တောင်ကြီးမြို့ ၌ အမျိုးသားတစ်ဦး မိမိကိုယ် မိမိ ဓါးဖြင့်ထိုး သေဆုံး

25

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ၌ အမျိုးသားတစ်ဦး ၎င်းကိုယ်တိုင် ဓါးဖြင့်ထိုး ၍ သေဆုံး နေကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်း ၌ တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် ရတနာလမ်း နယ်မြေ ၇ နေသူ ဦးမြင့်ဆွေ(၅၀)နှစ် မှာ ၎င်းနေအိမ် အိပ်ခန်းတွင် ဦးခေါင်းတောင်ဘက် ပြုလျှက် ပလက်လန်နေပြီး လည်ပင်း၌ ၄ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက် ဝမ်းဗိုက်ချက်အပေါ်ထိုးသွင်းဒဏ်ရာ ၁ ချက် ချက်အောက်ထိုးသွင်းဒဏ်ရာ ၂ ချက် တို့ဖြင်သေဆုံးနေပြီး ၎င်းအနီး၌ အရိုးအသွား(၁၆)လက်မ ခန့်ရှိ ဓါးဦးချွန်တစ်ချောင်း တွေ့ရှိရသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။

သေဆုံးသူ ဦးမြင့်ဆွေ ၏ဇနီးပြောပြချက်အရ ဦးမြင့်ဆွေမှာ အရက်အလွန်အကျွံသောက်နေသူဖြစ်ပြီး ရံဖန်ရံခါ အရက်ကြောင်၍ နေအိမ်၌ထိန်းသိမ်းရကြောင်း အခင်းမဖြစ်ခင် ယနေ့နံနက်(၅)နာရီခွဲအချိန်ခန့်က ၎င်းအိပ်ခန်းအတွင်း တစ်ဦးတည်းစကားပြော နေကြောင်း တွေ့ရှိရပြီး ဇနီးဖြစ်သူမှာ အပြင်သွားရာမှ ပြန်ရောက်စဉ် ခင်ပွန်းဖြစ်သူ ဦးမြင့်ဆွေမှ သွေးများဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်ဟု သတင်းရရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးမြင့်ဆွေသေဆုံးမှု အပေါ် ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနှိုင်ရန် တောင်ကြီးမြို့မရဲစခန်း မှ သေမှုသေခင်းအမှတ်စဉ် (၂၂/၂၀၁၉)ဖြင့် စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သာခိုင်(မုနိမြီ) Real News Distribution Agency #ApannPyay