CCTV ရှိတာကို မသိတဲ့ အိမ်ဖော်မှ ကလေးကို ရိုက်နှက်တာကို မိဘတွေ မြင်သွားပြီး စိတ်မထိန်းနိုင်ဖြစ်

547

လူ့လောကက အသိုင်အဝိုင်းမှာ မရှိလို့ မတတ်သာလို့ လုပ်ကိုင်စားသောက်နေကြရတဲ့ လူအမျိုးမျိုးရှိနေကြတဲ့ အထဲမှာ မိမိရဲ့ အလုပ်ရှင် မိသားစုများအပေါ်မှာ စေတနာ အရင်းခံထားပြီး မိသားစုစိတ်ဓာတ်ဖြင့် အလုပ်လုပ်ကိုင်ကြသူများရှိသလို မလွှဲသာမရှောင်သာလို့ လုပ်ကိုင်နေရပေမယ့် စေတနာမဲ့လွန်းတဲ့ အလုပ်သမားတွေဆိုတာလည်း လူ့လောက အသိုင်းအဝိုင်းမှာ မျိုးစုံအောင် ရှိနေခဲ့ပါတယ်။

ထိုင်းနိုင်ငံက လူမှုကွန်ယက်စာပျက်နှာ ပေ့တစ်ခုက တင်ပြထားတဲ့ CCTV မှတ်တမ်း ဗွီဒီယိုဖိုင်လေးကို ကြည့်ပါ။ ဒီ CCTV မှတ်တမ်း ဗွီဒီယိုဖိုင်ထဲမှာ အိမ်ရှင်မိဘတွေ မရှိခိုက် အိမ်ဖော်မ တစ်ဦးဟာ ကလေးကို နို့ဗူးတိုက်ရာမှာ စိတ်မရှည်စွာဖြင့် ကြမ်းတမ်းစွာ ရိုက်နှက်နေတာကို တွေ့ရပါတယ်။

အိမ်ဖော်အမျိုးသမီးဟာ အိမ်မှာ CCTV တပ်ဆင်ထားခြင်းကို သိပုံမပေါ်ပါဘူး။ အိမ်ရှဖြစ်တဲ့ ကလေးမိဘများက CCTV မှတ်တမ်း ဗွီဒီယိုဖိုင်ကို ပြန်ကြည့်ပြီး မိမိရဲ့ ကလေးကို ကြမ်းတမ်းစွာ ရိုက်နှက်နေတာကို တွေ့မြင်ပြီး အိမ်ဖော် အမျိုးသမီးကို အိမ်ရှင် အမျိုးသားမှ စိတ်မထိန်းနိုင်ဖြစ်ကာ ခြေထောက်ဖြင့် ကန်ကြောက်ခဲ့တာကို တွေ့ရပါတယ်။

ဒီပို့လေးကို ကြည့်ပြီး အိမ်ရှင်တိုင်း ကလေးမိဘတိုင်း စီးပွားရေးကြောင့် ဖြစ်စေ လူမှုရေးကြောင့်ဖြစ်စေ မိမိရဲ့ ရင်သွေးငယ်များကို သူစိမ်းတွေဖြစ်တဲ့ အိမ်ဖော်များဖြင့် စိတ်ချစွာ အပ်နှံထားရှိခြင်းများကို သတိပြုစေရန် ရည်ရွယ်ပြီး ApannPyay မှ တဆင့် ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

#ApannPyay , Video – คนละแชร์