အွန်လိုင်းပေါ်မှာ ကြင်ဖော်ရှာပြီး လူငယ်များနဲ့ ချစ်ရည်လူးချင်နေတဲ့ (၈၃) နှစ်အရွယ် အဖွားအို

38

အသက်၈၃နှစ်အရွယ်အဘွားအိုတစ်ယောက်ဟာ ကြင်ဖော်ချစ်သူရှာတဲ့ appတစ်ခုဖြစ်တဲ့ Tinderပေါ်မှာ သူမနဲ့လိုက်ဖက်မယ့် လူငယ်လေးတွေကို လိုက်ရှာနေတဲ့အကြောင်းကို APANNPYAY မှ ဘာသာပြန်ရေးသားတင်ပြပေးလိုက်ပါတယ်။

The sun websiteရဲ့ဖော်ပြချက်အရ Cougarလို့ခေါ်တဲ့ အသက်၈၃နှစ်အရွယ်အဖွားအိုဟာ Tinderပေါ်မှာတွေတဲ့ လူငယ်လေးတွေနဲ့ ကြည်ကြည်နူးနူးတစ်တီတူးကာ ချစ်သူအဖြစ်နဲ့တွဲချင်ကြောင်းကို ပွင့်ပွင့်လင်းလင်းပဲပြောခဲ့တာပါ။ ဒါပေမယ့် တစ်ယောက်ထဲမကပဲ လူငယ်လေးတွေ များနိုင်သမျှများလေ ပိုကောင်းလေလို့ သူမကမီဒီယာတွေကိုပြောထားပါတယ်။

The sun websiteရဲ့ဖော်ပြချက်အရ သူမဟာ ပြီးခဲ့တဲ့ ၈လအကြာက ချစ်သူရည်းစားရှာဖွေတဲ့ appကို စတင်အသုံးပြုခဲ့ပြီး အခုအချိန်အထိ လူအယောက်၅၀နဲ့တွဲခဲ့ပြီးပြီလို့ သိရပါတယ်။ သူမရဲ့အရင်ယောင်္ကျားနဲ့ တွဲနေရတုံးကလည်းပျော်ရွှင်ခဲ့ရပေမယ့် သူစိမ်းယောင်္ကျားတွေနဲ့ တွဲခုတ်ရတဲ့ခံစားမှုမျိုးကို ပြန်လိုချင်တဲ့အတွက် ဒီလိုမျိုး ချစ်သူရှာနေရတာလို့ ဆိုထားပါတယ်။

လူငယ်တွေကို သူမပိုသဘောကျရတာက လူငယ်တွေက အမျိုးသမီးတွေကို စိတ်ကျေနပ်မှုပေးနိုင်ပြီး အလိုက်သိတတ်တဲ့အတွက်လို့ သူမကပြောထားပါတယ်။ သူမကဘယ်တော့မှ စတင်မချဉ်းကပ်ပဲ သူမကိုသာလာပြီး ချဉ်းကပ်ကာ တွဲဖို့တောင်းဆိုကြတယ်လို့ သူမရဲ့ရေပန်းစားပုံကိုလည်း ကြွားခဲ့ပါသေးတယ်။ APANNPYAY ပရိသတ်ကြီးရဲ့ အမြင်လေးတွေကိုလည်း မှတ်ချက်ရေးသား ခဲ့ပါဦးနော်..။

Yenin Phawah-APANNPYAY