အလုပ်​ထဲမှာ အိပ်​စက်​​ပေးရင် ရရှိလာ​မယ့် ​အကျိုး​ကျေးဇူး ၅ခု

134

လူတစ်ချို့က​တော့ လုပ်​ငန်းခွင်​နဲ့အလုပ်​ထဲမှာ တ​ရေးတ​မော အနားယူအိပ်​စက်​ခြင်းဟာ မ​ကောင်းတဲ့အ​လေ့အထလို့ဆို​ပေမဲ့ သိပ္ပံနည်းကျအချက်​အလက်​​တွေအရ​တော့ အလုပ်​ထဲမှာအိပ်​စက်​​​ပေးခြင်းဟာ များစွာ​သောအကျိုး​ကျေးဇူး​တွေကိုရရှိခံစားလာ​စေပါတယ်​လို့ အခိုင်​အမာဆိုထားပါတယ်​။ သိပ္ပံပညာရှင်​​တွေ​ထောက်​ခံချက်​​ပေးထားတဲ့ အလုပ်​ထဲမှာ အိပ်​စက်​​ပေးရင် ရရှိလာ​မယ့် ​အကျိုး​ကျေးဇူး ၅ခု ကို ​Elite Readers သတင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် ApannPyay ပရိတ်သတ်ကြီးအတွက် မျှ​ဝေ​ပေးလိုက်​ပါရ​စေ။

အလုပ်​လုပ်​နိုင်​စွမ်းပို​ကောင်းလာမယ်

ခန္ဓကိုယ်​ရဲ့​မောပန်းနွမ်းနယ်​မှုဟာ ​လူရဲ့စွမ်းရည်​ကို​လျော့ကျ​စေတာဖြစ်​ပါတယ်​။ ဒါ​ကြောင့်​ အလုပ်​ပြိုင်းလာတဲ့အခါ ​နေ့လည်​​နေ့ခင်း တ​ရေးတ​မော အနားယူအိပ်​စက်​​ပေးသင့်​ခြင်းက ခန္ဓာကိုယ်​ကိုအားဖြည့်​​ပေးပြီး အလုပ်​လုပ်​နိုင်​စွမ်းကိုတိုးမြင့်​လာ​စေတာပါ။

စိတ်​ဖိစီးမှု​လျော့နည်းသွားမယ်

အလုပ်​ချိန်​​တွေမှာ စိတ်​ဖိစီးမှု​တွေက အမြဲရင်​ဆိုင်​ယှဉ်​ထိုး​နေရတာဖြစ်​ပါတယ်​​။ အိပ်​စက်​​မှုအနားယူမှုရရှိတဲ့သူက စိတ်​ဖိစီးမှု​လျော့နည်းပြီး စိတ်​ကြည်​လင်​လန်းဆန်းလာလို့ပိုပြီးအလုပ်​လုပ်​နို​င်​​စေမှာဖြစ်​ပါတယ်​။

အာရုံစူးစိုက်​နိင်​စွမ်းပိုတက်​လာမယ်

အလုပ်​များပြီး​မောပန်းလာတဲ့အခါ စိတ်​မငြိမ်​ဖြစ်​ပြီး အ​တွေး​တွေကဟို​ရောက်​ဒီ​ရောက်​ဖြစ်​လာလို့ အာရုံစူးစိုက်​ရခက်​တတ်​ပါတယ်​။ ဒါ​ကြောင့်​ခဏအိပ်​စက်​အနား​ယူ​ပေးခြင်းက အမှား​တွေကို​လျော့နည်း​စေပြီး အလုပ်​ကိုပိုထိ​ရောက်​​စေပါတယ်​။

မှတ်​ဥာဏ်​ပိုင်း ​ပို​ကောင်းလာမယ်

ပညာရှင်​​တွေရဲ့​ကောက်​ချက်​အရ တ​ရေးအိပ်​​​ပေးခြင်းက ကဖင်းဓာတ်​ကို သုံးစွဲတာထက်​စာရင်​​ မှတ်​ဥာဏ်​ကို​ပို​ကောင်းလာ​စေပါတယ်​တဲ့။ နာရီဝက်​၊ ၄၅ မိနစ်​က​နေ ၁နာရီ​လောက်​အထိကိုအိပ်​​ပေးသင့်​တယ်​လို့ဆိုပါတယ်​။

ဖန်​တီးနိုင်​စွမ်းပိုမြင့်​လာမယ်

ဟားဗက်​တက္ကသိုလ်​က​လေ့လာချက်​အရ တ​ရေးတ​မော အိပ်​စက်​ပြီး နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​မှုကိုရရှိတဲ့သူ​တွေဟာ ဖန်​​တီးနိုင်​မှု၊ထိုးထွင်းဥာဏ်​ပို​ကောင်းလာပြီး အလုပ်​ကိုပိုတွင်​​စေတဲ့ အ​ကြောင်းဖြစ်​ပါတယ်​တဲ့။

EFIL-ApannPyay(အပန်းပြေ)