မွေးစားအ​ဖေရဲ့လူမဆန်​မှု​ကြောင့်​ မသန်စွမ်း​​​​​က​လေးငယ်​​လေး ​သွေးလွန်​​သေဆုံး

242

World of Buzz သတင်းဝက်​ဘ်​ဆိုက်​ရဲ့​ဖော်​ပြချက်​အရ လူမှုကွန်​ယက်​တွစ်​တာအ​ကောင့်​က​နေတဆင့်​ ​ရှေ့​နေတဦးရဲ့​ဖော်​ထုတ်​ချက်​အရ မသန်​စွမ်းသူက​လေးငယ်​ကို ​ခေါ်ယူ​မွေးစားထားပြီး လူမဆန်​စွာရက်​စက်​အကြမ်းဖက်​ခဲ့သူ ​မွေးစားဖခင်​ဟာ ​သေဒဏ်​အ​ပြစ်​​ပေးခံခဲ့ရပြီဖြစ်​​ကြောင်း သိရှိခဲ့ရပာတယ်​။

World of Buzz မှာ​တွေ့ရှိခဲ့ရတာက အဆိုပါ​ရှေ့​နေဟာ ဒီအခင်းဖြ​​စ်​ရပ်​ကို တရားခံဖြစ်​သူရဲ့ ၁၅​ပေအကွာမှာ​နေထိုင်​တဲ့ မျက်​မြင်​ကိုယ်​​တွေ့သက်​​သေအရ​ဖော်​ထုတ်​နိုင်​ခဲ့တာလို့ သိရှိခဲ့ရပြီး အခင်းဖြစ်​စဉ်​က ဒီလိုပါ။

တရားခံဟာ သူ​မွေးစားထားခဲ့တဲ့ လမ်းမ​လျှောက်​နိုင်​သူ မသန်​စွမ်းက​လေးငယ်​ ထိုင်​ခုံမှာထိုင်​​နေစဉ်​ ​အော့အန်​ထွက်​တဲ့အထိ လက်​​မောင်းကိုလိမ်​ချိုးခဲ့ပြီး သူဟာ က​လေးငယ်​ကို အိမ်​ထဲပြန်​ဝင်​ဖို့​ဆူပူ​ပြောဆို​နေရင်း အိမ်​ထဲကိုအတင်းအဓမ္မတရွတ်တိုက်​​ဆွဲသွင်း​နေခဲ့တယ်​လို့ မျက်​မြင်​သက်​​သေရဲ့အဆိုအရသိရပါတယ်​။

သူဟာ က​လေးကိုထိုင်​ခုံ​ပေါ်ကဆွဲချပြီး လမ်းမ​လျှောက်​နိုင်​တဲ့က​လေးငယ်​ကို ​မြေကြီး​ပေါ်က​နေတရွတ်​တိုက်​ဆွဲ​ခေါ်သွားခဲ့ပါတယ်​။ သူဟာ အိမ်​အဝ​ရောက်​ချိန်​မှာ​တော့ က​လေးငယ်​ရဲ့​ကျောကို​ခြေနဲ့အထပ်​ထပ်​ကန်​​ကျောက်​ခဲ့ပြီး က​လေးရဲ့ဝမ်းဗိုက်​ကိုလည်း ​ခြေ​ထောက်​နဲ့အကြိမ်​ကြိမ်​နင်း​ဆောင့်​ခဲ့တာဖြစ်​​ကြောင်းသိရပါတယ်​။

က​လေးငယ်​ငြိမ်​ကျသွားချိန်​မှာ သူဟာက​လေးကိုမပြီး အိမ်ထဲကို​ပစ်​​ပေါက်​သွင်းခဲ့တာပါ။ အိမ်​ထဲ​ရောက်​ချိန်​မှာလည်း က​လေးငယ်​ရဲ့ခားကို အဆက်​မပြတ်​ကန်​​ကျောက်​​နေခဲ့တယ်​လို့ အိမ်​နီးချင်းမျက်​မြင်​​ရဲ့ထွက်​ဆိုမှု သိခဲ့ရပြီး က​လေးငယ်​​သေဆုံးသွားခဲ့တာဟာ ​သွေးထွက်​လွန်​ပြီး​သေဆုံးသွားခဲ့တာဖြစ်​တယ်​လို့ ဆရာဝန်​​တွေကအတည်​ပြုခဲ့ပါတယ်​။

က​လေးငယ်​ဟာ အာဟာရချို့တဲ့​နေသလို အရိုးရဲ့ပုံစံကလည်း ပျက်​စီးယိုယွင်း​နေပြီး က​လေးငယ်​မှာနာတာရှည်​​ရောဂါမျိုးစုံစွဲကပ်​​နေ​ကြောင်းပါ ဆရာဝန်​​တွေရဲ့အဆိုမှာပါဝင်​ခဲ့ပါတယ်​။

EFIL-ApannPyay(အပန်းပြေ)