စည္းကမ္းမဲ့ လမ္းကူသူတစ္ဦးကုိ ကားတုိက္တာျမင္ၿပီး၊ ခ်က္ခ်င္းအပုိးက်ိဳးသြားတဲ့ ေခြးေလး(႐ုပ္/သံ)

313

တ႐ုတ္ႏုိင္ငံ၊ Jiangsu မွာ ၿပီးခဲ့တဲ့ စက္တင္ဘာ(၇)ရက္က ယာဥ္မေတာ္တဆမႈျဖစ္ခဲ့ရာ၊ အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္တဲ့ CCTV ဗြီဒီယုိဖုိင္ဟာ လူမႈကြန္ရက္မွာ အေတာ္ေလး ေရပန္းစားခဲ့ပါတယ္။ NextShark သတင္းဌာနက ေဖာ္ျပထားတဲ့သတင္းကို ApannPaya က ျပန္လည္ဘာသာျပန္ထားပါတယ္။

ဒီအျဖစ္အပ်က္မွာ လူတစ္ေယာက္ဟာ စည္းကမ္းမဲ့ လမ္းျဖတ္ကူးရင္း၊ တစ္ဖက္ယာဥ္ေၾကာရဲ႕ ေကြ႕ေၾကာထဲမွာ ေဘးပတ္ဝန္းက်င္ကို လုံးဝဂ႐ုမစိုက္ဘဲ လမ္းေလွ်ာက္လာတာကို ဗြီဒီယုိထဲမွာ အားလုံးေတြ႕ရမွာပါ။ အဲဒီအမ်ိဳးသားဟာ ေကြ႕ေၾကာကေန အရွိန္နဲ႔ ေမာင္းလာတဲ့ ကားနဲ႔ ပက္ပင္းတုိက္မိသြားပါတယ္။

သူဟာ ကားေလကာမွန္ေပၚအထိ ခႏၶာကိုယ္ လြင့္တက္သြားၿပီး၊ ေအာက္ကုိ တစ္ပတ္ကၽြမ္းလည္ကာ ျပန္က်ခဲ့ပါတယ္။ ကားသမား ထြက္လာၿပီး အက်ိဳးအေၾကာင္းေမးေနတာကိုလည္း ေတြ႕ရပါတယ္။ တကယ္ေတာ့ ကားသမား မမွားပါဘူး။ သူက မီးစိမ္းခ်ိန္ ေမာင္းလာတာပါ။

ဒီအလုိအခ်ိန္ လူကူးမ်ဥ္းၾကားကေန လမ္းျဖတ္ကူးတဲ့သူကို သူက တုိက္မိရင္ သူမွန္တယ္ကိုယ္မွန္တယ္ အျငင္းပြားစရာရွိေပမယ့္၊ အခုကိစၥမွာေတာ့ လမ္းျဖတ္ကူးသူ အမွားပါဘဲ။ ဒါကို ေကာင္းေကာင္း ျမင္ေတြ႕သြားတဲ့ ေခြးေလးတစ္ေကာင္ဟာ ခ်က္ခ်င္း အပုိးက်ိဳးသြားၿပီး လူကူးမ်ဥ္းၾကားကေန ေသေသခ်ာခ်ာ လမ္းျဖတ္ကူးသြားတာကို ေတြ႕ရပါတယ္။

တိရစာၦန္ေတြသာ စည္းကမ္းေသဝပ္ေအာင္ ဖိအားေပး သင္ၾကားထားရင္၊ အဲဒီစည္းကမ္းကို အ႐ုိးထဲစြဲေအာင္ လုိက္နာတတ္တယ္ဆုိတာ ျမင္သာေစမွာပါ။ လူေတြကေတာ့ လစ္ရင္တစ္မ်ိဴး၊ မလစ္ရင္တစ္သြယ္ စည္းကမ္းေတြကုိ ေျဗာင္က်က် ေဖာက္လုိက္၊ မသိလုိက္မသိဖာသာ ေဖာက္လုိက္နဲ႔ပါ။ ApannPyay ပရိသတ္ႀကီးလည္း လမ္းကူးရင္ သတိထားေနာ္။

နတ္သူႀကီး

ယူနီကုဒ်ဖြင့်ဖတ်ရန်-

တရုတ်နိုင်ငံ၊ Jiangsu မှာ ပြီးခဲ့တဲ့ စက်တင်ဘာ(၇)ရက်က ယာဉ်မတော်တဆမှုဖြစ်ခဲ့ရာ၊ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်တဲ့ CCTV ဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ အတော်လေး ရေပန်းစားခဲ့ပါတယ်။ NextShark သတင်းဌာနက ဖော်ပြထားတဲ့သတင်းကို ApannPaya က ပြန်လည်ဘာသာပြန်ထားပါတယ်။

ဒီအဖြစ်အပျက်မှာ လူတစ်ယောက်ဟာ စည်းကမ်းမဲ့ လမ်းဖြတ်ကူးရင်း၊ တစ်ဖက်ယာဉ်ကြောရဲ့ ကွေ့ကြောထဲမှာ ဘေးပတ်ဝန်းကျင်ကို လုံးဝဂရုမစိုက်ဘဲ လမ်းလျှောက်လာတာကို ဗွီဒီယိုထဲမှာ အားလုံးတွေ့ရမှာပါ။ အဲဒီအမျိုးသားဟာ ကွေ့ကြောကနေ အရှိန်နဲ့ မောင်းလာတဲ့ ကားနဲ့ ပက်ပင်းတိုက်မိသွားပါတယ်။

သူဟာ ကားလေကာမှန်ပေါ်အထိ ခန္ဓာကိုယ် လွင့်တက်သွားပြီး၊ အောက်ကို တစ်ပတ်ကျွမ်းလည်ကာ ပြန်ကျခဲ့ပါတယ်။ ကားသမား ထွက်လာပြီး အကျိုးအကြောင်းမေးနေတာကိုလည်း တွေ့ရပါတယ်။ တကယ်တော့ ကားသမား မမှားပါဘူး။ သူက မီးစိမ်းချိန် မောင်းလာတာပါ။

ဒီအလိုအချိန် လူကူးမျဉ်းကြားကနေ လမ်းဖြတ်ကူးတဲ့သူကို သူက တိုက်မိရင် သူမှန်တယ်ကိုယ်မှန်တယ် အငြင်းပွားစရာရှိပေမယ့်၊ အခုကိစ္စမှာတော့ လမ်းဖြတ်ကူးသူ အမှားပါဘဲ။ ဒါကို ကောင်းကောင်း မြင်တွေ့သွားတဲ့ ခွေးလေးတစ်ကောင်ဟာ ချက်ချင်း အပိုးကျိုးသွားပြီး လူကူးမျဉ်းကြားကနေ သေသေချာချာ လမ်းဖြတ်ကူးသွားတာကို တွေ့ရပါတယ်။

တိရစ္ဆာန်တွေသာ စည်းကမ်းသေဝပ်အောင် ဖိအားပေး သင်ကြားထားရင်၊ အဲဒီစည်းကမ်းကို အရိုးထဲစွဲအောင် လိုက်နာတတ်တယ်ဆိုတာ မြင်သာစေမှာပါ။ လူတွေကတော့ လစ်ရင်တစ်မျိူး၊ မလစ်ရင်တစ်သွယ် စည်းကမ်းတွေကို ဗြောင်ကျကျ ဖောက်လိုက်၊ မသိလိုက်မသိဖာသာ ဖောက်လိုက်နဲ့ပါ။ ApannPyay ပရိသတ်ကြီးလည်း လမ်းကူးရင် သတိထားနော်။

နတ်သူကြီး