ပင္လယ္စာဆို အစိမ္းေလးမွ စားပါရေစဆိုတဲ့သူ၊ ေနမေကာင္းလို႔ ဓာတ္မွန္ရိုက္မွ ေသြးပ်က္ခဲ့ရတဲ့အျဖစ္

123

တရုတ္ႏိုင္ငံမွာ ေနာက္ဆံုးေဟာ့ျဖစ္ေနတဲ့ သတင္းကေတာ့ အပန္းေျပပရိသတ္ထဲက ပင္လယ္စာ အစိမ္းၾကိဳက္သူေတြအတြက္ မျဖစ္မေနဖတ္ၾကည္႔သင့္တဲ့ အေၾကာင္းအရာပါ။ ပင္လယ္စာကို အစိမ္း (၃)ႏွစ္ဆက္ စားခဲ့ျပီးေနာက္မွာ အသည္းဟာ တစ္ခါမွ မၾကံဳဖူးတဲ့ ထူးဆန္းတဲ့အရာေတြ ၾကံဳေနခဲ့ပါတယ္။

တရုတ္နာမည္ၾကီး သတင္းဌာန ET Today ရဲ႕ ေဖာ္ျပခ်က္ကို အပန္းေျပက ဖတ္ရႈမႈအရ တရုတ္အေရွ႕ေတာင္ပိုင္း Fujian ျပည္နယ္၊ Fuzhou ေဒသ၊ မ်ိဳးရိုးနာမည္ Lim (နာမည္အျပည္႔အစံု သတ္သတ္ရွိ) ဆိုတဲ့ အမ်ိဳးသားဟာ အျပင္းဖ်ားေနတဲ့ အတြက္ေၾကာင့္ ေဆးရံုကို ပံုမွန္လူနာလို႔ လာျပပါတယ္။ သူ႔ရဲ႕ ေျပာၾကားခ်က္အရ ေနမေကာင္းျဖစ္ေနတာ (၁၀)ရက္ရွိျပီျဖစ္ျပီး၊

Lim

အဖ်ားေသြးဟာ (၃၉)ဒီဂရီ ဆဲစီးရပ္ကေန လံုး၀မက်ေၾကာင္းကို ေျပာခဲ့ပါတယ္။ ဒီပမာဏဟာ ေရရွည္သာ ဆက္သြားရင္ အသက္ဆံုးရံႈးႏုိင္တဲ့ အဖ်ားပါ။သူ႔ဘာ သာေဆးေသာက္ေနတာ ဘယ္လိုမွအဆင္မေျပလို႔ လာျပတာျဖစ္ေၾကာင္းကို ေျပာျပခ်ိန္မွာေတာ့ ဆရာ၀န္က ေသခ်ာနားေထာင္ျပီး၊ ဒါဟာ သမားရိုးက်အဖ်ားမဟုတ္ဘူးလို႔ ယူဆခဲ့ပါတယ္။ ဓာတ္မွန္ရိုက္ဖို႔ကို လူနာကိုေျပာခဲ့ခ်ိန္

သေဘာတူအျပီးမွာေတာ့ စစ္ေဆးမႈကိုစခဲ့ပါတယ္။ ေတြ႔ရွိခ်က္ကေတာ့ အေတာ္ေလးဆိုးပါတယ္။ fluke disease လို႕ ေခၚတဲ့ အဆိုပါ ေရာဂါဟာ အသည္းမွာ အသက္ရွင္သန္ဖို႔ စားေသာက္ရတဲ့ သံေကာင္၊ ကပ္ပါးေကာင္ေတြ အမ်ားအျပားေသာင္းက်န္းမႈေၾကာင့္ တျဖည္းျဖည္းနဲ႔ ပ်က္စီးလာျပီး ထိခိုက္တဲ့ ေရာဂါပါ။ အဆိုပါ အမ်ိဳးသားမွာ ကပ္ေနတဲ့ အေကာင္ကိုေတာ့ Clonorchis sinensis လို႔ ေခၚပါတယ္။

