ရည်းစားမရှိတဲ့သူတွေ လာစားရင် တစ်ခါတည်း အတွဲချိတ်ပေးတဲ့ စားသောက်ဆိုင်

124

တစ်ယောက်တည်းပါ၊ တစ်ယောက်တည်းပါ အော်နေတဲ့ Single တွေ၊ FA တွေအတွက်ကတော့ ဒီလိုစားသောက်ဆိုင်မျိုးက တကယ့်ကို ထူးရှယ်ပါပဲ။ ရည်းစားမရှိတဲ့ ကိုကို၊ မမတွေ အကယ်လို့များ Apannpyay ပရိသတ်တွေရဲ့ အသိတွေထဲမှာ ရှိခဲ့ရင် လက်တို့ပေးမှရမယ့် စားသောက်ဆိုင်တစ်ခုပါ။

ဆိုင်ကတော့ မလေးရှားနိုင်ငံ၊ Kulai မှာ ရှိပါတယ်။ Xing Fu Xiao Guo လို့ ခေါ်တဲ့ ဆိုင်ပါ။ ဆိုင်က ညစာကို အဓိက ထားရောင်းပြီး၊ စားသောက်ရတဲ့ စတိုင်က ထူးခြားပါတယ်။ အကယ်လို့ ကိုယ်က တစ်ယောက်တည်းသမား၊ ရည်းစားမရှိသူဆိုရင် ဆိုင်ကို တစ်ယောက်တည်းလာမှာပါ၊ ဘယ်အချိန်မှာပါဆိုပြီး၊ ဘိုကင်လှမ်းတင်ထားရပါတယ်။

ဘိုကင်မှာ အဲဒီလို တင်ထားတာနဲ့ ဆိုင်ကနေ သီးသန့်လုပ်ထားတဲ့ အပြင်အဆင်စားပွဲမှာ တစ်ခါမှ မတွေ့ဖူးတဲ့ လူနှစ်ယောက်ကို စီစဉ်ပေးမှာပါ။ ခုံတန်းလေးတွေ တစ်ဖက်ဆီမှာ ရှိပြီး၊ အလယ်မှာ သစ်သားတံခါးလေးကို ခြားထားပါတယ်။ ကိုယ့်နေရာကို ရောက်တာနဲ့ မှာထားတာတွေရောက်လာလို့ စလို့ရပြီဆိုရင် သစ်သားတံခါးလေးကို ခေါက်လိုက်ရုံပါပဲ။

များသောအားဖြင့် ကောင်လေးနဲ့ ကောင်မလေးကျအောင် စီစဉ်ပေးတတ်ပေမဲ့ ဘော်ဒါလို သောက်ချင်တယ်၊ မိန်းမချင်းတွေ့ချင်တယ်။ စသည်ဖြင့် အော်ဒါတင်တဲ့အတိုင်း တွေ့ရမှာပါ။ တစ်ခါမှမမြင်ဖူးတဲ့သူတွေဖြစ်လို့ မိတ်ဆက်ရင်း စားကြသောက်ကြပါပဲ။ FA တွေ တော်တော်များများက ဒီဆိုင်လေးမှာစားရင် စုံတွဲဖြစ်သွားကြသလို အပြင်မှာ ပေါင်းဖို့

သူငယ်ချင်းဖြစ်သွားသူတွေလည်းရှိပါတယ်။ အစားအသောက်ချစ်သူတွေဖြစ်လို့ စိတ်သဘောထားမတိုက်ဆိုင်မှာ ပူစရာမလိုပါဘူး။ အကယ်လို့ သဘောမကျရင်လည်း တံခါးကိုပြန်ပိတ်လိုက်လို့ရပါတယ်။ အဆင်ပြေသွားတဲ့နောက်နေ့တွေမှာတော့ မျက်နှာချင်းဆိုင် ခုံလေးတွေမှာ ပြောင်းစားတဲ့အဆင့်ကို တက်လိုက်ရုံပါပဲ။ ကဲ Apannpyay ပရိသတ်ကြီး ဘယ်လိုလဲ။

သူရေး (APANNPYAY)