လူမမယ် သမီးငယ်လေးကို လည်ပင်းညစ်နေတဲ့ ဖြစ်ရပ်တစ်ခု

17

ဒီကိစ္စကတော့ Northamptonshire မှာရှိတဲ့ Fish Street မှာ ဖြစ်ပွားခဲ့ကြောင့် Worldofbuzz သတင်းဝက်ဘ်ဆိုက်မှာဖော်ပြထားတာကို APANNPYAY ချစ်ပရိတ်သတ်ကြီးအတွက် ဘာသာပြန်ရေးသားတင်ပြပေးလိုက်ပါတယ်နော်။

ဗွီဒီိယိုမှာမြင်တွေ့ပုံအရ အမျိုးသမီးဟာဆိုရင် လက်တွန်းလှည်းလေးပေါ်မှာထိုင်နေတဲ့ သမီးငယ်လေးကို လည်ပင်းညှစ်လိုက်တာကို ဘေးတိုက်ကလူက ဗွီဒီယိုရိုက်လိုက်နိုင်ပြီး အွန်လိုင်းပေါ် တဟုန်ထိုးပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်။ လက်တွန်းလှည်းပေါ်မှာ သမီးငယ်လေးနဲ့အတူ သူမထက်အရွယ်နည်းနည်းကြီး တဲ့သားငယ်လေးတစ်ယောက်လည်းထိုင်နေခဲ့ပါတယ်။

အမျိုးသမီးဟာ သမီးငယ်လေးကို ကြည့်ပြီး လည်ပင်းကို လက်တင်ညှစ်လိုက်တာကို တွေ့မြင်ရမှာပါ။ ဖော်ပြချက်အရ အကြောင်းစုံမသိရသေးပေမယ့် ကလေးငယ်တစ်ယောက်ကို ဒီလိုမလုပ်သင့်ကြောင်းပြောပြီး ဗွီဒီယိုကို ဖြန့်ခဲ့တာ ဖြစ်ပါတယ်။

လူတွေရဲ့အပြစ်တင်မှုတွေနဲ့အတူ နာမည်ကြီးလာပြီးနောက်မှာတော့ ရဲတွေဟာ ကလေးသူငယ်နှိပ်စက်မှုနဲ့ သူမကို ဖမ်းဆီးခဲ့ကြောင်း Worldofbuzz သတင်းဝက်ဘ်ဆိုက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ApannPyay ပရိတ်သတ်ကြီးရော ဘယ်လိုထင်မြင်မိလည်းဆိုတာ ပြောခဲ့ပါဦးနော်။

San Htet Wai-ApannPyay(အပန်းပြေ)