အမြန်လမ်း လူ(၄၅)ဦး ပါတဲ့ Express ယာဉ် တိမ်းမှောက်မှုကြီးဖြစ်

288

စက်တင်ဘာလ(၉) ရက်နေ နံနက်(့၀၃း၀၀) အချိန်ခန့်  နေပြည်တော်-ရန်ကုန်လမ်း မိုင်တိုင် အမှတ်၁၆/၆-၁၆/၇ အကြား တွင် Express ယာဉ်တိမ်းမှောက် လူ(၃) ဦးသေဆုံး (၂၈) ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ထားကြောင်းတွေ့ရပါသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်မှာ ယာဉ်မောင်း ဦး တင်ထွန်းဦး၄၅နှစ် ချမ်းမြသာစည်မြို့ နယ် မန္တလေးမြို့ နေသူမောင်းနှင်လာသည့် 7C/—- ရာဇာအောင် ဟင်္သတ-မန္တလေးခရီးသည် ကျား/မ ၄၅ဦးတင်ဆောင်လာသည့် Express ယဉ်ဖြစ်ပြီး ၄င်းယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ တိမ်းမှောက်ခဲ့ရာ ကျား၂ဦးမ ၁ ဦးသေ ဆုံးပြီး ကျား၁၆ ဦးမ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

၎င်း ဒဏ်ရာရရှိ သူများနှင့် သေဆုံးသူများကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့  အမှတ်(၃) စခန်းမှ တပ်ဖွဲ့ ဝင်များနှင့် အထောက်အကူုပြုအဖွဲ့ များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ် နေရာ နှင့်အနီးတဝိုက် မိုင်တိုင် ၁၅ မှ ၂၀ အကြား နေရာ များတွင် လမ်းပိုင်းဆိုင်ရာ. အားနည်းချက်များ ရှိသည်ဟု ယူဆရသဖြင့် ခရီးသွား ပြည်သူများ အန္တရာယ် ကင်းဝေးစေရေး သတ်မှတ်အရှိန်နှုန်း အတိုင်းသာ သတိပြု မောင်းနှင်ကြပါရန်လည်း အထူး သတိပေးဖော်ပြထားကြောင်း တွေ့ရသည်။

#အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး #AlinnMyay(အလင်းမြေ)