နတ္ဆုိးေတြကဲ့သုိ႔၊ လူစင္စစ္က (၄)လက္မရွည္ရွိ ခ်ိဳႀကီးထြက္ေနလုိ႔၊ စိတ္ညစ္ေနတဲ့ အဖုိးအုိ

341

အေနာက္တုိင္း ႐ုပ္ရွင္ကားေတြမွာ ေတြ႕ရေလ့ရွိတဲ့ မိစာၦဇာတ္ေဆာင္ေတြမွာ ယူနီကြန္းျမင္းေတြလုိ ခ်ိဳတစ္ေခ်ာင္း ပါေလ့ရွိပါတယ္။ တစ္ခ်ိဳ႕မိစာၦေတြကေတာ့ ကၽြဲခ်ိဳဆိတ္ခ်ိဳ႕ကဲ့သုိ႔ ခ်ိဳပုံစံေတြ ပါတတ္ၿပီး၊ ျပင္ပကမာၻမွာ ဒီလုိ လူသားဆန္ဆန္ သတၱဝါေတြ တကယ္ရွိႏုိင္မရွိႏုိင္ မေသခ်ာပါဘူး။

The Sun မွာေဖာ္ျပထားတဲ့ သတင္းမွာေတာ့ အိႏၵိယအဖုိးအုိတစ္ေယာက္ဟာ နဖူးထိပ္တည့္တည့္မွာ ခ်ိဳႀကီးထြက္ေနလုိ႔ အေတာ္ေလး ဒုကၡေရာက္ အထီးက်န္ခဲ့ရတယ္လုိ႔ ဆုိပါတယ္။ သူရဲ႕ ဦးခ်ိဳဟာ အရွည္(၄)လက္မအထိ ရွိတာေၾကာင့္ အေတာ္ေလးကို ထင္ရွားပါတယ္။

သူ႕အမည္ကေတာ့ Shyam Lal Yadav လုိ႔ သိရၿပီး၊ အသက္(၇၄)ႏွစ္ပါ။ ယူနီကြန္းျမင္းေတြလုိ ဦးခ်ိဳပုံစံမ်ိဳးျဖစ္ၿပီး၊ သူကုိယ္တုိင္ မျဖတ္ေတာက္ဘဲ ထားမယ္ဆုိရင္ ခပ္ခၽြန္ခၽြန္ျဖစ္ေနေလာက္ပါတယ္။ အခုဟာက ျဖတ္ေတာက္ထားတဲ့အတြက္ တုံးတုံးတိတိ ျဖစ္ေနတာပါ။

အဖုိး Shyam ဟာ ၿပီးခဲ့တဲ့ (၅)ႏွစ္ေလာက္က ဦးေခါင္းကို အရာဝတၳဳတစ္ခုခုနဲ႔ ျပင္းထန္စြာတုိက္မိၿပီးေနာက္ ဦးခ်ိဳက စထြက္လာခဲ့တာပါ။ အဲဒီဦးခ်ိဳႀကီးကို သူ႕ရဲ႕ဆံသဆရာ ဘာဘာက ျဖတ္ေတာက္ေပးခဲ့လုိ႔ ခ်ိဳက တုံးတိတိျဖစ္ေနပါတယ္။ အဖြုိး Shyam ဟာ ဒီခ်ိဳေၾကာင့္ အျပင္ မထြက္ရဲခဲ့ပါဘူး။

ဒီခ်ိဳကို ေဆးပညာအားျဖင့္ Sebaceous horn လုိ႔ ေခၚပါတယ္။ လက္သည္းေျခသည္းေတြ ဆံပင္ေတြရဲ႕ ျဖစ္တည္တဲ့ပုံစံမ်ိဳးနဲ႔ တူညီေပမယ့္၊ အႀကိတ္ဘက္ကို ႏြယ္တဲ့ေရာဂါေၾကာင့္ ျဖစ္လာတာပါ။ ဆာဂါၿမိဳ႕၊ Bhagyoday Tirth Hospital ေဆးရုံက ဆရာဝန္ေတြက အမ်ိဳးမ်ိဳဳးစစ္ေဆးၿပီး-

