ပြတ်သွားတဲ့ရည်းစားဟောင်းကို လက်စားချေဖို့အကြံကြီးခဲ့သူလေး

33

ပြတ်သွားတဲ့ ချစ်သူဟောင်းကို လက်စားချေဖို့အတွက် အသက် ၁၈နှစ်အရွယ်ပဲရှိသေးတဲ့ မိန်းကလေးရဲ့အကြံကြီးခဲ့ပုံအကြောင်းကို APANNPYAY မှ ဘာသာပြန်ရေးသားတင်ပြပေးလိုက်ပါတယ်။

The sun websiteရဲ့ဖော်ပြချက်အရ အသက်၁၈နှစ်အရွယ် Clariceလို့အမည်ရတဲ့ မိန်ူကလေးတစ်ယောက်ဟာ လူမှုကွန်ယက်ပေါ်မှာ သူမကို တစ်စုံတစ်ယောက်အြကောင့်အတုနဲ့ ခြိမ်းခြောက်စာတွေကို ပို့နေတယ်ဆိုပြီး ရဲတွေကိုအကြောင်းကြားခဲ့တာပါ။ တရက်ထဲမှာတင် သူမနဲ့သူမရဲ့မိသားစုတွေကို အန္တရာယ်ပြုမယ်ဆိုပြီး စာအစောင်၁၀၀တိတိ လူမှုကွန်ယက်ကနေပို့နေကြောင်းရဲတွေကိုတိုင်ကြားခဲ့ပြီး သူမအိမ်ကိုတစ်စုံတစ်ယောက်ကစောင့်ကြည့်နေကြောင်းရဲတွေကို ၇ကြိမ်တိတိအကြောင်းကြားခဲ့ပါတယ်။

အဲ့လိုလုပ်နေတဲ့သူဟာ သူရဲ့ရည်းစားဟောင်းပါလို့ ရဲတွေကို ပြောခဲ့တဲ့အတွက် တာဝန်ရှိရဲတွေက စစ်ဆေးကြည့်ခဲ့တဲ့အခါမှာတော့ သူမရဲ့ရည်းစားဟောင်းဟာ အပြစ်မရှိတဲ့သူဖြစ်ကြောင်းတွေ့ရပြီး လူမှုကွန်ယက်ပေါ်ကနေ သူမကိုခြိမ်းခြောက်စာပို့နေတဲ့အကောင့်အတုပိုင်ရှင်ဟာ သူမကိုယ်တိုင်ပဲဖြစ်နေကြောင်း ဖော်ထုတ်သိရှိခဲ့ရပါတယ်။

The sun websiteရဲ့ဖော်ပြချက်အရ သူမဟာ ရည်းစားဟောင်းကို လက်စားချေလိုတဲ့အတွက်ကြောင့် အခုလိုကြံစည်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ သူမရဲ့ရည်းစားဟောင်းအစား သူမကိုယ်တိုင်ပဲ သတင်းအမှားကို လီဆယ်တိုင်တန်းခဲ့တဲ့အတွက် ထောင်ဒဏ် ၈လကျခံလိုက်ရပါတယ်။ APANNPYAY ပရိသတ်ကြီးရဲ့ အမြင်လေးတွေကိုလည်း မှတ်ချက်ရေးသား ခဲ့ပါဦးနော်..။

Yenin Phawah-APANNPYAY