ဇနီးမောင်နှံနှစ်ယောက်လုံး ခြောက်နေတဲ့အတွက် ကွာရှင်းလိုက်ရတဲ့အဖြစ်

277

ရယ်ရမလို ငိုရမလိုဆိုတာ အပန်းပြေပရိသတ်ကြီးအတွက်ဖော်ပြပေးမယ့်သတင်းကို ပြောတာဆိုရင်မှားမယ်မထင်ပါဘူး။ အင်္ဂလန်နိုင်ငံမှာရှိတဲ့ လက်ထပ်ပြီးစလင်မယား၂ယောက်ဟာ လင်မယား၂ယောက်လုံး လိင်တူချင်းကိုသာစိတ်ဝင်စားကြောင်း သိလိုက်ရပြီးကွာရှင်းခဲ့ကြကြောင်းကို APANNPYAY မှဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။

လက်ထပ်ပြီးတစ်နှစ်ကြာမှ ကိုယ့်ရဲ့ လိင်စိတ်ဝင်စားမှုကိုသိခဲ့ကြတဲ့ သူတို့နှစ်ယောက်ရဲ့အဖြစ်ဟာ ငိုရခက် ရယ်ရခက်ပါပဲ။ Mirror websiteရဲ့ဖော်ပြချက်အရ ယောင်္ကျားဖြစ်သူကလည်း သူဟာ အမျိုးသားတွေကိုသာစိတ်ဝင်စားကြောင်းနဲ့ မိန်းမဖြစ်သူကလည်းသူမဟာ အမျိုးသမီးတွေကိုသာကြိုက်နှစ်သက်ကြောင်း လူသိရှင်ကြားကြေညာခဲ့ပြီး နှစ်ယောက်လုံးပျော်ပျော်ရွှင်ရွှင်နဲ့ကွာရှင်းခဲ့ကြပါတယ်။

Mirror websiteရဲ့ဖော်ပြချက်အရ ကွာရှင်းပြီးတဲ့နောက်ပိုင်းမှာလည်း သူငယ်ချင်းတွေဖြစ်နေသေးတဲ့သူတို့ဟာ အခုထိ ပြသနာတွေ စိတ်ညစ်စရာတွေရှိလာရင် တစ်ယောက်ကိုတစ်ယောက်တိုင်ပင်ဆွေးနွေးနေကြတုန်းလို့ဆိုပါတယ်။ တခါတလေတော့လည်း သူတို့ရဲ့အချစ်သစ်ကိုယ်စီနဲ့ ၄ယောက်ပေါင်းကာ လျှောက်လည်ကြပါသေးတယ်လို့ သိရပါတယ်။

တယ်။ အဲ့တာအပြင် နောက်ပိုင်းထပ်ပြီး အချစ်သစ်တွေနဲ့လက်ထပ်ဖြစ်မယ်ဆိုရင် မင်္ဂလာဆောင်တစ်ခုထဲမှာ စုံတွဲ၂တွဲပေါင်းကာ ပြိုင်တူလက်ထပ်ချင်ကြောင်း မီဒီယာတွေကို သူတို့ကပြောခဲ့ပါသေးတယ်။ ဒီဖြစ်ရပ်လေိးကု ဘယ်လိုမြင်လည်းဆိုတာ APANNPYAY ပရိတ်သတ်ကြီးက ပြောခဲ့ပါဦးနော်

Yenin Phawah-ApannPyay(အပန်းပြေ)