သခွားသီးကိုမြင်​ရင်​ ​ကြောင်​​တွေ ဖိန့်​ဖိန့်​တုန်​သွားရတဲ့ အ​ကြောင်းရင်း (ရုပ်သံ)

302

ကြော​င်​​တွေဟာ သခွားသီးကိုသူတို့အနားမှာ အမှတ်​မထင်​ဘဲမြင်​လိုက်​ရရင်​ ကြက်​သီး​မွေးညင်း​တွေဖွားခနဲ​ထောင်​ထလာပြီး ထိတ်​လန့်​တကြားထခုန်​လို့ခုန်​၊ ​လေထဲကိ လွှားခနဲခုန်​​ပျံပြီး စိတ်ရူး​ပောက်သလိုပုံစံနဲ့ ​​ထွက်​​ပြေးလို့ထွက်​​ပြေးနဲ့….. ဒါကို ​ကြောင်​​မွေးဖူးသူတိုင်း မြင်​​တွေ့ဖူးကြပါလိမ့်​မယ်​​။

ဒါဆိုရင်​ သခွားသီးကိုမြင်​ရင်​ ​ကြောင်​​တွေဟာ ဖိန့်​ဖိန့်​တုန်​သွားရတဲ့ ဒီလို​ကြောက်​လန့်​သွားရတဲ့ အ​ကြောင်းရင်းက ဘာများဖြစ်​မလဲ?

ဒါနဲ့ပတ်​သက်​ပြီး တိရစ္ဆာန်​​တွေရဲ့အပြုအမူနဲ့တုံ့ပြန်​မှုဆိုင်​ရာ ကျွမ်းကျင်​ပညာရှင်​တဦးရဲ့ ​လေ့လာ​တွေ့ရှိမှုကို HuffPost Lifestyle ဝက်​ဘ်​ဆိုက်​မှာ​ဖော်​ပြသွားခဲ့တာကို ApannPyay ချစ်​ပရိသတ်​ကြီးအတွက်​ ဘာသာပြန်​ပြီပြန်​လည်​တင်​ဆက်​​ပေးလိုက်​ရခြင်းဖြစ်​ပါတယ်​။

ကြောင်​​တွေဟာ သိပ်​ပြီးလျင်​မြန်​ဖျတ်​လတ်​တဲ့သတ္တဝါ​တွေဖြစ်​တာနဲ့အညီ သူတို့ရဲ့တုံ့ပြန်​မှုဟာ အချိန်​စက္ကန့်​ပိုင်းအတွင်း သိပ်​ကို​ပေါ့ပားမြန်​ဆန်​လွန်းလှတာဖြစ်​ပါတယ်​။

သူတို့မှာ လူသား​တွေထက်​ ပိုမိုသာလွန်​တဲ့ အကြားအာရုံနဲ့ အနံ့ခံအာရုံကိုလည်းထူးထူးခြားခြားပိုင်​ဆိုင်​ထားတာဖြစ်​ပါတယ်​​။

တိရစ္ဆာန်​​တွေရဲ့အပြုအမူနဲ့တုံ့ပြန်​မှုဆိုင်​ရာ ကျွမ်းကျင်​ပညာရှင်​တဦးဖြစ်​တဲ့ ​ဒေါက်​တာ​ရော်​ဂျာရဲ့အဆိုအရ ​ကြောင်​​တွေဟာ ဘာမှန်းမသိရတဲ့အရာဝတ္တုတခုကိုမြင်​ရင်​ ဗီဇအရ အမြဲသံသယဝင်​​လေ့ရှိပြီး သူတို့ကိုအ​နှောင့်​အယှက်​​ပေးမယ့်​ ​မြွေလိုတိရစ္ဆာန်​ဖြစ်​​နေမလား၊ အသက်​ကိုနှုတ်​မယ့်​ထူးဆန်းသတ္တဝါ​လေလားလို့ ထင်​မှတ်​ကြ​လေ့ရှိပါတယ်​တဲ့။

ဒါဟာ ​ကြောင်​​တွေအတွက်​ သခွားသီးကိုမြင်​မှ အထိတ်​တလန့် ပြုမူတုံ့ပြန်​တတ်​ကြတာမဟုတ်​ဘဲ ပင့်​ကူ၊ ပလတ်​စတစ်​ငါး၊နဲ့ လူ​တွေသုံးတဲ့မျက်​နှာဖုံး​တွေကိုလဲ အမှတ်​မထင်​နဲ့မြင်​​တွေ့ရချိန်​တိုင်းမှာ အခုလိုပဲတုံ့ပြန်​ပြုမူကြတာဖြစ်​တယ်​လို့ သူကဆိုခဲ့ပါတယ်​။

အခုတင်​ဆက်​​ပေးမယ့်​ Video ထဲမှာဆိုရင်​လည်း သူတို့အစာစား​နေချိန်​မှာ သူတို့ရဲ့​နောက်​ကွယ်​မှာ သခွားသီး အရွယ်​ခပ်​ကြီးကြီးတလုံးကို မသိလိုက်​မသိဘာသာထား​ပေးတဲ့အခါ လူ​တွေရဲ့အမြင်​မှာ ​ကြောင်​​တွေရဲ့ရယ်​​မောချစ်​စဖွယ်​ရာအပြုအမူအဖြစ်​ ​တွေ့မြင်​ရမှာဖြစ်​​ပေမဲ့ ဒါဟာတကယ်​တမ်း​တော့​ကြောင်​​တွေရဲ့ကျန်းမာ​ရေးအတွက်​ ထိခိုက်​​စေပါတယ်​တဲ့။ ​ကြောင်​​တွေဟာ သူတို့အစာစားရာ​နေရာကို ကမ္ဘာ​ပေါ်မှာစိတ်​ချလုံခြုံမှုအရှိဆုံး​နေရာတခုအဖြစ်​ မှတ်​ယူထားတာ​ကြောင့်​ဖြစ်​ပါတယ်​ ApannPyay ချစ်​ပရိသတ်​ကြီးတို့​ရေ။

EFIL-ApannPyay