လႊင့္ပစ္ေတာ့မယ့္ ေခါက္ဆြဲထုပ္(၂၀၀၀)ေက်ာ္နဲ႔ ကေလးကစားစရာအိမ္ေလးကို ေဆာက္ျပခဲ့သူ

154

အိုင္ဒီယာေကာင္းေကာင္းရွိရင္ ဘာမဆို လက္ေတြ႔လုပ္လိုက္ရံုပဲဆိုတာကို သက္ေသျပေနသူကေတာ့ Zhang ဆိုတဲ့ အမ်ိဳးသားပါပဲ။ သတ္မွတ္ရက္ေက်ာ္ေနျပီျဖစ္တဲ့ ေခါက္ဆြဲေျခာက္ထုပ္ေတြကို လႊတ္ပစ္ေတာ့မယ့္ သူငယ္ခ်င္းဆီကေနေတာင္းျပီး၊ ကေလးကစားစရာအိမ္ေလးကို ကိုယ္ပိုင္တီထြင္ခဲ့သူပါ။

ဒီအိမ္ေလးကို ေဆာက္ခဲ့တဲ့ အမ်ိဳသားရဲ႕ အေၾကာင္းကို China Press ကေန ေဖာ္ျပထားတာကို Apannpyay ပရိသတ္ေတြအတြက္ ျပန္ေဖာ္ျပပါမယ္။ သူကတရုတ္ႏိုင္ငံ Jilin မွာေနတဲ့ Zhang ဆိုတဲ့ အမ်ိဳးသားပါ။ မၾကာခင္မွာ ကေလးအေဖဘ၀ကို ကူးေျပာင္းေတာ့မယ့္ သူ႔အတြက္ ကေလးလေးေမြးလာရင္ အရုပ္ေလးေတြကိုယ္တိုင္လုပ္ေပးခ်င္တာ သူ႔ဆႏၵပါ။

တစ္ရက္မွာ ေျခာက္ဆြဲေျခာက္ေတြကို ျဖန္ေနတဲ့ သူငယ္ခ်င္းျဖစ္တစ္ေယာက္ကေန ရက္လြန္ေနတဲ့ ေခါက္ဆြဲထုပ္ေတြ လႊင့္ပစ္ရမယ့္အေၾကာင္း စကားစရာကေန အၾကံစရလာပါတယ္။ သူ႔ကို အကုန္ေပးဖို႔ ေျပာခဲ့ျပီး၊ သူငယ္ခ်င္းကလည္း ဘာလုပ္မလို႔လဲလို႔ ေမးခဲ့ပါတယ္။ အမ်ိဳးသားက ေခါက္ဆြဲထုပ္ေတြကို မေၾကေအာင္ေသခ်ာေလးဖြင့္ျပီး၊ စကၠဴကပ္ေကာ္နဲ႔ ေဆာက္ခဲ့ပါတယ္။

ေခါက္ဆြဲေျခာက္ေတြက အုတ္နီခဲလိုသေဘာထားခဲ့ကာ ေကာ္ကိုေတာ့ ဘိလပ္ေျမလို ထားခဲ့ပါတယ္။ ၾကာခ်ိန္ (၄)ရက္နဲ႔ သူလိုခ်င္တဲ့ ဒီဇိုင္းေလးေတြကိုပါ အထဲမွာထည္႔ေဆာက္ခဲ့တာပါ။ အထဲမွာ လူၾကီးတစ္ေယာက္အိပ္လို႔ရတဲ့ ကုတင္တစ္လံုးကို ထည္႔ထားခဲ့ျပီး၊ က်ယ္က်ယ္၀န္း၀န္းနဲ႔ အိမ္အေသးစားေလးလိုပံုသြင္းခဲ့ပါတယ္။ လက္ရာကေတာ့ APANNPYAY ပရိသတ္ေတြ ျမင္တဲ့အတိုင္းပါပဲ။

အခုမွစလုပ္ဖူးတာျဖစ္တဲ့အတြက္ ဘယ္ေလာက္ခံမယ္နဲ႔ ဘယ္အခ်ိန္ထိသံုးလို႔ရမလဲဆိုတာကိုေတာ့ မေျပာထားပါဘူး။ အမ်ိဳးသားကေတာ့ အထဲကို၀င္လိုက္တာနဲ႔ ေခါက္ဆြဲနံ႕ေလးသင္းေနတာက စိတ္ကိုၾကည္ႏူးေစတယ္လို႔ ဆိုပါတယ္။ ကေလးေလးေမြးလာရင္ေတာ့ ေဆာ့ဖို႔ေနရာရည္ရြယ္ထားေပမဲ့ အဲဒီအခ်ိန္ေလာက္ထိ မခံေလာက္ဘူးလို႔လည္း သူ႕အထင္ကို သတင္းဌာနကို ေျပာထားပါတယ္။

