ကလေးတွေစာမခိုးချနိုင်အောင် ခေါင်းတွေကို ဂျပ်ဖာစွပ်ပြီး စာမေးပွဲဖြေခိုင်းတဲ့ကျောင်းဆရာ

15

Mexican ကျောင်းတစ်ကျောင်းမှာတာဝန်ကျအလုပ်လုပ်နေတဲ့ ဆရာတစ်ယောက်ဟာ စားမေးပွဲခန်းအတွင်း ကျောင်းသားတွေ စာခိုးချကာ တစ်ယောက်နဲ့တစ်ယောက်နှီးနှောဖလှယ်နေတာတွေကို ရပ်ဆိုင်းပစ်ဖို့ ဂျပ်ဖာတွေကို ခေါင်းစွပ်ပြုလုပ်ကာ ကျောင်းသားကျောင်းသူတွေရဲ့ခေါင်းတွေမှာ စွပ်ခိုင်းစေခဲ့တဲ့ဖြစ်ရပ်ဟာEliteReadersသတင်းဝက်ဘ်ဆိုက်မှတစ်ဆင့်APANNPYAYချစ်ပရိတ်သတ်ကြီးအတွက်ဘာသာပြန်ကာတင်ပြပေးလိုက်ပါတယ်နော်။

Mexico မှာအခုတလော ရေပန်းစားနာမည်ကြီးနေတဲ့ကျောင်းကတော့ Bachilleres 01EI ဖြစ်ပြီး ဒီထူးဆန်းပြီး ရယ်စရာကောင်းတဲ့ အကြံလေးကို ထုတ်ခဲ့နိုင်တဲ့ဆရာကတော့ Tlaxcala ကLuis Juarez Texis လို့သိရပါတယ်။ ဒီလိုဂျပ်ဖာစွပ်ထားခြင်းကြောင့် ကလေးတွေအနေနဲ့ ခေါင်းကိုအရမ်းမလှုပ်နိုင်တော့ဘဲ တစ်ယောက်နဲ့တစ်ယောက်မမြင်ရအောင်လုပ်ထားတဲ့ နည်းလမ်းလေးပဲ ဖြစ်ပါတယ်။

ကံဆိုးစွာနဲ့ပဲ ကျောင်းသားမိဘတွေအနေနဲ့ ဒီအကြံကို ကန့်ကွက်ကာ ဓါတ်ပုံရိုက်မျှဝေခဲ့တာ ဖြစ်ကြောင်း Elite Readers သတင်းဝက်ဘ်ဆိုက်မှာ ရေးသားတင်ပြခဲ့ပါတယ်။ မိဘတွေကတော့ ဒီလုပ်ရပ်ဟာ ကျောင်းသားတွေကို အရှက်ရစေပြီး သက်သက်မဲ့ကျောင်းသားတွေကို သိက္ခာချခြင်းဆိုပြီး ပြောဆိုဝေဖန်ပြစ်တင်ရှုံ့ချနေခဲ့ပါတယ်။ ဆရာ့ကိုလည်း ကျောင်းမှထုတ်ပယ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြကြောင်း Elite Readers မှဖော်ပြချက်အရ သိရပါတယ်။

ကျောင်းပိုင်ကတော့ ဒီအကြံဟာအရမ်းကောင်းပြီး ကလေးတွေလည်း နှစ်သက်ကြောင်းနဲ့ ဒီလိုဆရာကို ကျောင်းမှ မထုတ်ပယ်နိုင်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။အခြားဆရာတစ်ယောက်ရဲ့ထင်မြင်ချက်ကိုလည်း ဖော်ပြထားပါသေးတယ်။ ဒီလိုအကြံလေးက အရမ်းကောင်းပြီး စာမေးပွဲပြီးတဲ့နေ့မှာ ဂျပ်ဖာပေါ်မှာ ပုံတွေဆွဲပြီး စက်ရုပ်အကနဲ့ ပါတီလုပ်လို့ရနိုင်ကြောင်း အကောင်းဘက်ကတွေးကာ မှတ်ချက်ပေးပြောဆိုခဲ့ပါသေးတယ်။

ApannPyay ပရိတ်သတ်ကြီးအမြင်မှာရော ဆရာ့ရဲ့အကြံကို ဘယ်လိုထင်မြင်မိလည်း၊ ဆရာမှားလားမှန်လားဆိုတာ ထင်မြင်ချက်လေးတွေကို ရေးသားပေးနိုင်ပါတယ်နော။်

San Htet Wai-ApannPyay(အပန်းပြေ)