ကားတိုက်ခံရပြီးလက်ဖြတ်လိုက်ရတာတောင် လျော်ကြေးတစ်ကျပ်မှ မရခဲ့ဘူးဆိုတဲ့ အဆိုတော် “မီးဝေ”

42

လက်တစ်ဖက်မရှိတော့တဲ့နောက် ခြေထောက်နဲ့ဂီတာတီးဖို့ ဘယ်လို လေ့ကျင့်ခဲ့ရသလဲဆိုတာကို တေးရေ၊းတေးဆို မီးဝေက AlinnMyay မီဒီယာကို ရင်ဖွင့်ပြောပြခဲ့တာပါ။

နာမည်ကျော်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Myanmar Got talent မှာ Grand final အထိ တက်ရောက်နိုင်ခဲ့တဲ့ သူဟာ Winner မရခဲ့ပေမယ့် ပရိသတ်တွေရဲ့အသိအမှတ်ပြုမှုကိုခံခဲ့ရတာတော့အမှန်ပါ။ ဆရာမရှိပဲ YouTube က Videoတွေကြည့်ပြီး ကိုဟ့်ဒူးကိုယ်ချွန်ကာ ခြေထောက်နဲ့ဂစ်တာတီးသင်ခဲ့တဲ့ အဆိုတော်မီးဝေဟာ ဂစ်တာတစ်ကွက်ကို ဆယ်ရက်နှုန်းနဲ့ သုံးလလောက်အချိန်ယူလေ့ကျင့်ခဲ့ရတယ်လို့ အလင်းမြေ သတင်းဌာနကိုပြောပြခဲ့ပါတယ်။

ခြေထောက်နဲ့ ဂစ်တာတီးတာဟာ လက်နဲ့ဂီတာတီးကျင့်တာထက် အများကြီးပိုခက်ခဲတယ်လို့ပြောပြခဲ့တဲ့ အဆိုတော်မီးဝေဟာ မွေးရာပါ ကိုဟ်လက်အဂါင်္ချို့တဲ့သူတစ်ယောက်တော့မဟုတ်ပါဘူး။ ကားမတော်တဆမှုတစ်ခုရဲ့ နစ်နာသူဖြစ်တဲ့ ကိုမီးဝေဟာ သူ့ကိုတိုက်ခဲ့တဲ့ ကုမ္ပဏီကားက မောင်းပြေးသွားတာကြောင့် လျော်ကြေးမရဘဲ ဆေးဖိုးဝါးခတွေ အများကြီးကုန်ကျခဲ့ကာ လက်တစ်ဖက်ကိုပါဆုံးရှုံးခဲ့ရတာပါ။

ခေါင်းကိုပါကြိတ်မိကာ သံနဲ့ထိန်းကွပ်ခဲ့ရတဲ့အထိ ဆိုးရွားခဲ့တဲ့ မတော်တဆမှုရဲ့ ရလဒ်အနေနဲ့ ကိုမီးဝေဟာ ပါးတစ်ခြမ်းဟာအနည်းငယ်စောင်းခဲ့ပြီး စကားမပီတဲ့ အခက်အခဲတွေကြုံနေရပါတယ်။ ဒါပေမယ့်လည်း ဘဝကိုကြိုးစားပြီး အသက်ရှင်တဲ့ ကိုမီးဝေတစ်ယောက် ဂစ်တာကိုခြေထောက်နဲ့ တီးလို့ရအောင်ကျင့်ခဲ့ပြီး Guitar manဆိုတဲ့ အခွေလေးကို ထုတ်ဝေထားပါတယ်။ ပရိသတ်တွေကို ကျွန်တော်အများကြီး အစွမ်းကုန်ကြိုးစားထားပါတယ် အားပေးပါအုံးလို့ ချိုသာတဲ့အပြုံးကလေးနဲ့ ပြောနေတဲ့ ကိုမီးဝေဟာ ဘဝကို အရှုံးမပေးတဲ့ သဘာဝထဲက အံ့ဖွယ်လူသားတစ်ယောက်ပါပဲ။


Yenin Phawah-AlinnMyay(အလင်းမြေ)