ခွေးလေးရဲ့မွေးနေ့လက်ဆောင်အဖြစ် “အမျိုးသမီးနဲ့ ချစ်တင်းနှော”ခိုင်းခဲ့တဲ့ ပိုင်ရှင်အမျိုးသား

189





နတ်သူကြီး

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ခွေးပိုင်ရှင်နဲ့ Jerrid Cook နဲ့ Rebekah Little အမည်ရ အမျိုးသမီးတို့ကို အလွန်ရွံရှာဖွယ်ရာ လုပ်ရပ်နဲ့ အမှုဖွင့်စစ်ထားကြောင်း သိရပါတယ်။ ခွေးနာမည်ကတော့ Ryder ဖြစ်ပြီး အဲဒီခွေးရဲ့မွေးနေ့လက်ဆောင်အဖြစ် ပိုင်ရှင် Cook က Rebekah နဲ့ ချစ်တင်းနှောခိုင်းခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ အမေရိကန် တက္ကဆက်ပြည်နယ်၊ ဟောက်စတန်မြို့မှာ ဖြစ်ခဲ့တာပါ။ ခွေးပိုင်ရှင် Cook က ခွေးလေးကို အလွန်ချစ်မြတ်နိုးတာကြောင့် အခုလို မပေးစဖူး အပေးထူးတဲ့လက်ဆောင်ကို စီစဉ်ခဲ့တာလို့ ဆိုပါတယ်။ အခြားလူတစ်ဦးလည်း ကြံရာပါမှုနဲ့ ရဲက စစ်ဆေးနေပါတယ်။

ကြံရာပါရဲ့အမည်ကတော့ Kevin Cook ဖြစ်ပြီး၊ သူနဲ့ Cook တို့ဟာ ခွေး Ryder နဲ့ Rebekah တို့ ချစ်တင်းနှောနေတာကို အေးဆေး စောင့်ကြည့်ဖို့ ပြင်ဆင်ခဲ့တယ်လို့ ဆိုကြပါတယ်။ လူသုံးယောက်စလုံးကို (၂၀၁၇) ခရစ်စမတ်ကတည်းက ဟာက်စတန်ရဲတပ်ဖွဲ့က အမှုဖွင့်ထားခဲ့တာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့တရားရုံးမှတ်တမ်းတွေအရ ခွေးလေး Ryder က ကြောက်လန့်တကြီးနဲ့ ခုန်ပေါက်ပြေးနေလို့ အကြံမအောင်ခဲ့ကြောင်း၊ Rebekah ရဲ့အဆိုအရ သူမဟာ ခွေးအစား ပိုင်ရှင်နဲ့ပဲ ဆက်ဆံခဲ့ရကြောင်းဆိုပါတယ်။ အမျိုးသမီးဖြစ်သူကိုသာ ဖမ်းမိထားသေးပြီး၊ ကျန်နှစ်ဦးကို ဖမ်းဝရမ်းထုတ်ထားပါသတဲ့။

နတ်သူကြီး