပ်ရှင်လောကမှမည်သူမှသရုပ်မဆောင်ရဲသော မုဒိန်းသမားတရားခံအဖြစ်​ လူ​ပေါင်း ၁၀၀ ​ကျော်​က ဝင်​​ရောက်​​လျှောက်​ထားခဲ့တယ်​လို့ ညိုမင်းလွင်​ရဲ့အဆိုအရသိခဲ့ရပါတယ်​။

ဒီ​နေ့မှာ​တော့ မြန်မာ့ရုပ်ရှင်လောကအတွက်လူဆိုးအသစ်သုံးယောက်အဖြစ်

7. လင်းနေ

80. ကိုစိုင်း

128. မျိုးလှိုင်ဝင်း တို့ကို ​ရွေးချယ်​လိုက်​​ကြောင်း ဒါရိုက်​တာညိုမင်းလွင်​ရဲ့​ဖေ့စ်​ဘွတ်​ခ်​အ​ကောင့်​မှာတရားဝင်​​ကြေငြာသွားခဲ့ပြီဖြစ်​ပါတယ်​။

EFIL-ApannPyay  Photo – Nyo Min Lwin & Myo Hlaing Win