ဒေါက်တာမြဝတ်ရည် မူးယစ်ရမ်းကားသူများ ရဲ့ နှောက်ယှက်မှုခံခဲ့ရ (ရုပ်သံ)

110

ဒေါက်တာမြဝတ်ရည်ဟာ လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebookပေါ်မှာ သူမမှန်တယ်လို့ထင်တဲ့အရာနဲ့ ရပ်တည်ချက်တွေအတွက် ပြသနာတွေကိုရင်ဆိုင်ဖို့ဝန်မလေးလို့ နာမည်ကြီးလာသူပါ။

ဒေါက်တာမြဝတ်ရည်ဟာ မနေ့ကည ၁၀နာရီကျော်မှာ ကြုံတွေခဲ့ရတဲ့ မူးယစ်ရမ်းကားတဲ့ အမျိုးသားလေးယောက်အကြောင်းကို သူမရဲ့လူမှုကွန်ယက် facebook page မှာ ဗွီဒီယိုမှတ်တမ်းများ နှင့် တကွတင်ပြထားတာကိုတွေ့ရပါတယ်။ သူမဟာ မိတ်ဆွေတစ်ယောက်လာလို့ ထွက်တွေ့ဖို့အတွက် ကားလမ်းကူးဖို့ လုပ်နေတုန်းမှာ လူတစ်စုက ကားကို တမင် ရပ်ပြီး ဘယ်သွားမလဲ ဘာလုပ်မှာလဲ ကားပေါ်တက်ဆိုပြီး ပြောကာ စကားနဲ့အသားယူခဲ့ကြောင်းဖော်ပြထားပါတယ်။

ဒေါက်တာမြဝတ်ရည်ဟာ အစပိုင်းက Taxi မို့ပြောတာဖြစ်မယ်လို့ အထင်မှားခဲ့ပေမယ့် အိမ်စီးကား ဖြစ်နေပြီး ကားပေါ်မှာရှိတဲ့အမျိုးသား ၄ယောက်လုံးဟာ မူးနေကာ သူမကိုဆဲရေးတိုင်းထွာပြီး ရိုင်းစိုင်းတဲ့စကားတွေပြောခဲ့ကြောင်းနဲ့ သူမကလူမှားခဲ့တာမျိုးရှိရင်အေးအေးဆေးဆေးနေဖို့နဲ့ ပြန်ရန်တွေ့ခဲ့တဲ့အခါမှာ ၂ယောက်ကကားပေါ်ကနေ ဆင်းလာပြီး ရန်တွေ့ခဲ့တယ်လို့ပြောပြထားပါတယ်။

ဒေါက်တာမြဝတ်ရည်ကို လူမှုကွန်ယက်မှာနာမည်ကြီးသူအဖြစ် မှတ်မိသွားခဲ့တဲ့အခါမှာလည်း ဆဲရေးတိုင်းထွာကာ ကိုယ်ထိလက်ရောက် ဝက်အူလှည့်နဲ့ လှမ်းထိုးတာမျိုးတွေ ဒေါက်တာမြဝတ်ရည်က လုံခြုံရေးအတွက် ၁၉၉ကို ဖုန်းဆက်ပြီးကားမှန်ချထားတဲ့အခါ ကားမှန်ကို ထုရိုက်တာမျိုးတွေကို ၁၅မိနစ်မိနစ်၂၀လောက်အထိပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

အခုအချိန်ထိ အဲ့ဒီအမျိုးသားလေးယောက်ကို ဖမ်းမမိသေးဘူးလို့လည်းသိရပါတယ်။ ဒေါက်တာမြဝတ်ရည်ဟာ ဒီပြသနာကြောင့်အမျိုးသမီးတွေအတွက် လုံခြုံမှုမရှိတော့ဘူးလားလို့ မေးခွန်းထုတ်ထားပါတယ်။

မိန်းကလေးတွေကို လမ်းသွားတဲ့အခါ ကာအိနြေ္ဒပျက်အောက် ပြုမူတာ၊ မပြောအပ်တဲ့ သားပြောမယားပြောစကားတွေ ပြောဆိုတာမျိုးဟာ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေကြုံတွေရလေ့ရှိတဲ့ပြသနာတစ်ခုဖြစ်ပြီး ကျူးလွန်တဲ့ အမျိုးသားအများစုဟာလည်း ဒါကို သူတစ်ပါးကို စိတ်အနှောက်အယှက်ဖြစ်စေပြီး ပြစ်မူတစ်ခု ကျူးလွန်တာဖြစ်တယ်ဆိုတဲ့အချက်ကို လျစ်လျူရှုထားကြဆဲပါ။

Video – Dr.Mya Wutt Ye’s & Sai Pan Hpa

Yenin Phawah #AlinnMyay(အလင်းမြေ) #ApannPyay