ေခြးရဲ႕လက္ကို ဓားနဲ႔ခုတ္ျဖတ္ခဲ့တဲ့ပုိင္ရွင္ (ႏွလုံးေရာဂါရွိသူမ်ား မၾကည့္သင့္တဲ့ ဗြီဒီယုိပါဝင္သည္)

91

ဗီယက္နမ္ႏုိင္ငံက ေခြးပုိင္ရွင္ အမ်ိဳးသမီးတစ္ေယာက္ဟာ ေခြးရဲ႕လက္ကုိ ဓားနဲ႔ရက္ရက္စက္စက္ ခုတ္ျဖတ္ခဲ့ပါတယ္။ ဒီျဖစ္ရပ္နဲ႔ပတ္သက္တဲ့ ဗြီဒီယုိဖုိင္ဟာ လူမႈကြန္ရက္မွာ ပ်ံ႔ႏွံ႔ခဲ့ၿပီးေနာက္ အဲဒီအမ်ိဳးသမီးကို ျပင္းထန္စြာ အေရးယူေပးဖုိ႔ ေတာင္းဆုိသူ ေထာင္နဲ႔ခ်ီ ရွိခဲ့ပါတယ္။

အဆုိပါ ေခြးရဲ႕လက္ကုိ ဓားနဲ႔ခုတ္ျဖတ္တဲ့ ဗြီဒီယုိဖုိင္ဟာ အမ်ားျပည္သူ ၾကည့္႐ႈရန္ မသင့္ေတာ္ေၾကာင္း သတင္းမီဒီယာေတြက ဆုံးျဖတ္ခဲ့ၿပီး၊ လူမႈကြန္ရက္ အသီးသီးမွာလည္း ဗြီဒီယုိကို Graphic ဗြီဒီယုိအျဖစ္ သတ္မွတ္ၿပီး၊ သတင္းမီဒီယာေတြကလည္း ဆင္ဆာျဖတ္ေတာက္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။

WorldOfBuzz သတင္းမွာ ေဖာ္ျပထားခ်က္အရ ေခြးေလးအမည္ကေတာ့ Mina ျဖစ္ၿပီး အသက္(၃)ႏွစ္လုိ႔ သိရပါတယ္။ Mina ဟာ အိမ္နီးနားခ်င္းေတြရဲ႕ ၾကက္ေတြ၊ ဘဲေတြကို လုိက္လံကိုက္ေလ့ရွိေၾကာင္း သိရတဲ့အတြက္ ပုိင္ရွင္က ေခြးေလးကို အခုလုိ ရက္ရက္စက္စက္ အျပစ္ေပးခဲ့တာပါ။

သူမဟာ ထက္ျမတဲ့ဓားနဲ႔ ေခြးေလးရဲ႕ ညာဘက္ဘက္ကို တိတိရိရိျပတ္သြားေအာင္ ခုတ္ျဖတ္ခဲ့ပါတယ္။ ေခြးမေလးရဲ႕ ဒဏ္ရာဟာ ရက္လြန္မွ ေဆးခန္းကို ေရာက္လာတဲ့အတြက္ ပုိမဝင္ေစဖုိ႔ အရင္းကေန ထပ္ၿပီးျဖတ္ေတာက္ခဲ့ရတယ္လုိ႔ သိရပါတယ္။ ဗီယက္နမ္မွာ တိ/ညႇဥ္းဥပေဒ မရွိလုိ႔ သူမကို အေရးယူဖုိ႔ မရွိဘူးလုိ႔ သိရပါတယ္။

နတ္သူႀကီး

ယူနီကုဒ်ဖြင့်ဖတ်ရန်-

ဗီယက်နမ်နိုင်ငံက ခွေးပိုင်ရှင် အမျိုးသမီးတစ်ယောက်ဟာ ခွေးရဲ့လက်ကို ဓားနဲ့ရက်ရက်စက်စက် ခုတ်ဖြတ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် အဲဒီအမျိုးသမီးကို ပြင်းထန်စွာ အရေးယူပေးဖို့ တောင်းဆိုသူ ထောင်နဲ့ချီ ရှိခဲ့ပါတယ်။

အဆိုပါ ခွေးရဲ့လက်ကို ဓားနဲ့ခုတ်ဖြတ်တဲ့ ဗွီဒီယိုဖိုင်ဟာ အများပြည်သူ ကြည့်ရှုရန် မသင့်တော်ကြောင်း သတင်းမီဒီယာတွေက ဆုံးဖြတ်ခဲ့ပြီး၊ လူမှုကွန်ရက် အသီးသီးမှာလည်း ဗွီဒီယိုကို Graphic ဗွီဒီယိုအဖြစ် သတ်မှတ်ပြီး၊ သတင်းမီဒီယာတွေကလည်း ဆင်ဆာဖြတ်တောက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

WorldOfBuzz သတင်းမှာ ဖော်ပြထားချက်အရ ခွေးလေးအမည်ကတော့ Mina ဖြစ်ပြီး အသက်(၃)နှစ်လို့ သိရပါတယ်။ Mina ဟာ အိမ်နီးနားချင်းတွေရဲ့ ကြက်တွေ၊ ဘဲတွေကို လိုက်လံကိုက်လေ့ရှိကြောင်း သိရတဲ့အတွက် ပိုင်ရှင်က ခွေးလေးကို အခုလို ရက်ရက်စက်စက် အပြစ်ပေးခဲ့တာပါ။

သူမဟာ ထက်မြတဲ့ဓားနဲ့ ခွေးလေးရဲ့ ညာဘက်ဘက်ကို တိတိရိရိပြတ်သွားအောင် ခုတ်ဖြတ်ခဲ့ပါတယ်။ ခွေးမလေးရဲ့ ဒဏ်ရာဟာ ရက်လွန်မှ ဆေးခန်းကို ရောက်လာတဲ့အတွက် ပိုမဝင်စေဖို့ အရင်းကနေ ထပ်ပြီးဖြတ်တောက်ခဲ့ရတယ်လို့ သိရပါတယ်။ ဗီယက်နမ်မှာ တိ/ညှဉ်းဥပဒေ မရှိလို့ သူမကို အရေးယူဖို့ မရှိဘူးလို့ သိရပါတယ်။

နတ်သူကြီး