ဟင္းခ်က္ညံ့လြန္းလုိ႔ဆုိၿပီး ကိုယ္ဝန္ေဆာင္ဇနီးကို မီး႐ႈိ႕ၿပီး လုပ္ႀကံခဲ့တဲ့ ခင္ပြန္း

26

အိႏၵိယႏုိင္ငံ၊ ဂူဂ်ာရာတီမွာေနထုိင္တဲ့ အိမ္ေထာင္သည္အမ်ိဳးသားတစ္ဦးဟာ ဟင္းခ်က္ညံ့လြန္းတဲ့ ဇနီးကုိ သည္းမခံႏုိင္ေတာ့တာေၾကာင့္ မီး႐ႈိ႕လုပ္ႀကံခဲ့ေၾကာင္း WorldOfBuzz သတင္းက ေဖာ္ျပထားပါတယ္။ ဇနီးသည္ဟာ ကုိယ္ဝန္လြယ္ထားရသူပါ။

ျပစ္မႈက်ဴးလြန္သူအမ်ိဳးသားဟာ ဇနီးသည္ရဲ႕ ဆုိးရြားလွတဲ့ ဟင္းခ်က္လက္ရာကို ႏွစ္ရွည္လမ်ား ဒဏ္ခံခဲ့ရပုံရွိၿပီး၊ ေနာက္ဆုံးေတာ့ သည္းမခံႏုိင္ခဲ့ပုံပါဘဲ။ ဒါေပမယ့္ ကုိယ္ဝန္ေဆာင္ထားရတဲ့ ဇနီးကို စာနာသနားရေကာင္းမွန္း မသိေတာ့တဲ့အထိ သူဟာ ေဒါသႀကီးမားခဲ့ပါတယ္။

သနားစရာေကာင္းတဲ့ အမ်ိဳးသမီးဟာ ဟင္းကုိ ႀကိဳးစားပန္းစား ခ်က္ခဲ့ေပမယ့္ ခင္ပြန္းသည္က ဟင္းနဲ႔ပတ္သက္ၿပီး အၿမဲလုိလုိ အျပစ္ရွာႀကံ၊ ဆူပူႀကိမ္းေမာင္းေလ့ ရွိပါသတဲ့။ ဒါေပမယ့္ အခုေနာက္ပုိင္း ဟင္းနဲ႔ပတ္သက္ၿပီး ဆူပူႀကိမ္းေမာင္းျခင္း မရွိေတာ့ပဲ၊ အခုလုိ ရက္ရက္စက္စက္ တုန္႔ျပန္လုိက္တာပါ။

ခင္ပြန္းျဖစ္သူဟာ ညစာစားၿပီးေနာက္ အိမ္လူေတြ အကုန္အိပ္တဲ့အထိ ေစာင့္ေနပါတယ္။ ၾကည့္ရတာ သူတုိ႔ဟာ ဇနီးရဲ႕မိဘေတြနဲ႔ အတူပူးေပါင္းေနပုံပါဘဲ။ အားလုံးအိပ္သြားမွာ ဇနီးကို ေရနံဆီနဲ႔ေလာင္းၿပီး မီး႐ႈိ႕ခဲ့တာပါ။ ကံေကာင္းစြာနဲ႔ အိမ္လူေတြ၊ အိမ္နီးနားခ်င္းေတြက သူမကုိ အျမန္ကယ္ႏုိင္ခဲ့ပါတယ္။

ျပစ္မႈက်ဴးလြန္သူကို ရဲက ဖမ္းဆီးထားၿပီး၊ အခင္းျဖစ္စဥ္ကုိ စစ္ေဆးေနပါတယ္။ သူ႕အေနနဲ႔ လူေသမႈ မေျမာက္ေသာ္လည္း သတ္ရန္ႀကံစည္မႈ၊ တစ္ဖက္သားကုိ ကုိယ္လက္အဂၤါခ်ိဳ႕ယြင္းေစသည္အထိ ထိခိုက္နာက်င္ေစမႈစတဲ့ ျပစ္မႈေတြေၾကာင့္ ျမင့္မားတဲ့ ေထာင္ဒဏ္တစ္ရပ္ က်ခံရဖုိ႔ရွိပါတယ္။

