မယားငယ်ကို သတ်ပြီး မိမိကိုယ်ကို သတ်သေခဲ့တဲ့ မယားကြီးအား ခင်ပွန်းဖြစ်သူမှ ချစ်နေသေးကြောင်းပြော

44

အချစ်ကြီးရင်အမျက်ကြီးတယ်ဆိုတဲ့စကားပုံအတိုင်းပဲ ခင်ပွန်းဖြစ်သူကသူမအပေါ်ဖောက်ပြန်နေတာကို သိလိုက်ရတဲ့အမျိုးသမီး တစ်ယောက်ဟာ ခင်ပွန်းဖြစ်သူနဲ့ ဖောက်ပြန်နေတဲ့မယားငယ်ကို သေနတ်နဲ့ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။

မုန့်ကိုသာဝေမယ် အချစ်ကိုတော့မဝေနိုင်ဘူးဆိုတဲ့အတိုင်း အသက် ၄၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ မယားကြီးဖြစ်သူဟာ လက်ထပ်ထားတာ နှစ် ၂၀ရှိပြီဖြစ်တဲ့ သူမရဲ့ခင်ပွန်းဟာ ဖောက်ပြန်နေတာကို သိလိုက်ရတဲ့အချိန်မှာ အင်မတန်စိတ်မကောင်းဖြစ်ခဲ့တယ်လို့ Mirror websiteရဲ့ဖော်ပြချက်အရသိရပါတယ်။

စိတ်မကောင်းဖြစ်နေတဲ့ သူမရဲ့ ပူဆွေးမှုတွေဟာ ဒေါသအဖြစ်ပြောင်းသွားတဲ့နောက်မှာတော့ သူမဟာ မယားငယ်ဖြစ်သူရဲ့အိမ်ကို သွားပြီး ခင်ပွန်းဖြစ်သူနဲ့ဖောက်ပြန်တဲ့အမျိုးသမီးကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။ မယားငယ်ဖြစ်သူကိုသတ်ပြီးတဲ့နောက်မှာ သူမဟာအခင်းဖြစ်ပွားခဲ့တဲ့နေရာမှာပဲ သေနတ်နဲ့ သူ့ကိုယ်သူပစ်ကာ သတ်သေခဲ့ပါတယ်။

Mirror websiteရဲ့ဖော်ပြချက်အရ ဖောက်ပြန်ခဲ့တဲ့ ခင်ပွန်းသည်ဖြစ်သူဟာ နောင်တအကြီးအကျယ်ရနေပြီး ဇနီးသည်ဖြစ်သူကို စိတ်ဒဏ်ရာရအောင်နဲ့ ဒီလိုလုပ်ရုံကလွဲပြီး အခြားနည်းလမ်းမရှိတော့ဘူးလို့ ဇနီးသည်ခံစားရအောင် လုပ်ခဲ့မိတာကြောင့် သူ့ကိုယ်သူခွင့်မလွှတ်နိုင်ဘူးလို့ပြောခဲ့ပါတယ်။ အခုထိ ဇနီးသည်ကိုချစ်နေသေးတယ်လို့လဲ အဲ့ဒီအမျိုးသားကဆိုခဲ့ပါတယ်။

Yenin Phawah-AlinnMyay(အလင်းမြေ)