လူတစ်စုက သူမကို ပြန်ပေးဆွဲခဲ့ကြောင်း အိမ်ကိုလိမ်ပြောခဲ့တဲ့ ၁၁ နှစ်သမီးလေး

140

Klang က ၁၁ နှစ်အရွယ်သမီးလေးဟာ အတန်းလစ်ခဲ့တာကို မိခင်ကို အမှန်အတိုင်းမပြောခဲ့ဘဲ လူတစ်စုက သူမကို ပြန်ပေးဆွဲဖို့ အသဲအသန်ကြိုးစားခဲ့ကြောင်း လိမ်ပြောခဲ့တဲ့ ဖြစ်ရပ်လေးကို Worldofbuzz သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားခဲ့ပြီး APANNPYAY ပရိတ်သတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါရစေနော်။

The Star သတင်းဝက်ဘ်ဆိုက်ရဲ့ဖော်ပြချက်အရ ကျောင်းသူလေးဟာ Bukit Kapar Barat မှာရှိတဲ့ မူလတန်းကျောင်းတစ်ကျောင်းမှာတက်ရောက်နေပြီး ကျောင်းမှာချမှတ်ထားတဲ့ အာရပ်ဘာသာစကားသင်ယူမယ့်အတန်းကို အတော်လေးမုန်းကြောင်း စစ်ဆေးမှုတွေအရ သိရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ထိုအတန်းချိန်မှာ မတက်ဘဲ အပြင်ထွက်နေခဲ့တာ ဖြစ်ပါတယ်။

သမီးငယ်ရဲ့ဇာတ်လမ်းကို အမှန်ထင်နေတဲ့မိခင်ကြီးကတော့ စက်တင်ဘာလ ၇ ရက်နေ့မှာ ရဲ့စခန်းကို သွားရောက်အမှုဖွင့်ခဲ့ပြီး ရဲတွေအနေနဲ့ သေချာမေးမြန်းကြည့်ချိန်မှာတော့ ကလေးမလေးဟာ လိမ်နေကြောင်း ပေါ်လွင်ထင်ရှားခဲ့တာ ဖြစ်ပါတယ်။ အားလုံးပေါင်း လူရှစ်ယောက်က သူမကို အလုံပိတ်ကားနဲ့ ပြန်ပေးဆွဲဖို့လုပ်ကြောင်းနဲ့ သူမအနေနဲ့ရုန်းကန်ပြီး လွှတ်လာကြောင်း အကွက်ကျကျ လိမ်ခဲ့တယ်လို့ Worldofbuzz သတင်းမှတင်ပြချက်အရ သိရပါတယ်။

သူမလိမ်တဲ့ကိစ္စက ရဲတွေကို အလုပ်ရှုပ်စေခဲ့တာကြောင့် ဆိုရှယ်မီဒီယာတွေပေါ်ထိပျံ့နှံ့လာခဲ့တာပဲ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးငယ်ကို မလိမ်တတ်အောင်ဆုံးမပေးဖို့ မှာကြားပြီး သမီးငယ်လေးကို သေချာသွန်သင်ပေးဖို့ ပိုတာဝန်ကြီးခဲ့ပြီဖြစ်ပါတယ်။

ApannPyay ပရိတ်သတ်ကြီးလည်း ကလေးငယ်တစ်ယောက်ကို ပိုင်ဆိုင်ထားရင် သူ့အနေနဲ့ ငယ်နေပါစေ၊ အမြဲစောင့်ကြည့်ပေးဖို့လိုအပ်ပါတယ်နော်။ ကလေးငယ်ရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေလည်းဆိုတာ အရိပ်တကြည့်ကြည့် လုပ်ပြီး သွန်သင်နေဖို့က အင်မတန်မှ အရေးကြီးလှပါတယ်။ သင်ကိုယ်တိုင်လည်း တတ်နိုင်သလောက် မလိမ်မိအောင်ကြိုးစားပါနော်။ ကလေးမလေးလည်း ဒီလောက်ထိဖြစ်မယ်မထင်လို့ လိမ်ခဲ့ရကနေ ဖြစ်ပွားခဲ့ရတာပါ။

San Htet Wai-ApannPyay(အပန်းပြေ)