အိပ်​ရာထဲမှာ အကြာကြီးစွမ်း​ဆောင်​နိုင်​ဖို့ ကိုယ့်​ကျင်​ငယ်​ရည်​ကိုယ်​​ပြန်ေ​သာက်​တယ်​ဆိုတဲ့ ​ယောဂဆရာ

29

အင်္ဂလန်​က ​မြောက်​လန်​ဒန်​မှာ ​နေထိုင်​တဲ့ အသက်​ ၄၁ နှစ်​အရွယ်​ ​ယောဂဆရာတဦးဟာ ထူးထူးဆန်းဆန်း အယူအဆတခုကို ကိုင်​စွဲထားသူဖြစ်​ပါတယ်​။ ဒီသတင်းကို​တော့ Elitereaders သတင်းဝက်​ဘ်​ဆိုက်​က​ဖော်​ပြသွားခဲ့တာပါ။

သူဟာ အိပ်​ရာ​ပေါ်ကကိစ္စကို ဘယ်​​လောက်​ထိစွမ်း​ဆောင်​ပြမယ်​လို့ အံကြိတ်​ရည်​ရွယ်​ထားတယ် မသိပါဘူး။ အိပ်​ရာ​ပေါ်မှာ ချစ်​တင်း​နှောတိုင်း အမြဲတမ်းအမိုက်​စား​တွေဖန်​တီးဖို့အတွက်​ ကြံစည်​​နေသူဆိုလည်း မမှားပါဘူး။

Elitereaders ရဲ့ ​ဖော်​ပြချက်​အရ သူဟာ အိပ်​ရာ​ပေါ်ကအစွမ်း​တွေ မိုးပျံ​အောင်​ထက်​​မြက်​​နေဖို့အတွက်​ ကိုယ့်​ကျင်​ငယ်​ရည်​ကို ကိုယ်​ပြန်​​သောက်​သုံး​နေသူဖြစ်​တယ်​လို့ အံ့အားသင့်​ဖွယ်​ရာ သိရှိခဲ့ရတာက ခပ်​​ကြောင်​​ကြောင်​ နိုင်​လွန်းတယ်​ထင်​စရာရှိ​ပေမဲ့ သူက ဒီအ​ပေါ်မှာ အ​တော်​​လေးယုံကြည်​မှုပြင်းထန်​စွာရှိ​နေတာပါ။

” အရင်​တုန်းကဆို ကျွန်​​တော်​က ခဏခဏ မူး​ဝေပြီးအားအင်​ကုန်​ခမ်း​နေတတ်​ပါတယ်​။ အသက်​ ၂၂ နှစ်​ကစပြီး ကိုယ့်​ကျင်​ငယ်​ရည်​ကိုယ်​ပြန်​​သောက်​ခဲ့တယ်​။ အဲ့ဒီအချိန်​ကစလို့ ကိုယ့်​ကိုယ်​ကိုယ်​ပြန်​ပြီးငယ်​သွားပြီးနုပျိုသွားတယ်​လို့ ခံစားခဲ့ရတယ်​။ ”

” လိင်​စိတ်​ကိုပိုပြီးပြင်းထန်​လာ​စေတယ်​။ အိပ်​ရာ​ပေါ်မှာလည်း အကြာကြီးစွမ်း​ဆောင်​တယ်​ဗျ။ စူပါမန်းလိုကိုခံစားသွား​စေရမယ်​ “လို့ သူကဖွင့်​ဟသွားခဲ့တာကို Elitereaders သတင်းမှာ ​တွေ့ခဲ့ရတာပါ။

ဒါ့အပြင်​ သူဟာ ဒီအ​လေ့အကျင့်​​ကြောင့်​ပဲ အ​အေးမိဖျားနာခြင်းကို မခံစားရ​တော့တာ နှစ်​ ၂၀ ​လောက်​ရှိခဲ့ပြီဖြစ်​​ကြောင်း ​ပြောပြသွားခဲ့ပါ​သေးတယ်​။

” ကျင်​ငယ်​ရည်​ကို နှာ​ခေါင်းက​နေတဆင့်​​သောက်​​ပေးမယ်​ဆိုရင်​ ခင်​ဗျားအ​အေးမိဖို့ဆိုတာမဖြစ်​နိုင်​​တော့ပါဘူး။ ” လို့ သူကဆိုခဲ့​သေးပြီး သူနဲ့အခုလို ကျင်​ငယ်​ရည်​အတူ​သောက်​တဲ့ ဝါသနာတူသူငယ်​ချင်း​တွေလည်းရှိ​သေး​ကြောင်းသိရတာပါ။ သူဟာ ကမ္ဘာအရပ်​ရပ်​မှာ ကျင်​ငယ်​ရည်​​သောက်​တတ်​တဲ့သူ လူ ၁၀၀ ​ကျော်​​လောက်​နဲ့လည်း​တွေ့ဆုံခဲ့ဖူး​ကြောင်း သိရပါတယ်​။

EFIL-ApannPyay(အပန်းပြေ)