ယောက်ျားအနေနဲ့ ကလေးမွေးတဲ့လူအကြောင်း တကယ့်အဖြစ်မှန် ရုပ်ရှင်ပြန်ရိုက်မည်

19

ယောက်ျားအနေနဲ့ ကိုယ့်ကလေးကိုကိုယ်ဝန်ဆောင်ပြီး သတ္တိရှိရှိ မွေးခဲ့တဲ့ အမျိုးသားတစ်ယောက်ရဲ့ ဇာတ်လမ်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဖြစ်ပွားခဲ့ပါတယ်။ ကလေးကို အောင်မြင်အောင်မွေးနိုင်ခဲ့တာဖြစ်သလို ကမ္ဘာပေါ်မှာ ရင်ဆိုင်ရခက်ခဲတဲ့ LGBT တွေရဲ့ သဘောသရုပ်ကို ပြသတဲ့ ဇာတ်ကားအေနနဲ့ ဘီဘီစီသတင်းဌာနကပြန်ရိုက်ကူးတော့မှာပါ။

ဘီဘီစီသတင်းဌာနက ရိုက်ကူးမယ့် Seahorse: The Dad Who Gave Birth ဆိုတဲ့ ဇာတ်ကားမှာ ဖြစ်ရပ်မှန်အနေနဲ့ ထည့်သွင်းဖို့ ပြင်ဆင်ထားတဲ့ တကယ့်အဖြစ်အပျက်ပါ။ အသက် (၃၂)နှစ်အရွယ် Freddy McConnell ဆိုတဲ့ အမျိုးသားဟာ သူ့ကလေးကို သူပြန်မွေးခဲ့ပါတယ်။

လိင်အဆင့်အတန်းမသတ်မှတ်ထားတဲ့ လူတန်းစားဖြစ်တဲ့ LGBT ထဲက T (transgender) အမျိုးသားဖြစ်သူ Freddy McConnell ဟာ အရင်ကအမျိုးသမီးပါ။ ကိုယ့်ကိုယ်ကို ယောက်ျားအဖြစ်ခံယူဖို့ လိင်ပြောင်းလဲလိုက်ချိန်မှာ သားအိမ်ကိုချန်ထားခဲ့ပါတယ်။ အမျိုးသားအနေနဲ့ နေခဲ့ပြီး သားသမီးယူဖို့ ဆုံးဖြတ်လိုက်ချိန်မှာ ကိုယ်ပိုင်သားအိမ်နဲ့

ကိုယ်ဝန်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာပါ။ သုက်ပိုးအလှူရှင်ကို ရှာတွေ့အပြီးမှာ သန္ဓေစတည်စေခဲ့သလို ဟော်မုန်းပြောင်းလဲမှု ဒဏ်ကိုစခံရပါတယ်။ မိန်းမကိုယ်ခန္ဓာအဖြစ်ပြောင်းလဲမှု ပြန်ကြုံလာရသလို ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဖြစ်လာတဲ့ လက္ခဏာတွေအကုန်ကြုံရပါတယ်။ ဒါပေမဲ့ သူမက ယောက်ျားဖြစ်တဲ့အတွက် အကုန်လုံးကို ကြံ့ကြံ့ခံခဲ့ပါတယ်။

ကလေးကိုအောင်မြင်အောင် သဘာဝအတိုင်းမွေးခဲ့တာဖြစ်ပြီး၊ အတော်လေးကိုမှ လုပ်ဆောင်ချက်တွေ များပြားခဲ့ပါတယ်။ ကလေးမွေးတဲ့အဖြစ်အပျက်အစအဆုံးကို မှတ်တမ်းတင်ထားကာ ဘီဘီစီရဲ့ရုပ်ရှင်ထဲမှာ ဇာတ်ကွက်အနေနဲ့ ပြန်ထည့်မှာဖြစ်သလို အဓိကသရုပ်ဆောင်အနေနဲ့ ဒီကိစ္စကို ဝေဖန်မှုတွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာကို ပြမှာပါ။

သူက သူ့ကိုယ်သူ အဖေလို့ ခံယူထားဆဲဖြစ်ပေမဲ့ သားသမီးအနေနဲ့ စာရင်းပေးသွင်းရာမှာ အစိုးရရုံးက လက်မခံတဲ့ ဥပဒေတွေတွေလည်း ရှိနေပါသေးတယ်။ လက်ရှိမှာ Documentary အနေနဲ့ ထွက်ထားပြီဖြစ်ပြီး၊ ရုပ်ရှင်ဖြစ်လာရင်လည်း ဇာတ်ကွက်တွေ ပြန်သုံးသွားမယ်လို့ ဘီဘီစီသတင်းဌာနကပဲ ဆိုထားပါတယ်။

သူရေး (APANNPYAY)