Clonorchis sinensis

သူ႔ကို လူသားေတြမွာ ကူးစက္တဲ့အခ်ိန္က ပင္လယ္စာ၊ ငါး၊ အသားစိမ္း၊ ေရမုန္ညွင္းတို႔ကို အစိမ္း၊ မခ်က္မျပဳတ္စားတဲ့အခါမ်ိဳးမွာ ကူးစက္ႏုိင္ပါတယ္။ တစ္ခါကူးစက္ရင္ ႏွစ္ (၂၀)ကေန (၃၀)အထိကူးစက္တဲ့အတြက္ ေတာ္ေတာ္ေလးေၾကာက္စရာပါ။ တရုတ္၊ ရုရား၊ ကိုရီးယား၊ တို႔မွာ အျဖစ္မ်ားတယ္လို႔ ေဖာ္ျပထားတဲ့အတြက္ အပန္းေျပပရိသတ္ေတြအတြက္ ဗဟုသုတတစ္ခုပါပဲ။

ဆရာ၀န္က ခ်က္ခ်င္းသိလိုက္တဲ့အတြက္ ေမးခဲ့ခ်ိန္မွာေတာ့ ၀န္ခံခဲ့ျပီး၊ ပုစြန္၊ ပင္လယ္စာနဲ႔ sashimi လို႔ေခၚတဲ့ အသားစိမ္းအတံုးေလးကို (၃)ႏွစ္ေက်ာ္ၾကာ စားခဲ့ေၾကာင္း၊ အစိမ္းစားရတာ ပိုအရသာရွိေၾကာင္းကို ေျပာျပခဲ့ပါတယ္။ ဆရာ၀န္က ကုသရမယ့္အပိုင္းကို လူနာကိုေျပာျပခဲ့ျပီျဖစ္ေပမဲ့ အေရးၾကီးဆံုးျဖစ္တဲ့အခ်က္ကေတာ့ လံုး၀ေရွာင္လိုက္တာကလြဲလို႔ ဘာမွမရွိဘူးလို႔ ဆိုခဲ့ပါတယ္။ အမ်ိဳးသားကေတာ့ ေဆးကုသမႈ ခံယူျပီး၊ ဒီအတိုင္းဆက္စားရင္ ေသခ်ာတာက ခႏၶာကုိယ္ထဲမွာ ဒုကၡေပးေနဦးမွာပဲျဖစ္ပါတယ္။

sashimi

သူေရး (APANNPYAY)

uNICODE

ပင်လယ်စာဆို အစိမ်းလေးမှ စားပါရစေဆိုတဲ့သူ၊ နေမကောင်းလို့ ဓာတ်မှန်ရိုက်မှ သွေးပျက်ခဲ့ရတဲ့အဖြစ်

တရုတ်နိုင်ငံမှာ နောက်ဆုံးဟော့ဖြစ်နေတဲ့ သတင်းကတော့ အပန်းပြေပရိသတ်ထဲက ပင်လယ်စာ အစိမ်းကြိုက်သူတွေအတွက် မဖြစ်မနေဖတ်ကြည့်သင့်တဲ့ အကြောင်းအရာပါ။ ပင်လယ်စာကို အစိမ်း (၃)နှစ်ဆက် စားခဲ့ပြီးနောက်မှာ အသည်းဟာ တစ်ခါမှ မကြုံဖူးတဲ့ ထူးဆန်းတဲ့အရာတွေ ကြုံနေခဲ့ပါတယ်။

တရုတ်နာမည်ကြီး သတင်းဌာန ET Today ရဲ့ ဖော်ပြချက်ကို အပန်းပြေက ဖတ်ရှုမှုအရ တရုတ်အရှေ့တောင်ပိုင်း Fujian ပြည်နယ်၊ Fuzhou ဒေသ၊ မျိုးရိုးနာမည် Lim (နာမည်အပြည့်အစုံ သတ်သတ်ရှိ) ဆိုတဲ့ အမျိုးသားဟာ အပြင်းဖျားနေတဲ့ အတွက်ကြောင့် ဆေးရုံကို ပုံမှန်လူနာလို့ လာပြပါတယ်။ သူ့ရဲ့ ပြောကြားချက်အရ နေမကောင်းဖြစ်နေတာ (၁၀)ရက်ရှိပြီဖြစ်ပြီး၊

