ယောကျာင်္း​တွေရဲ့အသံကို မကြားနိုင်​​တော့တဲ့ အမျိုးသမီး

149

Dailymail သတင်းရဲ့​ဖော်​ပြချက်​အရ တရုတ်​နိင်​ငံ၊ Xiamen ​ဒေသကအမျိုးသမီးတဦးဟာ ​ယောကျာင်္း​တွေရဲ့အသံကိုမှ မကြားသိနိုင်​​တော့တဲ့ အကြားချို့ယွင်းမှု ရှားပါး ​ရောဂါတမျိုးကို ခံစားခဲ့ရတယ်​လို့သိရှိခဲ့ရပါတယ်​။

ဒီသတင်းကို Dailymail သတင်းဝက်​ဘ်​ဆိုက်​က​နေ ​ဖော်​ပြသွားခဲ့တာဖြစ်​ပြီး ApannPyay မှ ဘာသာပြန်ရေးသား တင်ပြခြင်းဖြစ်ပါတယ်​။

သူဟာ ​နေ့ရက်​တရက်​မှာ နိုးထလာခဲ့ချိန်​ ကံဆိုးမိုး​မှောင်​ကျခဲ့ပါတယ်​။ အဲ့ဒါက​တော့ သူ့ ချစ်​သူ​ကောင်​​လေးရဲ့အသံကို သူလုံးဝမကြားနိုင်​​တော့တာဖြစ်​ပါတယ်​။ ချစ်​သူ​ကောင်​​လေးက ကိုယ့်​အသံကို​တောင်​ကားနိုင်​စွမ်းမရှိ​တော့တဲ့ သူ့ကို အပြစ်​တင်​မ​နေခဲ့ပါဘူး။ အ​ကြောင်းက​တော့ ဒီအမျိုးသမီးဟာ ဘယ်​လို​ယောကျာင်္းမျိုးရဲ့​ယောကျာင်္းအသံကိုမှမကြားနိုင်​​တော့​တဲ့ ​ရောဂါ​ဝေဒနာ​တမျိုးကိုရသွားခဲ့တာပါ။

သူ့ကိုကုသမှုခံယူ​စေရာမှာ​တော့ reverse slope လို့ ​ခေါ်တဲ့ ရှားပါးအကြားအာရုံချို့ယွင်းမှု​ရောဂါတမျိုး ဖြစ်​ပွား​နေခဲ့တာဖြစ်​​ကြောင်းသိရှိခဲ့ရပါတယ်​။ ဒီ​ရောဂါရဲ့သ​ဘောသဘာဝက​တော့ ပုံမှန်​လူတ​ယောက်​ကြားသိနိုင်​တဲ့ အသံလှိုင်းပမာဏ နဲ့ အသံအနိမ့်​အမြင့်​ဟာ သူ့ရဲ့အကြားအာရုံစနစ်​မှာ အကန့်​အသတ်​ရှိသွားခဲ့တာဖြစ်​ပါတယ်​ AlinnMyay ချစ်​ပရိသတ်​ကြီးတို့​ရေ။

အမျိုးသားအသံ​တွေဟာ အသံကြိမ်​နှုန်းနိမ့်​တာဖြစ်​ပြီး စူးရှမှုအရလဲ အနိမ့်​သံဖြစ်​တာ​ကြောင့်​ သူဟာဒီလိုအသံ​တွေကိုကြားနိုင်​စွမ်းကင်းမဲ့သွားခဲ့တာဖြစ်​ပါတယ်​။ ဒါဟာ လူ​တွေကြုံ​တွေ့​နေကျဖြစ်​တဲ့ အကြားအာရုံချို့ယွင်းမှုနဲ့​ပြောင်းပြန်​အ​ခြေအ​နေတခုလဲဖြစ်​ပါတယ်​။

ဒါဟာ ​မွေးရာပါ မျိုးဗီဇ​ဖောက်​ပြန်​မှုအရ နားဖွဲ့စည်းမှုချို့ယွင်းမှု​ဖြစ်​​ပေါ်ပြီး ကြုံ​တွေ့ နိုင်​တဲ့ အကြားအာရုံ​ရောဂါတမျိုးလဲဖြစ်​​ကြောင်းသိရပါတယ်​။ သူကြုံ​တွေ့ခဲ့ရတာဟာ အမျိုးသားအသံနှုန်း​တွေကို ကြားနိုင်​စွမ်းမရှိ​တော့တာလို့ အတိအကျ​ပြောရမှာဖြစ်​ပြီး အမျိုးသားအသံ​ပေါက်​​နေတဲ့ အမျိုးသမီးတစုံတဦးရဲ့အသံကိုပါ သူဟာကြားနို​င်​​တော့မှာမဟုတ်​ဘဲ အမျိုးသမီးအသံနှုန်းရှိတဲ့ အမျိုးသားတ​ယောက်ရဲ့အသံဆိုမှသာ သူဟာကြားနိုင်​မှာဖြစ်​​ကြောင်း သိရှိခဲ့ရပါတယ်​​။

EFIL-ApannPyay