ရှားပါး​ ​ခေါင်းနှစ်​လုံးနဲ့​မြွေ​ပွေးတမျိုးကို ရှာ​ဖွေ​တွေ့ရှိ

60

ရှားပါးဖြစ်​စဉ်​အ​နေနဲ့ အ​မေရိကန်​နိုင်​ငံ၊ နယူးဂျာစီပြည်​နယ်​က ​တောအုပ်​ထဲမှာ အ​မေရိက​မြွေ​ပွေးတမျိုးဖြစ်​တဲ့ ခ​လောက်​ဆွဲအမြီး​မြွေး​ပွေးကို ​ခေါင်းနှစ်​လုံးပါ အ​နေအထားနဲ့​တွေ့ရှိခဲ့တယ်​လို့ The Guardian သတင်းစဉ်​မှာ​ဖော်​ပြခဲ့ပါတယ်​။

ဒီ​ခေါင်းနှစ်​လုံးပါ​မြွေ​ပွေးကို Double Dave လို့ ပညာရှင်​​တွေက အမည်​​ပေးထားပြီး ရှားပါးမျိုးတုံး​ပျောက်​ကွယ်​​တော့မယ့်​ တွားသွားသတ္တဝါ​တွေအ​ကြောင်း ​လေ့လာ​နေတဲ့ သဘာဝပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေးလှုပ်​ရှားသူများအဖွဲ့ဟာ ပြီးခဲ့တဲ့လက ဒီ​မြွေကို ​တွေ့ရှိခဲ့တာဖြစ်​​ကြောင်း The Guardian က ​ဖော်​ပြခဲ့တာ​တွေ့ရပါတယ်​။

မြွေကို Double Dave လို့ အမည်​​ပေးခဲ့တဲ့အ​ကြောင်းက ရှာ​ဖွေ​တွေ့ရှိခဲ့သူနှစ်​ဦးဟာ Dave Schneider နဲ့ Dave တို့ဖြစ်​တာ​ကြောင့်​ သူတို့ရဲ့အမည်ကို ဂုဏ်​ယူမှည့်​​ခေါ်ထားဖြစ်​ပါတယ်​။ အဲ့ဒီ ​မြွေ​ပွေးဟာ ​ခေါင်းတလုံးစီက လွတ်​လပ်​စွာ သီးခြားလှုပ်​ရှားနိုင်​တာဖြစ်​သလို ​ခေါင်းတလုံးစီဟာပြည့်​ဝစွာဖွံ့ဖြိုး​နေပြီး မျက်​စိ​​လေးလုံးနဲ့ လျှာနှစ်​​ချောင်းပါဝင်​တယ်​လို့ ​ဖော်​ပြချက်​အရ သိရှိရပါတယ်​။

မြွေရဲ့အရှည်​က ၈လက်​မက​နေ ၁၀လက်​မအတွင်းရှည်​လျားတယ်​လို့သိရတာဖြစ်​ပြီး ဒီ​မြွေရဲ့လှုပ်​ရှားမှုဟာ​နှေး​ကွေးတာ​ကြောင့်​ ​တောတွင်းထဲမှာဖမ်းဆီးသတ်​ဖြတ်​စား​သောက်​ခြင်းခံရနိုင်​သလို ​တောတွင်းမှာ​နေထိုင်​အသက်​ရှင်​နိုင်​ဖို့ခက်​ခဲမှာဖြစ်​​ကြောင်းသိရပါတယ်​။

ရှာ​ဖွေ​တွေ့ရှိခဲ့သူ Schneider က​တော့ ဒီ​မြွေကိုသူတို့ဂရုတစိုက်​​မွေးမြူသွားမယ်​လို့ ဆိုသွားခဲ့ပြီး အမြွှာသ​န္ဓေသား​လောင်း​တွေအဖြစ်​ တည်​ရှိခဲ့​ပေမယ့်​ အမြွှာ​တွေအဖြစ်​ပြီးပြည့်​စုံစွာမဖွံ့ဖြိုးနိုင်​ခဲ့တာ​ကြောင့်​ အခုလို ကိုယ်​တခု၊ ​​ခေါင်းနှစ်​လုံးနဲ့​မြွေမျိုး ဖြစ်​ကျန်​ရစ်​တာလို့လည်းသိရှိရပါတယ်​။

EFIL-ApannPyay(အပန်းပြေ)