နတ္သူႀကီး

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အိန္ဒိယနိုင်ငံ၊ ဂူဂျာရာတီမှာနေထိုင်တဲ့ အိမ်ထောင်သည်အမျိုးသားတစ်ဦးဟာ ဟင်းချက်ညံ့လွန်းတဲ့ ဇနီးကို သည်းမခံနိုင်တော့တာကြောင့် မီးရှို့လုပ်ကြံခဲ့ကြောင်း WorldOfBuzz သတင်းက ဖော်ပြထားပါတယ်။ ဇနီးသည်ဟာ ကိုယ်ဝန်လွယ်ထားရသူပါ။

ပြစ်မှုကျူးလွန်သူအမျိုးသားဟာ ဇနီးသည်ရဲ့ ဆိုးရွားလှတဲ့ ဟင်းချက်လက်ရာကို နှစ်ရှည်လများ ဒဏ်ခံခဲ့ရပုံရှိပြီး၊ နောက်ဆုံးတော့ သည်းမခံနိုင်ခဲ့ပုံပါဘဲ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ထားရတဲ့ ဇနီးကို စာနာသနားရကောင်းမှန်း မသိတော့တဲ့အထိ သူဟာ ဒေါသကြီးမားခဲ့ပါတယ်။

သနားစရာကောင်းတဲ့ အမျိုးသမီးဟာ ဟင်းကို ကြိုးစားပန်းစား ချက်ခဲ့ပေမယ့် ခင်ပွန်းသည်က ဟင်းနဲ့ပတ်သက်ပြီး အမြဲလိုလို အပြစ်ရှာကြံ၊ ဆူပူကြိမ်းမောင်းလေ့ ရှိပါသတဲ့။ ဒါပေမယ့် အခုနောက်ပိုင်း ဟင်းနဲ့ပတ်သက်ပြီး ဆူပူကြိမ်းမောင်းခြင်း မရှိတော့ပဲ၊ အခုလို ရက်ရက်စက်စက် တုန့်ပြန်လိုက်တာပါ။

ခင်ပွန်းဖြစ်သူဟာ ညစာစားပြီးနောက် အိမ်လူတွေ အကုန်အိပ်တဲ့အထိ စောင့်နေပါတယ်။ ကြည့်ရတာ သူတို့ဟာ ဇနီးရဲ့မိဘတွေနဲ့ အတူပူးပေါင်းနေပုံပါဘဲ။ အားလုံးအိပ်သွားမှာ ဇနီးကို ရေနံဆီနဲ့လောင်းပြီး မီးရှို့ခဲ့တာပါ။ ကံကောင်းစွာနဲ့ အိမ်လူတွေ၊ အိမ်နီးနားချင်းတွေက သူမကို အမြန်ကယ်နိုင်ခဲ့ပါတယ်။

ပြစ်မှုကျူးလွန်သူကို ရဲက ဖမ်းဆီးထားပြီး၊ အခင်းဖြစ်စဉ်ကို စစ်ဆေးနေပါတယ်။ သူ့အနေနဲ့ လူသေမှု မမြောက်သော်လည်း သတ်ရန်ကြံစည်မှု၊ တစ်ဖက်သားကို ကိုယ်လက်အင်္ဂါချို့ယွင်းစေသည်အထိ ထိခိုက်နာကျင်စေမှုစတဲ့ ပြစ်မှုတွေကြောင့် မြင့်မားတဲ့ ထောင်ဒဏ်တစ်ရပ် ကျခံရဖို့ရှိပါတယ်။

နတ်သူကြီး