ငွေလိုချင်လို့ တပည့်အရင်းကို ပြန်ပေးဆွဲခဲ့တဲ့ဆရာမ

196

အသက် ၂၇ခုနှစ် အရွယ်ဆရာမတစ်ယောက်ဟာ သူမရဲ့အသက် ၆နှစ်အရွယ်တပည့်မလေး ပြန်ပေးဆွဲခံရတဲ့အမှုရဲ့ နောက်ကွယ်ကကြိုးကိုင်သူဖြစ်တယ်လို့ စွပ်စွဲခံထားရပါတယ်။

The sun websiteရဲ့ဖော်ပြထားချက်အရ ပြန်ပေးဆွဲခံရတဲ့အသက် ၆နှစ်အရွယ်ကလေးငယ်လေးကို မိခင်ဖြစ်သူက ကျောင်းလာကြိုရာကနေ ကျောင်းဂိတ်ပေါက်မှာ မျက်နှာဖုံးစွပ်ထားတဲ့ လူ၎ယောက်က မိခင်ကိုရိုက်နှက်ပြီး ကလေးကိုလုသွားကာ အသင့်ပြင်ထားတဲ့ကားနဲ့ထွက်ပြေးသွားခဲ့ကြတာပါ။ မိခင်နဲ့ဖခင်ဖြစ်သူတွေကို ပြန်ပေးဆွဲသမားတွေက ဖုန်းဆက်ပြီး ပေါင်ငွေ ၁သိန်းကျော်(မြန်မာငွေ သိန်း ၂၀၀ဝန်းကျင်)ပေးဖို့ ငွေညှစ်ခဲ့ကြပါသေးတယ်။

The sun websiteရဲ့ဖော်ပြထားချက်အရ ကလေးငယ်လေးပြန်ပေးဆွဲခံရတဲ့အမှုဟာ နာရီပိုင်းအတွင်းမှာပဲ မီဒီယာတွေနဲ့ပြည်သူတွေကြားပျံ့နှံ့သွားခဲ့ပြီး လူစိတ်ဝင်စားမှု အငိမတန်များပြားလာတာကြောင့် ပြန်ပေးဆွဲသမားတွေကကြောက်လန့်ကာ ငွေမရခင်မှာပဲ ကလေးငယ်ကို လမ်းမတစ်ခုမှာပစ်ထားခဲ့ကြပါတယ်။

အပစ်ထားခံရပြီး မိခင်ကိုတမ်းတကာငိုနေတဲ့ကလေးငယ်လေးကို လမ်းသွားလမ်းလာနှစ်ယောက်ကတွေ့ရှိခဲ့ပြီး ရဲစခန်းကို ကုန်းပိုးကာပို့ပေးခဲ့ကြတဲ့အတွက် မိဘတွေနဲ့ပြန်လည်ဆုံစည်းနိုင်ခဲ့ပါတယ်။

ရဲတွေရဲ့အဆိုအရတော့ သံသယတရားခံအဖြစ်နဲ့ ကလေးငယ်လေးရဲ့ကျောင်းဆရာမကိုစွပ်စွဲထားပြီး အဲ့ဒီကျောင်းဆရာမဟာ ပြန်ပေးဆွဲခံရတဲ့ကလေးငယ်ရဲ့မိခင်နဲ့အင်မတန်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်လည်းဖြစ်ပါတယ်။

The sun websiteရဲ့ဖော်ပြချက်အရ မူးယစ်ဆေးသုံးကျင့်ရှိခဲ့ပြီး မူးယစ်ဆေးဝါးတွေကိုဝယ်ယူရာကနေ အကြွေးနွံနှစ်နေတဲ့ဆရာမဖြစ်သူက တရားခံဖြစ်ဖို့အလားအလာများတယ်လို့သိရပါတယ်။

Yenin Phawah-AlinnMyay(အလင်းမြေ)