က​လေးကို အပြာကာတွန်းကားပြပြီး လိင်​ပိုင်းဆိုင်​ရာ​စော်​ကားခဲ့တဲ့ အိမ်​နီးချင်း

203

DailyMail သတင်းရဲ့​ဖော်​ပြချက်​အရ စင်​ကာပူနိုင်ငံက အသက်​ ၄၇ နှစ်​အရွယ်​အမျိုးသားတဦးဟာ အိမ်​နီးချင်းမိတ်​​ဆွေရဲ့အိမ်​ကိုအလည်​သွား​နေတုန်း မိတ်​​ဆွေရဲ့ အသက်​ ၈ နှစ်​အရွယ်​ သမီးငယ်​​လေးကို အပြာကာတွန်းကားကိုပြပြီး လိင်​ပိုင်းဆိုင်​ရာ​စော်​ကားခဲ့မှု အခင်းဖြစ်​ပွားခဲ့တယ်​လို့သိရှိခဲ့ရပါတယ်​။

ဒီသတင်းကို Dailymail သတင်းဝက်​ဘ်​ဆိုက်​က​နေ ​ဖော်​ပြသွားခဲ့တာဖြစ်​ပြီး ApannPyay မှ ဘာသာပြန်ရေးသား တင်ပြခြင်းဖြစ်ပါတယ်​။

အဲ့ဒီအမျိုးသားရဲ့မိခင်​နဲ့ က​လေးရဲ့မိခင်​ဟာ ရင်းနှီး​ခင်​မင်​​နေကျဖြစ်​တာ​ကြောင့်​ သူဟာ က​လေးရဲ့အိမ်​ကို အဝင်​အထွက်​အသွားအလာရှိ​နေသူဖြစ်​တဲ့အပြင်​ တံခါးမရှိဓားမရှိဝင်​​ထွက်​သွားလာလို့​အောင်​ က​လေးတို့အိမ်​​ရဲ့ အိမ်​သာ့တစုံကိုပါ သူ့မှာရှိထားတဲ့အထိ ရင်းနှီးတဲ့အဆင့်​ဖြစ်​​ကြောင်းသိရပါတယ်​။

က​လေးငယ်​ဟာလည်း အဲ့ဒီ အမျိုးသားရဲ့အိပ်​ခန်းထဲထိ ဝင်​ထွက်​သွားလာ​ဆော့ကစား​လေ့ရှိပြီး တခါတရံမှာ က​လေးနဲ့သူနဲ့ နှစ်​​ယောက်​တည်းရှိ​နေတတ်​​ကြောင်းလည်းဆိုပါတယ်​။

ဖြစ်စဉ်အရ ​​တရက်​မှာ​တော့ က​လေးရဲ့ဖခင်​ဖြစ်​သူက အလုပ်​ကို​ရောက်​တဲ့အချိန်​မှာ သူ့ကို အကူအညီ​လှမ်း​တာင်းလို့ သူက က​လေးရဲ့အိမ်​မှာ​ ​ရေပူ​ရေ​အေးစက်​ကိုပြင်​​ပေးခဲ့ရပါတယ်​။ သူကစက်​ကိုပြင်​ပြီးပြီးချင်းမှာ အိမ်​ပြန်​သွားခဲ့​ပေမဲ့ တ​ခေါက်​ပြန်​လှည့်​လာခဲ့ပြီး က​လေးရဲ့အခန်းထဲကို ဝင်​​ရောက်​သွားခဲ့တာပါ။

သူဟာ က​လေးကို လိင်​ဆက်​ဆံခန်း​တွေပါဝင်​တဲ့ အပြာကာတွန်းဇာတ်​လမ်း​တွေပြသခဲ့ပြီး က​လေးရဲ့အတွင်းခံ​ဘောင်းဘီကိုအတင်းချွတ်​လို့ လိင်​ပိုင်းဆိုင်​ရာ ​စော်​ကားမှုပြုလုပ်​ကာ အိမ်​ပြန်​သွားခဲ့ပါတယ်​။

နောက်​ထပ်​တကြိမ်​မှာ​တော့ က​လေးရဲ့အခန်းတွင်းမှာပဲ က​လေးကို ကိုယ်​လုံးတီးချွတ်​​စေပြီး သူကိုယ်​တိုင်​လည်းအဝတ်​အစား​တွေချွတ်​ကာ က​လေးကို အခုလိုပုံစံမျိုး ထပ်​မံကျူးလွန်​ခဲ့တာဖြစ်​ပါတယ်​။

ဒီတစ်ကြိမ်မှာ​တော့ ​က​လေးက ချက်​ချင်းပဲ အိမ်​မှာရှိ​နေတဲ့မိခင်​ထံ ဒီအဖြစ်​အပျက်​ကို ​ပြောပြတိုင်​ကြားခဲ့လို့ သူ့ကိုဖမ်းဆီးအ​ရေးယူနိုင်​ခဲ့ပြီး သူဟာ ​ထောင်​ဒဏ်​ကျခံရ​တော့မှာဖြစ်​ပါတယ်​။

EFIL-ApannPyay(အပန်းပြေ)