တကယ့်သစ်သီးတွေဟင်းသီးဟင်းရွက်တွေနဲ့တူတဲ့ အရုပ်တွေကိုရွံ့နဲ့ပြုလုပ်တဲ့အမျိုးသမီး

20

တရုတ်နိုင်ငံမှာနေထိုင်တဲ့အမျိုးသမီးတစ်ယောက်ဟာ တကယ့်သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေနဲ့တူတဲ့ အရုပ်တွေကို ရွံနဲ့ပြုလုပ်တဲ့အကြောင်းကို APANNPYAY မှ ဘာသာပြန်ရေးသားတင်ပြပေးလိုက်ပါတယ်။

South China Morning Postရဲ့ဖော်ပြချက်အရ တရုတ်နိုင်ငံမှာနေထိုင်တဲ့ Wang Yahui လို့အမည်ရတဲ့ အမျိုးသမီးဟာ သူမရဲ့သားကလေးကိုမွေးဖွားပြီးတဲ့နောက် သူမရဲ့အလုပ်ခွင်ထဲကိုအလုပ်ပြန်မလုပ်ရပဲ နားနေရတဲ့အချိန်မှာ ဝါသနာတစ်ခုဖြစ်လာအောင် ရွံ့စေးနဲ့ အရုပ်သေးသေးကလေးတွေပြုလုပ်ခဲ့တာပါ။ ပုံစံမျိုးစုံရှိတဲ့ပစ္စည်းတွေကို ရွံ့နဲ့ပြုလုပ်ပေမယ့် သူမအကျွမ်းကျင်ဆုံးကတော့ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေကိုပြုလုပ်ရတာပါပဲ။

South China Morning Postရဲ့ဖော်ပြချက်အရ သူမဟာ အရွယ်အစားအင်မတန်သေးငယ်တဲ့အရုပ်တွေကိုပြုလုပ်ရတာဖြစ်လို့ အင်မတန်လက်ဝင်တဲ့အလုပ်ဖြစ်ပေမယ့် ဝါသနာပါတဲ့အတွက်ပျော်တယ်လို့ ဆိုထားပါတယ်။ တကယ်တမ်းက ဟင်းသီးဟင်းရွက်ပုံစံကို ရွံ့စေးနဲ့ပုံဖော်ရတာအင်မတန်ခက်ခဲပေမယ့် သူမပြုလုပ်လိုက်တဲ့အရုပ်တွေဟာ တကယ့်အစစ်နဲ့ တူတာကြောင့် လူအများရဲ့ချီးကျူးတာကိုခံထားရပါတယ်။

သူမဟာ သူမဘယ်လောက်တိုးတက်လာတဟ်ဆိုတာသိချင်တဲ့အတွက် လူမှုကွန်ယက်ပေါ်မှာ Videoတွေကို ၂၀၁၈ခုနှစ်ကနေစပြီး တင်ခဲ့ရာကနေ လူသိများလာပြီး အခုအချိန်မှာ သူမကိုfollow လုပ်ထားသူပေါင်း ၇သိန်းကျော်ရှိနေပါပြီ။

APANNPYAY ပရိသတ်ကြီးတဲ့ အမြင်လေးတွေကိုလည်း မှတ်ချက်ရေးသား ခဲ့ပါဦးနော်..။

Yenin Phawah-ApannPyay(အပန်းပြေ)