တစ်ဦးတည်း​သောသားအရင်းက မိဘ​တွေကိုသတ်​ပြီး အိမ်​ကိုမီးရှို့ အ​လောင်း​ဖျောက်​​ခဲ့တဲ့ဖြစ်​ရပ်

185

လူ​တွေရဲ့စိတ္တဇဟာ အ​တော်​​လေးရှင်းပြရခက်​ပါတယ်​။ ပင်​ကိုယ်​စိတ္တဇ​ဝေဒနာရှင်​​တွေအတွက်​​တော့ ပတ်​ဝန်းကျင်​ကိုအထိအခိုက်​မဖြစ်​​စေဖို့ အထူးဂရုစိုက်​ရမှာဖြစ်​ပြီး ထိ​ရောက်​တဲ့ကုသမှုကိုခံယူ​ပေးဖို့လိုအပ်​ပါတယ်​။ စိတ္တဇ​ဝေဒနာရှိလာရင်​ မိမိလုပ်​ရပ်​​တွေအ​ပေါ် အ​တော်​​လေးထိန်းချုပ်​ဖို့ခက်​တာလဲအမှန်​ပါပဲ​။

အခုဖြစ်​ရပ်​က​တော့ စိတ်​နှလုံးထိခိုက်​စရာ​ကောင်းလွန်းခဲ့ပြီး လူတစ်​ယောက်​ရဲ့ပုံမှန်​အသိစိတ်​နဲ့ လုပ်​နိုင်​ဖွယ်​ရာကိစ္စမဟုတ်​ဘူးလို့ဆိုရမှာပါ။

မ​လေးရှားနိုင်​ငံ၊ Nilai မြို့မှာ တစ်ဦးတည်း​သောသားက မိဘ​တွေကိုသတ်​ပြီး အိမ်​ကိုပါမီးရှို့ခဲ့တဲ့ အမှုဖြစ်​ပွားခဲ့ပြီး ကြားရနားဝမသက်​သာဖြစ်​​စေခဲ့ပါတယ်​။

ဒီသတင်းကို World of Buzz သတင်းဝက်​ဘ်​ဆိုက်​က​နေ ​ဖော်​ပြသွားခဲ့တာဖြစ်​ပြီး APANNPYAY မှ ဘာသာပြန်ရေးသား တင်ပြခြင်းဖြစ်ပါတယ်​။

Nilai မြို့က နှစ်​ထပ်​အိမ်​တစ်လုံးမှာ​နေထိုင်​တဲ့ သက်​ကြီးရွယ်​အို တရုတ်​လူမျိုး အဖိုးအဖွားလင်​မယားဟာ သူတို့ရဲ့တစ်ဦးတည်း​သောသားဖြစ်သူ​ရဲ့ ဓားနဲ့ထိုးသတ်​ခြင်းကိုခံခဲ့ရပြီး ဒီ​နောက်​ကွယ်​ကအ​ကြောင်းအရင်း တစုံတရာကို​တော့ မသိရှိရ​သေးပါဘူး။

အဖွားအိုဟာ စာသင်​တဲ့ဆရာမဖြစ်​တယ်​လို့သိရပြီး အဖိုးအိုက​တော့ အငြိမ်းစားအင်​ဂျင်​နီယာ​တ​ယောက်​ဖြစ်​​ကြောင်း World of Buzz မှာ​ဖော်​ပြထားခဲ့ပါတယ်​။

သားဖြစ်​သူဟာ မိဘ​တွေကို ​နေအိမ်အတွင်း ​​သတ်​ဖြတ်​ပစ်​ရုံသာမက သဲလွန်​စမကျန်​ရ​အောင်​ အ​လောင်း​တွေကို အိမ်​ထဲမှာထားရှိပြီး အိမ်​ကိုပါ မီးရှို့ဖျက်​ဆီးခဲ့တာဖြစ်​ပါတယ်​။ အခင်းဖြစ်​ပွားရာ​နေရာကို အ​ရေး​ပေါ် မီးသတ်​အဖွဲ့က အချိန်​မီ​ရောက်​လာလို့ အိမ်​တွင်းမှာ ဓားဒဏ်​ရာနဲ့ ​သေဆုံး​နေတဲ့ လူ​သေ​လောင်းနှစ်​​လောင်းကို ရှာ​တွေ့ခဲ့ကြတာဖြစ်​ပါတယ်​​။

အဖိုးအဖွားစုံတွဲရဲ့ဈာပနာပြီးဆုံးတဲ့အထိ သားဖြစ်​သူကို မ​တွေ့ရှိခဲ့ရတာ​ကြောင့်​ ရဲတပ်​ဖွဲ့ကသံသယဝင်​ပြီး သူ့ကို​ခြေရာခံစုံစမ်း​ဖော်​ထုတ်​နိုင်​ခဲ့တာ​ကြောင့်​ တရားခံသားဖြစ်​သူကို ဖမ်းဆီးရမိခဲ့တာဖြစ်​တယ်​လို့ သိရှိရပါတယ်​။

ApannPyay ချစ်​ပရိသတ်​ကြီးတို့အတွက် တုန်​လှုပ်​​ခြောက်​ခြား​စေတဲ့သတင်းဖြစ်​​ပေမဲ့ ပတ်​ဝန်းကျင်​ကဒီလိုအဖြစ်​အပျက်​​တွေကို ကြိုတင်​ခန့်​မှန်းသိရှိခဲ့ရင်​ တားဆီး​ပေးနိုင်​ဖို့လည်းဖြစ်​ပါတယ်​​။

EFIL-ApannPyay(အပန်းပြေ)