အမျိုးသမီး​တွေဟာ မုဒိမ်းကျင့်​ခံသင့်​သူ​တွေဖြစ်​​ကြောင်း ​ဟော​ပြောခဲ့တဲ့တရား​ဟောဆရာရဲ့ လုပ်​ရပ်

38

လမ်းမ​တွေ​ပေါ်မှာ တရား​ဟောတဲ့​တရားဟာ​ဆရာတစ်ဦးဖြစ်​တဲ့ ဘရာသာဒင်းဟာ လိင်​တူချင်းစုံမက်​သူ​တွေကို အထင်ေ​သးနှိမ့်​ချတတ်​သူဖြစ်​ပြီး အမျိုးသမီး​တွေကိုလည်း မုဒိမ်းကျင့်​ခံထိုက်​သူ​တွေဖြစ်​​ကြောင်း လမ်းမ​​တွေ​ပေါ်မှာ ​အမြဲတ​စေ ​ဟော​ပြော​နေတတ်​သူဖြစ်​ပါတယ်​။

အခုတစ်​ခေါက်​ဖြစ်​ရပ်​မှာ​​တော့ သူဟာ ဆိုးဆိုးရွားရွားတုံ့ပြန်​ခံရပုံကို Elitereaders သတင်းဝက်​ဘ်​ဆိုက်​က​ဖော်​ပြသွားခဲ့ပါတယ်​။ သူဟာ လူ​တွေကြားမှာ အမုန်းစကားဖြန့်​​ဝေသူအဖြစ်​ နာမည်​ဆိုးနဲ့​ကျော်​ကြား​နေတဲ့တရား​ဟောဆရာဖြစ်​ပြီး အခုလိုအဆိုးဝါးဆုံးဖြစ်​ရပ်​က​တော့ အ​မေရိကန်​ပြည်​၊ အရီဇိုးနားပြည်​နယ်​ က အပိုလိုအထက်​တန်း​ကျောင်း​ရှေ့ကြုံခဲ့ရတာပါ။

ဒီဖြစ်​ရပ်​ဟာ လူမှုကွန်​ယက်​​ပေါ်မှာပါ တမဟုတ်​ချင်း ပျံ့နှံ့သွားတဲ့အခါ သူဟာ လူအများရဲ့​ဝေဖန်​ရှုတ်​ခတ်​ခြင်းနဲ့အတူ ​ပြောဆိုမှုများစွာကိုကြုံ​တွေ့ခဲ့ရ​ကြောင်း Elitereaders သတင်းက​ဖော်​ပြမှုမှာ​တွေ့ခဲ့ရပါတယ်​။

သူဟာ အဲ့ဒီ အထက်​တန်း​ကျောင်း​ရှေ့မှာ “မင်းတို့​အမျိုးသမီး​တွေဟာ မုဒိမ်းကျင့်​ခံသင့်​တဲ့သူ​တွေဖြစ်​တယ်​” လို့ အဓိပ္ပါယ်​ရတဲ့ စာသား ဆိုင်းဘုတ်​ကို ကိုင်​​ဆောင်​ကာ အမုန်းစကားကို​ပြောဆို​နေခဲ့တာပါ။ သူ့ရဲ့ဒီလုပ်​ရပ်​ဟာ မုဒိမ်းကျင့်​ခံရတဲ့အမျိုးသမီး​တွေ၊ မုဒိမ်းမှုရဲ့သား​ကောင်​ဖြစ်​ခဲ့ရတဲ့မိန်းမငယ်​​လေး​တွေနဲ့ သက်​ငယ်​က​လေး​တွေကို ​စော်​ကားခဲ့တဲ့ အပြုအမူအဖြစ်​ သူဟာ ကြီးစွာအရှက်​ရှဖွယ်​ရာလုပ်​ရပ်​ကိုလုပ်​ခဲ့တာဖြစ်​​ကြောင်း လူ​တွေကသတ်​မှတ်​ခဲ့ကြတယ်​လို့ သိရပါတယ်​။

သူဟာ အသက်​ ၁၉ နှစ်​အရွယ်​အမျိုးသမီးတဦးရဲ့ ​ဘေ့စ်​​ဘော ​ဘောလုံးနဲ့ပစ်​​ပေါက်​ခြင်းကိုခံလိုက်​ရပြီး အဲ့ဒီ ​ဘောလုံးဟာသူ့ရဲ့​ခေါင်းကိုပြင်းစွာထိမှန်​သွားခဲ့တယ်​လို့ ​ဖော်​ပြချက်​​တွေအရသိရပါတယ်​။ ဒီဖြစ်​ရပ်​ရဲ့​နောက်​ဆက်​တွဲအ​နေနဲ့ ​ဘောလုံးနဲ့ပစ်​​ပေါက်​တဲ့အမျိုးသမီးကို ရဲကအ​ရေးယူခဲ့တာဟာ လူအများအံ့အားသင့်​ဖွယ်​ရာဖြစ်​ခဲ့သလို လူ​တွေရဲ့အင်​နဲ့အားနဲ့ တရားမျှတမှု​တောင်းဆိုခြင်း၊ မတရားဖမ်းဆီးခံရခြင်းကို ဝန်းရံ​ဆန့်ကျင်​ခဲ့ခြင်း​ကြောင့်​ အမျိုးသမီးဟာ​ထောင်​က​နေပြန်​လည်​လွတ်​​မြောက်​လာခဲ့တယ်​လို့သိရပါတယ်​​။

EFIL-ApannPyay(အပန်းပြေ)