အဖျားသွေးဟာ (၃၉)ဒီဂရီ ဆဲစီးရပ်ကနေ လုံးဝမကျကြောင်းကို ပြောခဲ့ပါတယ်။ ဒီပမာဏဟာ ရေရှည်သာ ဆက်သွားရင် အသက်ဆုံးရှုံးနိုင်တဲ့ အဖျားပါ။သူ့ဘာ သာဆေးသောက်နေတာ ဘယ်လိုမှအဆင်မပြေလို့ လာပြတာဖြစ်ကြောင်းကို ပြောပြချိန်မှာတော့ ဆရာဝန်က သေချာနားထောင်ပြီး၊ ဒါဟာ သမားရိုးကျအဖျားမဟုတ်ဘူးလို့ ယူဆခဲ့ပါတယ်။ ဓာတ်မှန်ရိုက်ဖို့ကို လူနာကိုပြောခဲ့ချိန်

သဘောတူအပြီးမှာတော့ စစ်ဆေးမှုကိုစခဲ့ပါတယ်။ တွေ့ရှိချက်ကတော့ အတော်လေးဆိုးပါတယ်။ fluke disease လို့ ခေါ်တဲ့ အဆိုပါ ရောဂါဟာ အသည်းမှာ အသက်ရှင်သန်ဖို့ စားသောက်ရတဲ့ သံကောင်၊ ကပ်ပါးကောင်တွေ အများအပြားသောင်းကျန်းမှုကြောင့် တဖြည်းဖြည်းနဲ့ ပျက်စီးလာပြီး ထိခိုက်တဲ့ ရောဂါပါ။ အဆိုပါ အမျိုးသားမှာ ကပ်နေတဲ့ အကောင်ကိုတော့ Clonorchis sinensis လို့ ခေါ်ပါတယ်။

သူ့ကို လူသားတွေမှာ ကူးစက်တဲ့အချိန်က ပင်လယ်စာ၊ ငါး၊ အသားစိမ်း၊ ရေမုန်ညှင်းတို့ကို အစိမ်း၊ မချက်မပြုတ်စားတဲ့အခါမျိုးမှာ ကူးစက်နိုင်ပါတယ်။ တစ်ခါကူးစက်ရင် နှစ် (၂၀)ကနေ (၃၀)အထိကူးစက်တဲ့အတွက် တော်တော်လေးကြောက်စရာပါ။ တရုတ်၊ ရုရား၊ ကိုရီးယား၊ တို့မှာ အဖြစ်များတယ်လို့ ဖော်ပြထားတဲ့အတွက် အပန်းပြေပရိသတ်တွေအတွက် ဗဟုသုတတစ်ခုပါပဲ။

ဆရာဝန်က ချက်ချင်းသိလိုက်တဲ့အတွက် မေးခဲ့ချိန်မှာတော့ ဝန်ခံခဲ့ပြီး၊ ပုစွန်၊ ပင်လယ်စာနဲ့ sashimi လို့ခေါ်တဲ့ အသားစိမ်းအတုံးလေးကို (၃)နှစ်ကျော်ကြာ စားခဲ့ကြောင်း၊ အစိမ်းစားရတာ ပိုအရသာရှိကြောင်းကို ပြောပြခဲ့ပါတယ်။ ဆရာဝန်က ကုသရမယ့်အပိုင်းကို လူနာကိုပြောပြခဲ့ပြီဖြစ်ပေမဲ့ အရေးကြီးဆုံးဖြစ်တဲ့အချက်ကတော့ လုံးဝရှောင်လိုက်တာကလွဲလို့ ဘာမှမရှိဘူးလို့ ဆိုခဲ့ပါတယ်။ အမျိုးသားကတော့ ဆေးကုသမှု ခံယူပြီး၊ ဒီအတိုင်းဆက်စားရင် သေချာတာက ခန္ဓာကိုယ်ထဲမှာ ဒုက္ခပေးနေဦးမှာပဲဖြစ်ပါတယ်။

သူရေး (APANNPYAY)