အခုလိုရုပ်ချောနေရတဲ့အကြောင်းဟာ ပလတ်စတစ်ကောက်လို့ပါလို့ ဆိုလာတဲ့ ဆယ်လီချော

176

ကမ္ဘာကြီးမှာ ပလတ်စတစ်တွေ များလာတာနဲ့ အမျှ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တဖြည်းဖြည်းနဲ့ မမြင်ချင်မှအဆုံးတွေ ဖြစ်လာပါပြီ။ အနောက်နိုင်ငံတွေမှာလည်း ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ မတွေ့ရှိချိန်မှာ ပင်လယ်ထဲကို ပစ်ချတာက အဖြေလိုဖြစ်နေပါတယ်။

ဒီအချိန်မှာ APANNPYAY ပရိသတ်တွေ အပါအ၀င် တစ်ကမ္ဘာလုံးက ပရိသတ်တွေကို ပလတ်စတစ်တွေကို စနစ်တကျစွန့်ပစ်ဖို့နဲ့ ရုပ်ချောချင်ရင် ပလတ်စတစ်ကောက်ဖို့ ညွှန်းလာသူကတော့ အင်စတာဂရမ် Dougie ပါ။ အင်စတာဂရမ်မှာတော့ idougahole ဆိုတဲ့အကောင့်နဲ့ သူ့ကို ဘဘာဝကို ချစ်မြတ်နိုးတဲ့ ဆယ်လီတစ်ယောက်အနေနဲ့ လူသိများပါတယ်။

ချောမောတဲ့ ရုပ်ရည်အပြင် သဘာဝပတ်ဝန်းကျင်လှုပ်ရှားမှုတွေကို စွမ်းစွမ်းတမံလှုပ်ရှားနေသူဖြစ်ပြီး၊ လက်ရှိမှာ ကလေးတွေအတွက် စာအုပ်တစ်အုပ်ကို ရေးသားခဲ့သူပါ။ ပလတ်စတစ်ရဲ့ အပြစ်ဆိုးကျိုးနဲ့ ပလတ်စတစ်ကို စနစ်တကျ သုံးတတ်ဖို့တွေကို ရေးသားခဲ့ပါတယ်။ ရေးသားနေရင်းတန်းလန်းနဲ့ မိတ်ဆက်ချိန်မှာ ကလေးတွေက ဦးက ဘာလို့ရုပ်ချောနေရတာလဲလို့ မေးခဲ့ပါတယ်။

ရယ်ရယ်မောမောနဲ့ ဦး အခုလို ရုပ်ချောနေရတဲ့အကြောင်းက ပလတ်စတစ်တွေကို နေရာတကျသုံးလို့နဲ့ ပလတ်စတစ်အမှိုက်တွေကို တွေ့တိုင်း အမှိုက်ပုံးထဲထည့်လိုပါလို့ ပြန်ဖြေခဲ့ပါတယ်။ တကယ်လည်းပဲ Dougie ဟာ နေ့တိုင်း ကမ်းခြေတွေမှာ ကိုယ်တိုင်ရှင်းလင်းနေသူဖြစ်တဲ့အပြင် အဖွဲ့အစည်းတွေနဲ့အတူ စွမ်းစွမ်းတမံဆောင်ရွက်နေသူပါ။

သူ့ရဲ့ အင်စတာဂရမ်မှာ ပလတ်စတစ်ရဲ့ ဆိုးကျိုးတွေကို အမြဲတမ်းတင်လေ့ရှိသလို ပတ်ဝန်းကျင်ဟာ ပလတ်စတစ်ကြောင့်ညစ်ပတ်နေတဲ့ အကြောင်းတွေကို မျှဝေနေပါတယ်။ ရုပ်လည်းချောတဲ့အတွက် ဆယ်လီဖြစ်နေတဲ့နောက်မှာ APANNPYAY ပရိသတ်တွေလည်း သူ့ရဲ့နည်းအတိုင်း ကမ္ဘာကြီးကိုကယ်တင်ရင်း ရုပ်ချောနိုင်ပါတယ်နော်။

သူရေး (Apannpyay)