လေးလောင်းပြိုင်သေရတဲ့ ကြေကွဲဖွယ်​ရာဖြစ်​ရပ်

49

၁၃.၉.၂၀၁၉ရက်နံနက် ၀၇၄၅ အချိန်ခန့်ကရှမ်းပြည်နယ်အရှေ့၊ကျိုင်းတုံခရိုင်၊မိုင်းဖြတ်ရဲစခန်း၌ဒုရဲအုပ်ကျော်နိုင်တာဝန်မှူး၊တာဝန်ဆောင်ရွက်စဉ် မိုင်းဖြတ်မြို့ ဈေးတန်းကွက်သစ်ရပ်ကွက်နေ ရာအိမ်မှူး ဦးထွန်းလွင်မှဖုန်းဆက်အကြောင်းကြားသဖြင့်ရဲစခန်းအရွှေ့မြောက်ဘက်(၄)ဖာလုံခန့်အကွာ၊မိုင်းဖြတ်မြို့၊ရေတန်း(ကွက်သစ်) ရပ်ကွက်၊ စိတ္တသုခ ဘုန်းကြီးကျောင်းရှေ့နေ အားမာ၏ နေအိမ်တွင် မိသားစုအဆိပ်သောက် ( ၄ ) ဦးသေဆုံးမကြောင်း

သတင်းအရမနရမှူး ရဲမှူး ကျော်နိုင်၊ မမစမှူး ဒုရဲမှူး မြတ်မိုး၊ တာဝန်မှူး ဒုရဲအုပ် ကျော်ကျော်နိုင်၊ ဒုရဲအုပ် ဟန်မိုးလွင်၊ ဒုရဲအုပ် ကျော်ဖြိုးလှိုင်တို့အဖွဲ့သည် သက်သေဦးထွန်းလွင်၊းဦးအားဒေါင်တို့နှင့်အတူသွားရောက်စစ်ဆေးခဲ့ရာ မိုင်းဖြတ်မြို့၊ ဈေးတန်းကွက်သစ်) ၊အိမ်အမှတ်(တ၈၂အခင်းဖြစ်နေအိမ်တွင်နေအိမ်ရှေ့ခန်း၌ မနော။(သ) /၁၉နှစ်၊ကျောင်းသူဆဌမတန်း(အ.မ.က၊ မူလွန်(ကွက်သစ် ၊မောင်ဆီလှ) ၁၉ နှစ် ကျောင်းသား တတိယတန်း(အ.မ.က မူလွန် (ကွက်သစ်)၊ တို့အား ငိုနေသည်ကိုတွေ့ရပြီး နေအိမ်အိပ်ခန်းအတွင်း၌ ဒီ ၊ (သ) ၄၆ နှစ်၊ လယ်လုပ်ကိုင်သူသည် နေအိမ်အဝင် တံခါးမကြီးအား ဦးခေါင်းပြုလျှက် မှောက်လျှက်

အနေအထားဖြင့် နှာခေါင်းမှ အမြုပ်ထွက် သေဆုံးနေပြီး ၎င်း၏ အနောက်ဘက် အိပ်ယာထက်၌ သားအကြီးဖြစ်သူ မောင်လာနေ(အသက်) ၁၅နှစ်၊ သတ္တမတန်းကျောင်းသား၊ အထက( မိုင်းပြတ် သည် ပက်လက်အနေထားဖြင့် ခေါင်းမှ အမြုပ်ထွက်လျှက် သေဆုံးနေကြောင်း၊ ၎င်း၏ ယာဘက်ဘေး၌မိခင်ဖြစ်သူ ဒေါ်အီနား၊ (သ) ၄၈ နှစ်၊၊ လယ်လုပ်ကိုင်သူသည် ပက်လက်အနေအထားဖြင့် သေဆုံးနေပြီး၎င်း၏ယာဘက်ဘေး၌သားအငယ်ဆုံးဖြစ်သူ နေလင်းထွန်း၊ (သ) ၈ နှစ်၊ ပထမတန်း၊ အမက မူလွန်( ကွက်သစ် )သည်

