သားသမီး (၉)ယောက်ရှိပေမယ့်၊ ဆေးရုံလိုက်မပို့လို့ တစ်ယောက်တည်း လာခဲ့ရတဲ့အဖွား
129
နတ်သူကြီး
ယူနီကုဒ်ဖြင့်ဖတ်ရန်-
အသက်(၈၀)ကျော်လို့ ခန့်မှန်းရတဲ့ အဖွားအိုတစ်ယောက်ဟာ သူမ နေမကောင်း ဖျားနာနေတဲ့အတွက် သားသမီးတွေကို ဆေးရုံလိုက်ပို့ဖို့ အကြောင်းကြားခဲ့ပေမယ့် ဘယ်သူမှ လိုက်မပို့လို့ သူမတစ်ယောက်တည်း တုန်တုန်ချိချိနဲ့ ဆေးရုံကို သွားခဲ့ရကြောင်း WorldOfBuzz က ဖော်ပြထားပါတယ်။
အဖွားရဲဲ့အမည်ကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ သူမရဲ့အကြောင်းကို Siakap Keli  အမည်ရ သတင်းဝက်ဘ်တစ်ခုကနေ ပြန်လည် မျှဝေထားတာပါ။ အဖွားဟာ သာသမီး (၉)ယောက်စလုံးရဲ့ စွန့်ပစ်ခြင်းကို ခံထားရသူဖြစ်ပေမယ့်၊ တကယ်တမ်း နေမကောင်းချိန် သားသမီးကို အားကိုးချင်တာပါ။
အဖွားကို မြင်တော့ ဆေးရုံရောက်နေတဲ့ လူတစ်ဦးက စေတနာနဲ့ ကူညီပေးခဲ့ရာ၊ အဖွားမှာ သူမရဲ့ သားသမီးတွေကို သတိရမိပုံရှိပြီး၊ မျက်ရည်အဝိုင်းသားနဲ့ ဖြစ်ခဲ့ရရှာတယ်လို့ ပြောပါတယ်။ သူမဟာ ဖျားနာနေချိန်မှာ မိမိဘာသာ ပြုစုရင် ရှိတဲ့အသက်ကလေးကို ဖက်တွယ်ထားရတာပါ။
အဖွားကို ကူညီခဲ့သူက သူရဲ့ဖုန်းနဲ့ အဖွားရဲ့သားသမီးတွေထံကို အကြောင်းကြားပေးခဲ့ကြောင်း၊ သူတို့ လာမယ်လို့ ပြောခဲ့ပေမယ့် သိပ်စိတ်မပါတဲ့ လေသံကို ကြားနေရကြောင်း၊ ဘာပဲဖြစ်ဖြစ်၊ တစ်ယောက်ယောက် ရောက်လာပြီး အဖွားကို အဆင်ပြေချောမွေ့အောင် ကူညီပေးလိမ့်မယ်လို့ သူက ယူဆနေပါတယ်။
နတ်သူကြီး