တန်​ဖိုးနည်းကားကိုသာ ဝယ်​စီး​ကြတဲ့ ကမ္ဘာ​ကျော်​ဘီလျံနာ ၅ ဦး

130

ဒီသတင်းကို Elitereaders သတင်းဝက်​ဘ်​ဆိုက်​က​နေ ​ဖော်​ပြသွားခဲ့တာဖြစ်​ပြီး ApannPyay မှ ဘာသာပြန်ရေးသား တင်ပြခြင်းဖြစ်ပါတယ်​ ချစ်​ပရိသတ်​ကြီးတို့​ရေ။ စိတ်​ဝင်​စားဖို့သိပ်​​ကောင်းတဲ့အ​ကြောင်းအရာဖြစ်​တာမို့ အခုပဲတင်​ဆက်​​ပေးလိုက်​ပါတယ်​နော်။

အဲလစ်​​ဝေါတန်

သူမ က​တော့​ ​ဒေါ်လာ ၄၅ ဘီလျံချမ်းသာကြွယ်​ဝသူဖြစ်​ပြီး Wal-Mart စတိုးရဲ့စီးပွား​ရေးကို အ​မွေခံမယ့်​သူလဲဖြစ်​ပါတယ်​။ ဒီလိုသန်းကြွယ်​သူ​ဌေးမျိုးက ဇိမ်ခံ​ဖာရာရီကားကို အနိမ့်​ဆုံးဝယ်​စီးလို့ရ​နေတဲ့အ​နေအထားမှာ သာမန်​ကာလျှံကာ ​ဈေးသိပ်​မ​ပေးရတဲ့ ဖို့ဒ်​ကား​လေးကိုသာစီး​နေသူဖြစ်​ပါတယ်​။

မာ့ခ်​ဇူကာဘတ်

သူ့ကို​တော့အားလုံးရင်းနှီးပြီးသားဖြစ်​ပါလိမ့်​မယ်​။ နာမည်​​ကျော်​ ဆိုရှယ်​မီဒီယာအဖြစ်​ ဗိုလ်​ဝင်​ခံ​နေတဲ့​ ​ဖေ့စ်​ဘွတ်​ခ်​ကို တည်​​ထောင်​ခဲ့သူဖြစ်​တာမို့ ကမ္ဘာ့အချမ်းသာဆုံး ဘီလျံစာရင်းမှာ ထိပ်​တန်း​နေရာကပါ​ဝင်​​နေ​ပေမဲ့ သူက သာမန်​ရိုးရိုး ရှင်းရှင်း​နေထိုင်​တတ်​သူအဖြစ်​ တီရှပ်​တစ်ထည်​ကိုသာဝတ်​စား​လေ့ရှိတာ​ကြောင့်​ နာမည်​ကြီးပါတယ်​။ကားနဲ့ ပတ်​သက်​လာရင်​လည်း ​ဒေါ်လာ၃သောင်းသာ​ပေးရတဲ့ Acura TSX ကားကိုစီး​နေတာပါတဲ့။

စတိဗ်​​ဘောလ်​မာ

နာမည်​ကြီး ဘတ်​စ်​ကက်​​ဘော အသင်းဖြစ်​တဲ့ LA Clippers အသင်းရဲ့ပို်​င်​ရှင်​ဖြစ်​ပြီး သူက ​ဒေါ်လာ ၂သောင်း၈ထောင် သာ ​ပေးရတဲ့ 2010 Ford Fusion Hybrid ကားကိုသာစီး​နေသူဖြစ်​ပါတယ်​​။ သူ့အ​ဖေဟာဖို့ဒ်​ကားကုမ္ပဏီမှာ မန်​​နေဂျာဖြစ်​ခဲ့တာ​ကြောင့်​ သူ့အ​နေနဲ့ဖို့ဒ်​ကားကိုသာစီးဖြစ်​တာဖြစ်​​ကြောင်းသိရပါတယ်​​။

ကမ့်​ပ်​ရက်​ဒ်

နာမည်ကျော်​​ IKEA ရဲ့ တည်​​ထောင်​သူဖြစ်​ပါတယ်​။ ဒါ​ပေမဲ့ သူ့ရဲ့အဝတ်​အစား​တွေကို​တော့ပျံကျ​ဈေးက​နေဝယ်​ယူသူဖြစ်​တယ်​လို့သိရပြီး 1993 Volvo 260 GL ကားအမျိုးအစားကို နှစ် ၂၀ ကြာ ​စီး​နေသူပါတဲ့။

ဝါရင်းဘက်​ဖတ်

ချွေတာ​နေထိုင်​ခြင်းနဲ့ပတ်​သက်​လာရင်​ ကမ္ဘာ့ထိပ်တန်း ​​ဘီလျံနာသူ​ဌေးကြီး ဝါရင်းဘက်​ဖတ်​ကိုမီတဲ့သူဆိုတာ့​အ​တော်​​လေးကိုရှားပါးပါလိမ့်​မယ်​။ သူက မနက်​ဆိုရင်​မက်​​ဒေါနယ်​မှာမနက်​စာစား​လေ့ရှိပြီး သူ့အကြိုက်​ဆုံးဟင်းလျာ​တွေထဲကမှ တစ်မျိုးကိုသာမှာစား​လေ့ရှိသူပါ။ ကားနဲ့ ပ​တ်​သက်​ရင်​​တော့ သူက 2006 Cardillac DTS ကားကိုသာ ​၁၀ နှစ်​ကြာ​မောင်းလာခဲ့သူဖြစ်​ပြီး အခုချိန်​မှာ​တော့ ​ဒေါ်လာ ၄သောင်းခွဲတန်​ Cardillac XTS ကားကိုစီး​နေတာပါတဲ့။ သူဟာ ကားအသစ်​ခဏခဏလဲရမှာကိုမနှစ်​သက်​တာ​ကြောင့်​သူ့ကားကိုတနှစ်​မှာမိုင်​​ပေါင်း၃၅၀၀ အထိသာ​မောင်းနှင်​​လေ့ရှိ​ကြောင်းဆိုခဲ့သူပါ။

EFIL-ApannPyay(အပန်းပြေ)