ပက်လက်အနေအထားဖြင့် နှာခေါင်းမှ သွေးပုပ်ရည်ထွက်လျှက်သေဆုံးနေသည်ကိုစစ်ဆေးတွေ့ရှိရပြီး သမီးဖြစ်သူ မနောမိ ၊ (သ)၁၃ နှစ်၏ ပြောပြချက်အရ ၎င်း၏ မိဘနှစ်ပါးမှာ * စားဝတ်နေရေး အဆင်မပြ၍မကြာခဏ ညည်းတွားနေသည်ကို ကြားသိရပြီး ” ၁၉ စက် ၁၂ ၂၁၀၀ အချိန်ခန့်က လားဟူ တိုင်းရင်းသားအခေါ် * နိုင်မင် ( အဆိပ်ပင် )၏ အမြစ်နှင့်အရွက်တို့အား ရေနွေးခရးအိုးဖြင့် ကျိုချက်၍ သား / သမီးများအား ဦးစွာတိုက်ကျွေးပြီး မိဘနှစ်ပါးမှာနောက်ဆုံးသောက်၊အိပ်ယာဝင်ခဲ့ကြကြောင်း ၊ ၎င်းနှင့် မောင်ဖြစ်သူ မောင်ဆီလှတို့မှာ

ခဏအကြာ ရေအန်ပြီးပြန်အိပ်ခဲ့ကြောင်း ၊ ၁၉ စက် ၁၃ ၀၇၀၀ အချိန်ခန့် အိပ်ယာမှ နိုးသည့်အခါ ၎င်း နှင့်မောင်ဖြစ် သူ ဆီလှမှ လွဲ၍ ကျန်မိသားစုဝင်(၄)ဦးမှာ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် မျက်နှာချင်း ဆိုင်နေအိမ်မှထံပြောပြခဲ့ခြင်းဖြစ်ကြောင်းစစ်မေးသိရှိခဲ့ရပြီး အသက်ရှင်လျှက် ကျန်ရှိသော မနောဓိ၊ နောင်ဆီလှ တို့အား ရဲဆေးစာဖြင့်မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေပြီး ကျန်ရှိသေဆုံးသွားသူ မီးအား၊ ဒါဘီ ၁၊ မောင်တော မောင်နေလင်းထွန်း တို့၏ အလောင်းများ၊ကိုမိုင်းဖြတ်ပြည်သူ့ဆေးရုံသို့ရဲဆေးစာဖြင့် အပ်ခဲ့ပြီး ဦးအားညာ၊ ဒေါ်အံနာ၊ မောင်တေ။

မောင်နေလင်းထွန်းတို့ သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် မိုင်းဖြတ်ရဲစခန်း ဒုရဲအုပ် ကျော်ကျော်နိုင်ကတရားလိုပြုလုပ် တိုင်တန်းသဖြင့် မမစ (မိုင်းဖြတ်) သေမှုသေခင်းအမှတ်စဉ်( ၄/၂၉) ဖြင့် ၁၉ စက် ၁၃ ၉၃၀ အချိန်တွင် ရေးဖွင့်ဆောင်ရွက်ပြီး စခန်းမှုး ဒုရဲမှူး မြတ်ဦး က စစ်ဆေးလျှက်ရှိကြောင်း သိရှိရသည်။

NEWS REPORT-အောင်​ကျော်​ဦး(SH သတင်းဌာန) တာဝန်​ခံအယ်​ဒီတာ

EDIT————U U THET(SHသတင်းဌာန) “ရှုထောင့်​”မှုခင်းနှင့်​သတင်းစုံဂျာနယ်​ အမှန်​တရား သတင်းဂျာနယ်

(SHသတင်းဌာန) ၏ ခွင့်ပြုချက်ဖြင့် ApannPyay မှ တဆင့်ပြန်လည် ဖော်ပြပါသည်။