ပျော်ရွှင်မှုတစ်မျိုး ခံစားချင်လို့ လင်းချင်း မယားချင်း လဲလိုက်ကြတဲ့ စုံတွဲ နှစ်တွဲ

141

ကင်​ညာနိုင်​ငံက Busia စီရင်​စုမှာ​နေထိုင်​တဲ့ အိမ်​ရှင်​မနှစ်​ဦးရဲ့အ​ကြောင်းဟာ လူမှုပတ်​ဝန်းကျင်​မှာ အကြီးအကျယ်​မျက်​လုံးပြူးသွား​စေတဲ့ ထူးထူးဆန်းဆန်း သတင်းတခုအဖြစ်​ထွက်​​ပေါ်လာခဲ့ပါတယ်​။

ဒီသတင်းကို tuko သတင်းဝက်​ဘ်​ဆိုက်​က​နေ ​ဖော်​ပြသွားခဲ့တာဖြစ်​ပြီး ApannPyay မှ ဘာသာပြန်ရေးသား တင်ပြခြင်းဖြစ်ပါတယ်​။

ကင်​ညာနိုင်​ငံက က​လေးသုံး​ယောက်​မိခင်​ အသက်​ ၂၈ အရွယ်​လီလီယန်​ နဲ့ က​လေးနှစ်​​ယောက်​မိခင်​ အသက်​ ၂၉ နှစ်​အရွယ်​ မီလီဆန့်​တို့ဟာ အချင်းချင်း အံ့သြစရာလက်​စား​ချေမှုကို ပြုလုပ်​ခဲ့ကြတာပါ။

အဲ့ဒါက​တော့ သူတို့ရဲ့ခင်​ပွန်းသည်​​ချင်း လဲပြီး ​ပေါင်းသင်း​နေထိုင်​သွားခဲ့ကြတာဖြစ်​ပါတယ်​။ ဒီဇာတ်​လမ်းကိုစတင်​ခဲ့သူက လီလီယန်​ရဲ့ခင်​ပွန်းသည်​ ကယ်​ဗင်​ပါ။

ကယ်​ဗင်​ဟာ မီလီဆန့်​ကိုလက်​ထပ်​သွားခဲ့တာဖြစ်​ပြီး ဒုတိယဇနီးအဖြစ်​​ ​ပေါင်းသင်း​နေထိုင်​သွားခဲ့တာ​ကြောင့်​ စိတ်​နာကျင်စရာခံစားခဲ့ရတဲ့ လီလီယန်​ဟာ ဒီကိစ္စကိုလက်​တုံပြန်​ပြီး ပြန်လည်​​လက်​စား​ချေဖို့ မီလီဆန့်​ရဲ့ခင်​ပွန်းသည်​ဖြစ်​တဲ့ ခရစ္စတိုဖာကို သူနဲ့လက်​ထပ်​ယူဖို့ သွား​ရောက်​ညှိနှိုင်းခဲ့တာပါ။

ခရစ္စတိုဖာကလည်း လီလီယန်​ရဲ့ကမ်းလှမ်းမှုကို အံ့အားသင့်​ဖွယ်​ရာလက်​ခံခဲ့ပြီး လီလီယန်​နဲ့လက်​ထပ်​ပြီး​ပေါင်းသင်း​နေထိုင်​ခဲ့တယ်​လို့ Tuko သတင်းဝက်​ဘ်​ဆိုက်​ရဲ့​ဖော်​ပြချက်​အရသိရှိခဲ့ရပါတယ်​​။

တကယ်​​တော့ ခရစ္စတိုဖာဟာလည်း မီလီဆန့်​ရဲ့ စွန့်​ခွာထားရစ်​ခဲ့ခြင်းကိုခံခဲ့ရတာ​ကြောင့်​ စိတ်​ဒဏ်​ရာကိုခံစား​နေရတာ​ဖြစ်​ပြီး သူတို့မကွာရှင်းရ​သေးခင်​မှာ မီလီဆန့်​​နောက်​အိမ်​​ထောင်​ပြုသွားတာကို ကြီးစွာစိတ်​နာ​နေခဲ့တာဖြစ်​တယ်​လို့ သိရပါတယ်​။

ဒီဖြစ်​ရပ်​ဟာ အွန်​လိုင်းနဲ့ သတင်းမီဒီယာ ​တွေမှာ ​ခေါင်းစီးသတင်းအဖြစ်​ နာမည်​ကြီးသွားခဲ့ပြီး လက်​ရှိမှာ​ကျော်​ကြား​နေတဲ့ စုံတွဲနှစ်​တွဲအဖြစ်​ လူစိတ်​ဝင်​စားမှုမြင့်​တက်​သွား​စေခဲ့တာပါ။ ဒီအဖြစ်​အပျက်​ကို သူတို့​လေးဦးစလုံးက ကြည်​ကြည်​ဖြူဖြူလက်​ခံခဲ့ကြပြီး ​ပျော်​ရွှင်​​အေးချမ်းစွာ​ပေါင်းသင်း​နေထိုင်​​နေကြတယ်​လို့လည်းသိရှိရတာပါ ApannPyay ပရိသတ်ကြီးတို့​ရေ။

EFIL-APANNPYAY