ခါးလှည့်ကွင်း ၅၉ခုကိုတပြိုင်တည်းလှည့်ကာ ဂင်းနစ်စံချိန်တင်ခဲ့တဲ့အမျိုးသမီး

194

Dunjaလို့အမည်ရတဲ့ ဂျာမန်ရုပ်ရှင်သရုပ်ဆောင် အမျိုးသမီးတစ်ဦးဟာ ခါးလှည့်ကွင်း ၅၉ခုကို တပြိုင်တည်းလှည့်ကာ ဂင်းနစ်စံချိန်တင်နိုင်ခဲ့တဲ့အကြောင်းကို APANNPYAY မှ ဘာသာပြန်ရေးသားတင်ပြပေးလိုက်ပါတယ်။

The sun websiteရဲ့ဖော်ပြချက်အရ သူမနဲ့အတူ အခြားသောစံချိန်ချိုးနိုင်ခဲ့သူတွေလည်းရှိခဲ့ကာ အဲ့ဒီအထဲမှာ လေယာဉ်ပေါ်ကနေခုန်ချကာ လေထဲမှာ မျက်လှည့် ၁၁ကွက်ကို ပြသနိုင်ခဲ့တဲ့ မျက်လှည့်ပညာရှင်၊ ၁၇ပေကျယ်တဲ့ ခါးလှည့်ကွင်းကို လှည့်နိုင်ခဲ့တဲ့ အသက်၄၂နှစ်အရွယ်အမျိုးသမီး၊

ထင်းရူးသစ်သားအချပ် ၅၀၀ကို တစ်မိနစ်အတွင်း လက်ဗလာနဲ့ ခွဲနိုင်ခဲ့တဲ့ စုံတွဲတို့ပါဝင်ပါတယ်။ ဒီစံချိန်တင်ခဲ့သူတွေအကုန်လုံးဟာ လာမည့် ၂၀၂၀ရဲ့ ဂင်းနစ်စံချိန်မှတ်တမ်းစာအုပ်မှာ ပါဝင်သွားမှာပါ။

The sun websiteရဲ့ဖော်ပြချက်အရ ခါးလှည့်ကွင်း ၅၉ခုကို တပြိုင်တည်း မတူညီတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေပေါ်မှာ လှည့်ကာစံချိန်တင်နိုင်ခဲ့တဲ့အမျိုးသမီးဟာ ကမ္ဘာအနှံ့အပြားမှာ လှည့်လည်ပြီးဖျော်ဖြေနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ တဖက်မှာ သရုပ်ဆောင်အလုပ်ကို ဂျာမာန်နိုင်ငံမှာလုပ်ကိုင်နေပြီး

သူမရဲ့ပျော်ပျော်နေတတ်တဲ့ အကျင့်စရိုက်နဲ့ ပြုံးရွှင်နေတဲ့မျက်နှာကြောင့် လက်ရှိဂင်းနစ်စံချိန်တင်ခဲ့တဲ့သူတွေထဲမှာနာမည်အကြီးဆုံးဖြစ်ပါတယ်။ APANNPYAY ပရိသတ်ကြီးတဲ့ အမြင်လေးတွေကိုလည်း မှတ်ချက်ရေးသား ခဲ့ပါဦးနော်..။

Yenin Phawah-APANNPYAY