သူေရး (APANNPYAY)

UNICODE

လွှင့်ပစ်တော့မယ့် ခေါက်ဆွဲထုပ်(၂၀၀၀)ကျော်နဲ့ ကလေးကစားစရာအိမ်လေးကို ဆောက်ပြခဲ့သူ

အိုင်ဒီယာကောင်းကောင်းရှိရင် ဘာမဆို လက်တွေ့လုပ်လိုက်ရုံပဲဆိုတာကို သက်သေပြနေသူကတော့ Zhang ဆိုတဲ့ အမျိုးသားပါပဲ။ သတ်မှတ်ရက်ကျော်နေပြီဖြစ်တဲ့ ခေါက်ဆွဲခြောက်ထုပ်တွေကို လွှတ်ပစ်တော့မယ့် သူငယ်ချင်းဆီကနေတောင်းပြီး၊ ကလေးကစားစရာအိမ်လေးကို ကိုယ်ပိုင်တီထွင်ခဲ့သူပါ။

ဒီအိမ်လေးကို ဆောက်ခဲ့တဲ့ အမျိုသားရဲ့ အကြောင်းကို China Press ကနေ ဖော်ပြထားတာကို Apannpyay ပရိသတ်တွေအတွက် ပြန်ဖော်ပြပါမယ်။ သူကတရုတ်နိုင်ငံ Jilin မှာနေတဲ့ Zhang ဆိုတဲ့ အမျိုးသားပါ။ မကြာခင်မှာ ကလေးအဖေဘဝကို ကူးပြောင်းတော့မယ့် သူ့အတွက် ကလေးလေးမွေးလာရင် အရုပ်လေးတွေကိုယ်တိုင်လုပ်ပေးချင်တာ သူ့ဆန္ဒပါ။

တစ်ရက်မှာ ခြောက်ဆွဲခြောက်တွေကို ဖြန်နေတဲ့ သူငယ်ချင်းဖြစ်တစ်ယောက်ကနေ ရက်လွန်နေတဲ့ ခေါက်ဆွဲထုပ်တွေ လွှင့်ပစ်ရမယ့်အကြောင်း စကားစရာကနေ အကြံစရလာပါတယ်။ သူ့ကို အကုန်ပေးဖို့ ပြောခဲ့ပြီး၊ သူငယ်ချင်းကလည်း ဘာလုပ်မလို့လဲလို့ မေးခဲ့ပါတယ်။ အမျိုးသားက ခေါက်ဆွဲထုပ်တွေကို မကြေအောင်သေချာလေးဖွင့်ပြီး၊ စက္ကူကပ်ကော်နဲ့ ဆောက်ခဲ့ပါတယ်။

ခေါက်ဆွဲခြောက်တွေက အုတ်နီခဲလိုသဘောထားခဲ့ကာ ကော်ကိုတော့ ဘိလပ်မြေလို ထားခဲ့ပါတယ်။ ကြာချိန် (၄)ရက်နဲ့ သူလိုချင်တဲ့ ဒီဇိုင်းလေးတွေကိုပါ အထဲမှာထည့်ဆောက်ခဲ့တာပါ။ အထဲမှာ လူကြီးတစ်ယောက်အိပ်လို့ရတဲ့ ကုတင်တစ်လုံးကို ထည့်ထားခဲ့ပြီး၊ ကျယ်ကျယ်ဝန်းဝန်းနဲ့ အိမ်အသေးစားလေးလိုပုံသွင်းခဲ့ပါတယ်။ လက်ရာကတော့ APANNPYAY ပရိသတ်တွေ မြင်တဲ့အတိုင်းပါပဲ။

အခုမှစလုပ်ဖူးတာဖြစ်တဲ့အတွက် ဘယ်လောက်ခံမယ်နဲ့ ဘယ်အချိန်ထိသုံးလို့ရမလဲဆိုတာကိုတော့ မပြောထားပါဘူး။ အမျိုးသားကတော့ အထဲကိုဝင်လိုက်တာနဲ့ ခေါက်ဆွဲနံ့လေးသင်းနေတာက စိတ်ကိုကြည်နူးစေတယ်လို့ ဆိုပါတယ်။ ကလေးလေးမွေးလာရင်တော့ ဆော့ဖို့နေရာရည်ရွယ်ထားပေမဲ့ အဲဒီအချိန်လောက်ထိ မခံလောက်ဘူးလို့လည်း သူ့အထင်ကို သတင်းဌာနကို ပြောထားပါတယ်။

သူရေး (APANNPYAY)