သံသယတရားခံကို ဖမ်းမိဖို့အတွက် Hotpot အနံ့ကို လိုက်ရှူကြည့်ခဲ့ရတဲ့ရဲများ

160

သံသယတရားခံကို ဖမ်းမိဖို့အတွက် တရုတ်နိုင်ငံကရဲတွေရဲ့ တခန်းဝင်တခန်းထွက် hotpotအနံ့ကို လိုက်ရှူကြည့်ခဲ့ကြရတဲ့အဖြစ်ကို APANNPYAY မှ ဘာသာပြန်ရေးသားတင်ပြပေးလိုက်ပါတယ်။

South China Morning Postရဲ့ဖော်ပြချက်အရ တရုတ်နိုင်ငံရဲ့ တရားခံမျက်နှာကို အီလက်ထရောနစ်ပစ္စည်းတွေကနေမှတ်သားနိုင်တဲ့စနစ်ဟာ တိုးတက်နေပါပြီ။ လူတစ်ယောက်မျက်နှာရဲ့ ၉၈.၁ ရာခိုင်နှုန်းကို ၀.၈စက္ကန်းအတွင်း မှတ်မိနိုင်တယ်လို့ဆိုပါတယ်။ ဒီလိုတိုးတက်နေတဲ့ နည်းပညာကြောင့် သံသယတရားခံတစ်ယောက်ကို တရုတ်ရဲတွေက ခြေရာခံမိခဲ့ပါတယ်။

South China Morning Postရဲ့ဖော်ပြချက်အရ Guo Bingဆိုတဲ့အမျိုးသားတစ်ယောက်ဟာ လိမ်လည်မှုတွေ ဂိုဏ်းနဲ့ရမ်းကားသောင်းကျန်းတာတွေကြောင့် ရဲတွေကအလိုရှိနေတဲ့တရားခံတစ်ဦးပါ။ ခေတ်မှီနည်းပညာတွေရဲ့အကူအညီနဲ့ အဲ့ဒီတရားခံကို ဈေးတစ်ခုမှာ ဈေးဝယ်ပြီး အဆောက်အဦးတစ်ခုထဲကိုဝင်သွားတာကို သိလိုက်ရတဲ့ရဲတပ်ဖွဲ့ဝင်တွေဟာ သွားရောက်ဖမ်းဆီးဖို့ကြိုးစားခဲ့ကြပါတယ်။

ဒါပေမယ့် အဆောက်အအုံထဲက ဘယ်အခန်းမှာပုန်းနေလဲဆိုတာ မသိကြတဲ့ရဲဝန်ထမ်းတွေဟာ ဈေးထဲကနေ တရားခံဝယ်သွားတဲ့ ပစ္စည်းတွေဟာ hotpotလုပ်စားရင်အသုံးပြုတဲ့ပစ္စည်းတွေမှန်း သတိရသွားကြပြီး တစ်ခန်းဝင်တစ်ခန်းထွက် hotpotအနံ့ကိုလိုက်ရှူကာ တရားခံကိုလိုက်ရှာခဲ့ကြတာပါ။ အံ့သြစရာကောင်းလောက်အောင်ပဲ အခန်းတစ်ခုမှာ hotpotအနံ့ကို ရခဲ့ပြီး ဝင်ရှာခဲ့ရာမှာ တရားခံကိုဖမ်းမိခဲ့ပါသတဲ့။ APANNPYAY ပရိသတ်ကြီးရဲ့ အမြင်လေးတွေကိုလည်း မှတ်ချက်ရေးသား ခဲ့ပါဦးနော်..။

Yenin Phawah-APANNPYAY