အဆီများတဲ့ လမုန့်​ကို ​နေ့တိုင်းစားတဲ့ ​ကျောက်​ကပ်​​ရောဂါသည်​ရဲ့ ​သွေးက နို့နှစ်​​ရောင်​​ပြောင်းလဲသွားခဲ့

142

Bastile Post သတင်းဝက်​ဘ်​ဆိုက်​ရဲ့အဆိုအရ တရုတ်​ပြည်​က ဝမ်​ဆိုသူ သက်​လတ်​ပိုင်းအမျိုးသားတစ်ဦးဟာ တရုတ်​ပြည်​ရဲ့ရိုးရာဓ​လေ့မှာ အရမ်းနာမည်​ကြီးတဲ့ လမုန့်​​တွေကို ​နေ့စဉ်​အ​မြောက်​အမြား စားသုံးပြီး​နောက်​မှာ​တော့ သူရဲ့​သွေး​သားထဲမှာ ​သွေးရဲ့အ​ရောင်​ဟာ နို့နှစ်​​ရောင်​​အဖြစ်​ ​ပြောင်းလဲသွားခဲ့တယ်​လို့ ​ဖော်​ပြသွားခဲ့တာကို​တွေ့ရပါတယ်​။

တကယ်​​တော့ တရုတ်ပြည်က ​ရိုးရာလမုန့်​ဟာ အဆီဓာတ်​များပြီး သကြားဓာတ်​ကဲလွန်းတာ​ကြောင့်​ ကျန်းမာ​ရေးအရ များများစား​ပေးဖို့လုံးဝသင့်​​တော်​ခြင်းမရှိဘူးလို့ ဆရာဝန်​​တွေကဆိုခဲ့တာပါ။ ဒါ့အပြင်​ အဲ့ဒီ အမျိုးသားမှာ​ကျောက်​ကပ်​​ရောဂါအခံရှိ​နေသလို ​ကျောက်​ကပ်​မှာလဲ အညစ်​အ​ကြေးနဲ့​ရေပိုများစွာစုပုံ​နေပြီး ​ကျောက်​ကပ်​မှာ မှာပြသနာများစွာရှိ​နေသူလဲဖြစ်​​ကြောင်း Bastile Post ရဲ့​ဖော်​ပြချက်​အရ သိရှိခဲ့ရပါတယ်​။

သူ့ရဲ့အဆိုအရ သူတို့အိမ်​မှာ လမုန့်​​တွေအ​မြောက်​အမြားရှိ​နေတယ်​လို့သိရှိရပြီး မုန့်​​တွေ အလဟာသဖြစ်​သွားမှာစိုးလို့ သူဟာ တစ်​​နေ့ကို အနည်းဆုံး လမုန့်​​လေးခုနှုန်းနဲ့ ​လေးလဆက်​တိုက်​စားသုံးခဲ့တာဖြစ်​​ကြောင်း ဝန်​ခံခဲ့တာကို ​ဖော်​ပြချက်​အရသိရှိခဲ့ရပါတယ်​။

တစ်ရက်​မှာ​တော့ သူဟာ​ကျောက်​ကပ်​​ဆေးဖို့လိုအပ်​တာ​ကြောင့်​ ​ဆေးခန်းပြခဲ့ပြီး ​ဆေးစစ်​ဖို့အတွက်​ သူ့ရဲ့​သွေးကို​ဖောက်​လိုက်​တဲ့အချိန်​မှာပဲ မျက်​လုံးပြူးစရာကိစ္စတခုကို ကြုံ​တွေ့ခဲ့ရပါတယ်​။ အဲ့ဒါက​တော့ သူ့ရဲ့​သွေးဟာအလွန်​အမင်းပျစ်​ခဲ​နေပြီး ​နောက်​ကျိ​နေတဲ့အပြင်​ ​သွေးတချို့ဟာ နို့နှစ်​​ရောင်​အတိ​ပြောင်းလဲ​နေတာဖြစ်​တယ်​လို့ သိရပါတယ်​။

သွေးစစ်​ချက်​အရ သူ့ရဲ့​သွေးထဲမှာသာမန်​လူတ​ယောက်​မှာရှိသင့်​ရှိထိုက်​တဲ့ triglycerides အဆီဓာတ်​ပမာဏထက်​ ၁၀ ဆ တိတိ ပိုများ​နေ​ကြောင်း​တွေ့ရှိခဲ့တာဖြစ်​ပါတယ်​။ ကံ​ကောင်း​ထောက်​မစွာနဲ့ သူဟာကုသမှုကိုထိထိ​ရောက်​​ရောက်​ခံယူပြီး​နောက်​မှာ​တော့ ကျန်းမာ​ရေးပြန်​လည်​​ကောင်းမွန်​လာတယ်​လို့သိရပြီး အခုချိန်​မှာ​တော့သူဟာလမုန့်​ကိုလုံးဝမစား​တော့ပါဘူး။

EFIL-ApannPyay(အပန်းပြေ)