သခင်ပြန်လာမယ်မျှော်လင့်ချက်ကို (၄)နှစ်ကျော်ကြာ ဇွဲမလျှော့ခဲ့တဲ့ခွေးလေးရဲ့ အိမ်အပြန်ခရီး

36

ဒီအဖြစ်အပျက်လေးကတော့ ခွေးလေးတွေဟာ သစ္စာရှိတယ်ဆိုတဲ့ စကားကို ထပ်ဆင့်သက်သေပြလိုက်တဲ့ အကြောင်းလေးပါ။ China Press သတင်းဌာနရဲ့ ဖော်ပြချက်ကို APANNPYAY က ပြန်လည်ဖော်ပြပေးမှာဖြစ်ပြီး၊ အနည်းငယ်တော့ ၀မ်းနည်းဖို့လည်း ကောင်းတယ်လို့ ဆိုရမှာပါပဲ။

ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြောင်းလေးရဲ့အစကတော့ လမ်းဘေးမှာ ခွေးလေးတစ်ကောင်ကို မစားရမသောက်ရဘဲ တွေ့တာက စပါတယ်။ ကိုယ်ခံအားနည်းနေသလို ပိန်ချုံးနေတဲ့ ခွေးလေးကို ဒီဇာတ်ကြောင်းကို ပြန်ပြောပြမယ့် အမျိုးသမီးကတွေ့ချိန်မှာ စွန့်ပစ်ခံရတယ်လို့ပဲထင်ပြီး၊ မွေးစားဖို့ ခေါ်လာပါတယ်။ ဆေးကု၊ အစာကျွေးကာ အိမ်မှာမွေးစားဖို့ကို မိသားစုကိုပါ

ပြောပြခဲ့ပါတယ်။ Leo လို နာမည်ပေးခဲ့တဲ့ ခွေးလေးက သူ့ရဲ့သခင်အသစ်ကို လက်မခံပါဘူး။ နေပြန်ကောင်းလာချိန်မှာ အိမ်ကလစ်ပြေးခဲ့ပြီး၊ နဂိုသူ့ကိုတွေ့ခဲ့တဲ့ လမ်းဆုံလေးကို ပြန်သွားပါတယ်။ မိသာစုတွေအကုန်လုံးက လိုက်ရှာချိန်မှာ စိတ်မကောင်းစွာနဲ့ပဲ သခင်ကိုမျှော်နေတာကိုတွေ့ရပါတယ်။ ဘယ်လိုခေါ်ခေါ်မလိုက်တဲ့အပြင် ခေါ်လို့ရတဲ့နေ့တိုင်းလည်း ပြန်လာပါတယ်။

မထူးတော့တဲ့အဆုံးမှာ သံယောဇဉ်မပြတ်နိုင်တဲ့ အမျိုးသမီးကနေ့တိုင်း ထမင်းလာကျွေးတဲ့အလုပ်ပိုလာပါတော့တယ်။ Leo ကလည်း သခင်ကိုစောင့်နေဆဲပါ။ လွန်ခဲ့တဲ့ (၄)နှစ်ကတည်းက မွေးလာခဲ့တဲ့ ခွေးလေးကို ပိုင်ရှင်နဲ့တွေ့ဖို့ အကြံရလာပါတယ်။ သူများတွေလုပ်သလို အွန်လိုင်းပေါ်တင်ပြီး၊ သခင်ရှာတာပါ။ အမျိုးသမီးက အဲဒီအကြံကိုရသွားခဲ့ကာ ပုံမှန်အတိုင်းပဲတင်ခဲ့ပါတယ်။

ဆိုရှယ်မီဒီယာရဲ့ကောင်းကျိုးတစ်ခုလို့ ဆိုရမယ့် အချက်ကတော့ ပျောက်သောသူရှာလျှင်တွေ့ပါပဲ။ သိပ်မကြာခင်အချိန်ပိုင်းအတွင်းမှာ လူတစ်ယောက်က ကိုယ်တိုင်ကိုယ်ကျလာကြည့်ခဲ့ပါတယ်။ သူ့တို့ခွေးလေး Bon Bon ဆိုတာရှိကြောင်း၊ တစ်ရက်မှာ ခရီးထွက်နေရင်းနဲ့ ကားကအရှိန်နဲ့ မောင်းနေတုန်းလမ်းမှာ ခုန်ချခဲ့တယ်လို့ ဆိုပါတယ်။ အားလုံးက သတိထားမိချိန်မှာ

နောက်ကြောင်းပြန်ပြီး၊ တစ်ပတ်တိတိ ပြန်ရှာခဲ့ပေမဲ့ အစအနမရတဲ့အဆုံးမှာ လက်လျှော့ပြန်ခဲံတယ်လို့ ဆိုပါတယ်။ တကယ်ပဲ လာကြည့ခဲ့ချိန်မှာတော့ ပိုင်ရှင်မှန်လို့ ပြန်တွေ့တယ်ပဲဆိုရမလား၊ သခင်အလာကို (၄)နှစ်လုံး ဇွဲမလျှော့ခဲ့တဲ့ Bon Bon ရဲ့လုပ်ရပ်ကြောင့်လား မသိပေမဲ့ အိမ်ကိုပြန်နိုင်ခဲ့ပါပြီ။ တကယ်ပဲ Bon Bon အစစ်ဖြစ်ပြီး၊ သူတို့ပျောက်သွားခဲ့တဲ့ ခွေးလေးပါပဲ။

ဒီအကြောင်းအရာအကုန်လုံးကို ထိုင်းအမျိုးသမီးက ဖြစ်စဉ်အစကနေ အဆုံးထိ ရှင်းပြခဲ့တဲ့အတွက် APANNPYAY ပရိသတ်တွေသိခဲ့ရပါပြီ။ တကယ်ပဲ လမ်းမထက်မှာ (၄)လုံးလုံးစောင့်နိုင်ခဲ့တဲ့ leo တဖြစ်လဲ Bon Bon ရဲ့ သစ္စာရှိမှုကို မချီးကျူးဘဲ မနေနိုင်ပါဘူး။ ဒါကလည်း သူ့သခင်ကစွန့်ပစ်ခဲ့တာမဟုတ်တာကို နားလည်လို့လည်း ဖြစ်သလို စောင့်ရှောက်ခဲ့တဲ့အမျိုးသမီးလို သူတော်ကောင်းနဲ့ တွေ့လို့လည်း ပြန်ဆုံနိုင်တာပါ။ ချစ်ရာပုံပြင်လေးပါပဲ။

သူရေး (APANNPYAY)