ခ်ိဳႀကီးကို ဖယ္ရွားေပးႏုိင္ခဲ့ပါတယ္။ အဖုိးဟာ Madhya Pradesh ျပည္နယ္၊ Rahli အမည္ရရြာမွာ ေနထုိင္သူျဖစ္ၿပီး၊ အခုဆုိရင္ သူဟာ လူျမင္ကြင္းကုိ ျပန္ထြက္ရဲေနပါၿပီ။ ဒါေပမယ့္ သူ႕စိတ္ထဲမွာ မေသခင္ ဒီခ်ိဳႀကီး ျပန္ထြက္လာမွာကို စုိးရိမ္ေနပါတယ္။

ေနသူရိန္ – D Nae Khit Media

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အနောက်တိုင်း ရုပ်ရှင်ကားတွေမှာ တွေ့ရလေ့ရှိတဲ့ မိစ္ဆာဇာတ်ဆောင်တွေမှာ ယူနီကွန်းမြင်းတွေလို ချိုတစ်ချောင်း ပါလေ့ရှိပါတယ်။ တစ်ချို့မိစ္ဆာတွေကတော့ ကျွဲချိုဆိတ်ချို့ကဲ့သို့ ချိုပုံစံတွေ ပါတတ်ပြီး၊ ပြင်ပကမ္ဘာမှာ ဒီလို လူသားဆန်ဆန် သတ္တဝါတွေ တကယ်ရှိနိုင်မရှိနိုင် မသေချာပါဘူး။

The Sun မှာဖော်ပြထားတဲ့ သတင်းမှာတော့ အိန္ဒိယအဖိုးအိုတစ်ယောက်ဟာ နဖူးထိပ်တည့်တည့်မှာ ချိုကြီးထွက်နေလို့ အတော်လေး ဒုက္ခရောက် အထီးကျန်ခဲ့ရတယ်လို့ ဆိုပါတယ်။ သူရဲ့ ဦးချိုဟာ အရှည်(၄)လက်မအထိ ရှိတာကြောင့် အတော်လေးကို ထင်ရှားပါတယ်။

သူ့အမည်ကတော့ Shyam Lal Yadav လို့ သိရပြီး၊ အသက်(၇၄)နှစ်ပါ။ ယူနီကွန်းမြင်းတွေလို ဦးချိုပုံစံမျိုးဖြစ်ပြီး၊ သူကိုယ်တိုင် မဖြတ်တောက်ဘဲ ထားမယ်ဆိုရင် ခပ်ချွန်ချွန်ဖြစ်နေလောက်ပါတယ်။ အခုဟာက ဖြတ်တောက်ထားတဲ့အတွက် တုံးတုံးတိတိ ဖြစ်နေတာပါ။

အဖိုး Shyam ဟာ ပြီးခဲ့တဲ့ (၅)နှစ်လောက်က ဦးခေါင်းကို အရာဝတ္ထုတစ်ခုခုနဲ့ ပြင်းထန်စွာတိုက်မိပြီးနောက် ဦးချိုက စထွက်လာခဲ့တာပါ။ အဲဒီဦးချိုကြီးကို သူ့ရဲ့ဆံသဆရာ ဘာဘာက ဖြတ်တောက်ပေးခဲ့လို့ ချိုက တုံးတိတိဖြစ်နေပါတယ်။ အဖွိုး Shyam ဟာ ဒီချိုကြောင့် အပြင် မထွက်ရဲခဲ့ပါဘူး။

ဒီချိုကို ဆေးပညာအားဖြင့် Sebaceous horn လို့ ခေါ်ပါတယ်။ လက်သည်းခြေသည်းတွေ ဆံပင်တွေရဲ့ ဖြစ်တည်တဲ့ပုံစံမျိုးနဲ့ တူညီပေမယ့်၊ အကြိတ်ဘက်ကို နွယ်တဲ့ရောဂါကြောင့် ဖြစ်လာတာပါ။ ဆာဂါမြို့၊ Bhagyoday Tirth Hospital ဆေးရုံက ဆရာဝန်တွေက အမျိုးမျိုုးစစ်ဆေးပြီး-

ချိုကြီးကို ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ အဖိုးