စားဖိုမှူးအလုပ်က ထွက်ပြီး အမှိုက်ကောက်ရာမှ ပိုက်ဆံပိုရခဲ့တယ်ဆိုတဲ့ အမျိုးသမီး

25

စာဖိုမှူးတစ်ယောက်ဖြစ်တဲ့အသက် ၃၅နှစ်အရွယ် April ဆိုတဲ့အမျိုးသမီးဟာ စာဖိုမှူးအလုပ်ကတွေထွက်ပြီး အမှိုက်ပုံတွေမှာ ပစ္စည်းကောက်တဲ့အလုပ်ကိုလုပ်ရာကနေ ပိုက်ဆံအမြောက်အများရရှိခဲ့တဲ့ကြောင်းကို APANNPYAY မှ ဘာသာပြန်ရေးသားတင်ပြပေးလိုက်ပါတယ်။

The sun websiteရဲ့ဖော်ပြချက်အရ April ဆိုတဲ့အမျိုးသမီးဟာ စားဖိုမှူးအလုပ်ကနေထွက်ပြီး အမှိုက်ပုံတွေမှာ ပစ္စည်းတွေလိုက်ကောက်ရာကနေ ၆လအတွင်း ပေါင်ငွေ ၁၆၀၀၀(မြန်မာငွေ သိန်း၂၀၀ကျော်) ရရှိခဲ့ပါတယ်။ အစကတော့ သူမဟာ စာဖိုမှူးအလုပ်ကိုထွက်ပြီး အမှိုက်ကောက်ရင် အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူခဲ့ပေမယ့် အခုဆိုရင် တစ်ရက်ကလေးမလုပ်ရရင်တောင် စိတ်ပူတတ်လာတယ်လို့ဆိုပါတယ်။

The sun websiteရဲ့ဖော်ပြချက်အရ တစ်ခါတစ်လေ စတိုးဆိုင်တွေကနေ ပစ္စည်းအကောင်းတွေကိုစွန့်ပစ်တဲ့အခါမျိုးမှာ တန်ဖိုးရှိတဲ့ပစ္စည်းတွေကိုအလကားရတတ်တယ်လို့ဆိုပါတယ်။ သူမနေတဲ့မြို့မှာ ဒီလို အမှိုက်ပုံတွေထဲပစ္စည်းလိုက်ကောက်တာဟာ တရားမဝင်တဲ့အလုပ်ရှိပြီး တာဝန်ရှိသူတွေကလည်း လက်မခံပေမယ် အခုထိတော့ သူမကိုလာရောက်ဖမ်းဆီးတာမျိုးမရှိသေးဘူးလို့ဆိုပါတယ်။

တစ်ချို့လူတွေကလည်း သူမလိုမျိုး အမှိုက်အဖြစ်စွန့်ပစ်ထားတဲ့ပစ္စည်းတွေကို လိုက်ကောက်တာကို အလုပ်သဘောအနေနဲ့လိုက်ကောက်ကြတဲ့သူတွေအများကြီးရှိပါတယ်။

တစ်ခါတစ်လေ ပစ္စည်းကောင်းတာတွေကိုဆိုင်တွေက လွှင့်ပစ်တဲ့အခါ လိုအပ်တဲ့တစ်နေရာရာကိုမလှူဒါန်းပဲ ဘာကြောင့်စွန့်ပစ်လဲဆိုတာ နားမလည်နိုင်ကြောင့် သူမကရင်ဖွင့်ထားပါတယ်။ APANNPYAY ပရိသတ်ကြီးရဲ့ အမြင်လေးတွေကိုလည်း မှတ်ချက်ရေးသား ခဲ့ပါဦးနော်..။

Yenin Phawah-APANNPYAY