ကုိယ္ပိုင္တီထြင္ထားတဲ့ ေဆာ့၀ဲလ္ကေန တစ္ႏွစ္ကို သိန္း(၂၀၀)ေလာက္ရေနတဲ့ (၁၄)ႏွစ္သားေလး

426

နည္းပညာေတြတိုးတက္လာတဲ့ ေခတ္ၾကီးမွာ အသက္ငယ္ငယ္နဲ႔ ကေလးလေးေတြ ပိုက္ဆံေတြ သိန္းခ်ီ၀င္ေနတဲ့ ကိစၥက နည္းနည္းေတာ့ ထူးဆန္းေနပါတယ္။ သာမန္လူၾကီးေတြမလုပ္ႏုိင္တဲ့ ကိစၥရပ္ေတြကို ငယ္ငယ္ရြယ္ရြယ္နဲ႔ တီထြင္ေနႏုိင္တာျဖစ္ျပီး၊ ပိုက္ဆံေတြကို သိန္းရာခ်ီရေနတာပါ။

အပန္းေျပက ဒီတစ္ေခါက္တင္ဆက္ေပးမဲ့ အတုယူဖြယ္ လူငယ္ေလးရဲ႕အေၾကာင္းကေတာ့ မေလးရွားဆယ္ေက်ာ္သက္ နည္းပညာပညာရွင္ Muhammad Akmal Hazim ဆိုတဲ့ ေကာင္ေလးပါ။ သူကအသက္ (၁၂)ႏွစ္ေက်ာ္ကတည္းက တစ္ႏွစ္ကို သိန္း (၂၀၀)နီးပါးကို ၀င္ေငြရေနမယ့္ ေဆာ့၀ဲလ္တစ္ခုကို တီထြက္ခဲ့ျပီး၊ တစ္ႏွစ္အၾကာ လူ (၄၀၀)ေက်ာ္က အသံုးျပဳအျပီးမွာ ပိုက္ဆံ၀င္ခဲ့တယ္လို႔ သိရပါတယ္။

သူတီေထာင္ထားတဲ့ Benchpoint.io ဆိုတဲ့ ၀က္ဘ္ဆိုက္ဟာ သူ႕ရဲ႕ ေဆာ့၀ဲလ္ကို ၀င္ေရာက္ေဒါင္းေလာ့ဆြဲ အသံုးျပဳရမယ့္ ေနရာပါ။ ရိုးရိုးရွင္းရွင္းေလးကို စဥ္းစားထားတာျဖစ္ျပီး၊ လက္ရွိမွာ ပထမဆံုးတီထြင္ထားသူလို႔ သိရပါတယ္။ ထြင္ထားတဲ့အေၾကာင္းအရာက ၀က္ဘ္ဆိုက္ထဲကို လူ၀င္ၾကည္႔တဲ့အခါမွာ ၀င္ၾကည္႔ႏႈးန္ကို ဆာဗာက ဘယ္ေလာက္ခံႏုိင္ရည္ရွိလဲဆိုတာကို စမ္းသပ္တဲ့နည္းပါ။

ဥပမာ- ၀က္ဘ္ဆို္က္ပိုင္ရွင္တစ္ေယာက္က သူ႕၀က္ဘ္ဆိုက္ဟာ ဘယ္ေလာက္ၾကာခ်ိန္ရွိမယ္၊ လူဦးေရ ဘယ္ႏွစ္ေယာက္ထိ တစ္ျပိဳင္တည္းဖတ္လို႔ရမလဲနဲ႔ ၀က္ဘ္ဆိုက္ကို လူဘယ္ေလာက္အထိ ၀င္ၾကည္႔တာကို ခံႏိုင္ရည္ရွိလဲဆိုတာကို စမ္းသပ္တဲ့ ေဆာ့၀ဲလ္ပါ။ ပိုင္ရွင္ေတြက အပလီေကးရွင္းကို ေကာင္ေလးရဲ႕၀က္ဘ္ထဲ၀င္ျပီး ၀ယ္သံုးရတာျဖစ္လို႔ ပထမစစခ်င္းမွာပဲ သိန္း(၂၀၀)ေလာက္ ၀င္ေငြရျပီးျပီလို႔ဆိုပါတယ္။

လက္ရွိမွာ အသံုးျပဳေတြက ဆက္တိုက္တက္လာေနတဲ့အတြက္ ေနာက္ႏွစ္မွာ ၀င္ေငြဟာ ဒီထပ္ခုန္တက္ဖို႔ရွိေနပါတယ္။ ဒီအေၾကာင္းကို The Borneo Post ကအက်ယ္တ၀င့္ေဖာ္ျပထားျပီး၊ အပန္းေျပကေတာ့ ပရိသတ္ေတြအတြက္ ျပန္တင္ဆက္ေပးတာပါ။ သူ႕ရဲ႕ေနာက္ထြင့္မယ့္ ေဆာ့၀ဲလ္အေၾကာင္းကိုလည္း ေျပာသြားခဲ့ျပီး၊ အဲဒါက ေဒါင္းေလာ့ဆြဲ ၾကာခ်ိန္ကို အတတ္ႏိုင္ဆံုးေလွ်ာ႔ခ်တဲ့ အပလီေကးရွင္းလို႔သိရပါတယ္။ ဒီေဆာ့၀ဲလ္ကေတာ့ ေအာင္ျမင္သြားရင္ ကမာၻနဲ႔ကိုသံုးဖို႔ ရွိေနပါတယ္။

