နှစ်ပင်လိမ် (အနီ / အနက်) ဝါယာကြိုးပြုပြင်ရာမှ ဓာတ်လိုက်သေဆုံး

44

တောင်ငူခရိုင် ၊အုတ်တွင်းမြို့နယ် ၊ ကျွဲပွဲမြို့တွင် အမျိုးသမီးတစ်ဦး နှစ်ပင်လိမ် အနီ / အနက် ဝါယာကြိုးအားပြုပြင်စဉ် လျှပ်စစ်စီး၍ ဓာတ်လိုက်ကာသေဆုးံ သွားသည့်ဖြစ်စဉ် တစ်ခု စက်တင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရပါတယ် ။

သေဆုးံသူ ဒေါ်မြဝင်း (၅၆) နှစ်၊ (ဘ) ဦးသိန်းမောင် ၊ အမှတ် (၄) ရပ်ကွက် ၊ကျွဲပွဲမြို့ နေသူသည် စက်တင်ဘာလ ၁၀ ရက် မနက် ၇ နာရီအချိန်ခန့်က နေအိမ်နှင့် ပေ (၂၀)ခန့်ဝေးသော ဈေးဆိုင်သို့ ဆင့်ပွားသွယ်တန်းထားသော အဆက်များပါသည့် နှစ်ပင်လိမ် (အနီ/ အနက်) ဝါယာကြိုးပေါက်နေသည်ကို ပြုပြင်နေစဉ် လျှပ်စစ်ဓာတ်လိုက် သေဆုံးခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရသိရပါတယ်။

“ဓာတ်လိုက်သည်ကို သိသိချင်း မိသားစု ဝင်တွေဟာ ကျွဲပွဲမြို့ တိုက်နယ် ဆေးရုံသို့ အမြန်ခေါ် ဆောင်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်မြဝင်း ဟာ ဆေးရုံရောက်ပြီး သေဆုံးသွားခဲ့ပါတယ်၊ ကျွန်တော်တို့ကိုလဲ ကျွဲပွဲ တိုက်နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်ဖြိုပိုင်မှ ဖုန်းဆက် အကြောင်းကြားလာလို့ ယခုလို သွားရောက် စစ်ဆေးခဲ့တာပါ ” ဟု ကျွဲပွဲ နယ်မြေ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အလင်းမြေ သို့ပြောပါတယ်။

အဆိုပါ သေဆုံးမှုနှင့် ပတ်သက်ပြီး ဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ် / မဟုတ် ကျွဲပွဲမြို့ နယ်မြေ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၄ / ၂၀၁၉) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်ထားကြောင်း သိရပါတယ်။

ကေတု(ကိုနေ)

#AlinnMyay(အလင်းမြေ)