ကလေး (၃)ယောက် မိုက်ဆာနေတာ မကြည့်ရက်လို့ စီစီတီဗွီ ရှိမှန်းသိသိနဲ့ အမိခံပြီး ဝင်ခိုးတဲ့မိခင်

50

ယောက်ျားပစ်သွားတာခံရပြီး ၀င်ငွေမရှိတဲ့ မိန်းမတစ်ယောကအတွက်တော့ ကလေးသုံးယောက်ကို စောင့်ရှောက်နေဖို့ ဆိုတာ မလွယ်ကူပါဘူး။ အစိုးရထောက်ပံ့ထားတဲ့ ငွေကြေးလေးနဲ့ရပ်တည်နေရတဲ့အပြင် ပညာရေး၊ စားသောက်ရေးတွေကိုပါ တာဝန်ယူထားရချိန်မှာတော့ ကြပ်တည်းတဲ့ ကာလတစ်ခုကိုရောက်လာခဲ့ပပြီ။

ကလေးသုံးယောက်က (၄၊ ၆၊ ၁၀) အသီးသီးနဲ့ ငယ်လွန်းနေတဲ့အချိန် တစ်ရက်မှာတော့ ပိုက်ဆံမရှိတော့တဲ့ အချိန်တစ်ခုက ကြုံလာပါတယ်။ ဗိုက်ဆာလွန်းတဲ့ ကလေးတွေကို ကြည့်ပြီး၊ စိတ်မကောင်းဖြစ်နေတဲ့ အမေတစ်ယောက်အနေနဲ့ ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာချလိုက်ပြီး၊ သူမနေတဲ့ အိမ်အနီးက Bandar Iskandar ၀န်းထဲက ဈေးဝယ်စင်တာကို သွားခဲ့ပါတယ်။

ပိုက်ဆံမရှိတဲ့ မိန်းမသားတစ်ယောက်အနေနဲ့ ကုန်တိုက်မှာ စီစီတီဗွီတပ်ထားတာကို မြင်ပေမဲ့ မမြင်ချင်ယောင်ဆောင်လိုက်ပြီး၊ အိမ်ကကလေးတွေ တစ်နေ့စာ စားလို့ရမယ့် ချက်ပြုတ်စရာ ပမာဏနည်းနည်းလေးကို ၀င်ခိုးခဲ့ပါတော့တယ်။ အိမ်ကိုရောက်လာချိန်မှာ ကံဆိုးမသွားလေရာ မိုးလိုက်လို့ ရွာဆိုသလိုပါပဲ။ လုံခြုံရေးစနစ်က မြင်ခဲ့ပြီး၊ ရဲကိုကြိုတိုင်ထားတဲ့အတွက် ချက်ချင်းဆိုသလို

မှတ်တမ်း

အိမ်ကိုလာဖမ်းပါတော့တယ်။ ကလေးတွေကိုတောင် ချက်ကျွေးချိန်မရလိုက်တဲ့အကြောင်းကို ဆိုရှယ်မီဒီယာ တက်ကြွလှုပ်ရှားသူ Rohaidatul Asma Jusoh က သတင်းအစအနရခဲ့ချိန်မှာ ရဲစခန်းကိုကိုယ်တိုင်ကိုယ်က လိုက်မေးခဲ့ပါတယ်။ အမျိုးသမီးက သူ့ကလေးတွေအတွက် ပိုက်ဆံတပြားမှမရှိလို့ အစားအစာအတွက် သိသိကြီးနဲ့ကို ၀င်ခိုးခဲ့တာလို့ ၀န်ခံခဲ့ပါတယ်။

ကုန်တိုက်ကတော့ လက်မခံပါဘူး။ ပုဒ်မတပ်ပြီး၊ တရားပါထပ်စွဲထားတာကို မူရင်း Sinar Harian သတင်းစာမှာ ဖော်ပြထားတာကို APANNPYAY အနေနဲ့ စိတ်မကောင်းစွာ တွေ့ရပါတယ်။ အရင်က ပြစ်မှုဟောင်းမရှိခဲ့တအတွက် အာမခံတော့ ရထားပြီး၊ အိမ်ကိုပြန်လာခွင့်တော့ရထားပါတယ်။ သူမကို ဖမ်းသွားတဲ့ညက ကလေးတွေကို အိမ်နီးနားချင်းတွေက မရှိရှိတာကျွေးပြီး

ခိုးခဲ့သော ပစ္စည်း

စောင့်ရှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အမျိုးသမီးကို ဆိုရှယ်မီဒီယာကနေတဆင့် ၀ိုင်းဝန်းကူညီနေပြီး၊ ထောင်မကျခံရဖို့ကို အရင်ဆုံးလှုပ်ရှားနေတယ်လို့ သိရပါတယ်။ အကယ်လို့ ထောင်ကျခဲ့ရင် ကလေးတွေက စောင့်ရှောက်သူလိုအပ်သွားမှာဖြစ်လို့ လိုအပ်တဲ့အကူအညီကို ၀ိုင်းပေးနေတာပါ။ ကုန်တိုက်ကို ပစ္စည်းဖိုး၊ လျော်ကြေးအကုန်ပေးချေခဲ့ပေမဲ့လက်မခံခဲ့ဘဲ တရားစွဲထားတုန်းပါပဲ။ အမျိုးသမီးရဲ့လက်ရှိအိမ်စရိတ်ကိုတော့ အများက ၀ိုင်းထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။

သူရေး (APANNPYAY)