သူေရး (APANNPYAY)

UNICODE

ကိုယ်ပိုင်တီထွင်ထားတဲ့ ဆော့ဝဲလ်ကနေ တစ်နှစ်ကို သိန်း(၂၀၀)လောက်ရနေတဲ့ (၁၄)နှစ်သားလေး

နည်းပညာတွေတိုးတက်လာတဲ့ ခေတ်ကြီးမှာ အသက်ငယ်ငယ်နဲ့ ကလေးလေးတွေ ပိုက်ဆံတွေ သိန်းချီဝင်နေတဲ့ ကိစ္စက နည်းနည်းတော့ ထူးဆန်းနေပါတယ်။ သာမန်လူကြီးတွေမလုပ်နိုင်တဲ့ ကိစ္စရပ်တွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ တီထွင်နေနိုင်တာဖြစ်ပြီး၊ ပိုက်ဆံတွေကို သိန်းရာချီရာနေတာပါ။

အပန်းပြေက ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ အတုယူဖွယ် လူငယ်လေးရဲ့အကြောင်းကတော့ မလေးရှားဆယ်ကျော်သက် နည်းပညာပညာရှင် Muhammad Akmal Hazim ဆိုတဲ့ ကောင်လေးပါ။ သူကအသက် (၁၂)နှစ်ကျော်ကတည်းက တစ်နှစ်ကို သိန်း (၂၀၀)နီးပါးကို ဝင်ငွေရနေမယ့် ဆော့ဝဲလ်တစ်ခုကို တီထွက်ခဲ့ပြီး၊ တစ်နှစ်အကြာ လူ (၄၀၀)ကျော်က အသုံးပြုအပြီးမှာ ပိုက်ဆံဝင်ခဲ့တယ်လို့ သိရပါတယ်။

သူတီထောင်ထားတဲ့ Benchpoint.io ဆိုတဲ့ ဝက်ဘ်ဆိုက်ဟာ သူ့ရဲ့ ဆော့ဝဲလ်ကို ဝင်ရောက်ဒေါင်းလော့ဆွဲ အသုံးပြုရမယ့် နေရာပါ။ ရိုးရိုးရှင်းရှင်းလေးကို စဉ်းစားထားတာဖြစ်ပြီး၊ လက်ရှိမှာ ပထမဆုံးတီထွင်ထားသူလို့ သိရပါတယ်။ ထွင်ထားတဲ့အကြောင်းအရာက ဝက်ဘ်ဆိုက်ထဲကို လူဝင်ကြည့်တဲ့အခါမှာ ဝင်ကြည့်နှုးန်ကို ဆာဗာက ဘယ်လောက်ခံနိုင်ရည်ရှိလဲဆိုတာကို စမ်းသပ်တဲ့နည်းပါ။

ဥပမာ- ဝက်ဘ်ဆိုက်ပိုင်ရှင်တစ်ယောက်က သူ့ဝက်ဘ်ဆိုက်ဟာ ဘယ်လောက်ကြာချိန်ရှိမယ်၊ လူဦးရေ ဘယ်နှစ်ယောက်ထိ တစ်ပြိုင်တည်းဖတ်လို့ရမလဲနဲ့ ဝက်ဘ်ဆိုက်ကို လူဘယ်လောက်အထိ ဝင်ကြည့်တာကို ခံနိုင်ရည်ရှိလဲဆိုတာကို စမ်းသပ်တဲ့ ဆော့ဝဲလ်ပါ။ ပိုင်ရှင်တွေက အပလီကေးရှင်းကို ကောင်လေးရဲ့ဝက်ဘ်ထဲဝင်ပြီး ဝယ်သုံးရတာဖြစ်လို့ ပထမစစချင်းမှာပဲ သိန်း(၂၀၀)လောက် ဝင်ငွေရပြီးပြီလို့ဆိုပါတယ်။

လက်ရှိမှာ အသုံးပြုတွေက ဆက်တိုက်တက်လာနေတဲ့အတွက် နောက်နှစ်မှာ ဝင်ငွေဟာ ဒီထပ်ခုန်တက်ဖို့ရှိနေပါတယ်။ ဒီအကြောင်းကို The Borneo Post ကအကျယ်တဝင့်ဖော်ပြထားပြီး၊ အပန်းပြေကတော့ ပရိသတ်တွေအတွက် ပြန်တင်ဆက်ပေးတာပါ။ သူ့ရဲ့နောက်ထွင့်မယ့် ဆော့ဝဲလ်အကြောင်းကိုလည်း ပြောသွားခဲ့ပြီး၊ အဲဒါက ဒေါင်းလော့ဆွဲ ကြာချိန်ကို အတတ်နိုင်ဆုံးလျှော့ချတဲ့ အပလီကေးရှင်းလို့သိရပါတယ်။ ဒီဆော့ဝဲလ်ကတော့ အောင်မြင်သွားရင် ကမ္ဘာနဲ့ကိုသုံးဖို့ ရှိနေပါတယ်။

သူရေး (APANNPYAY)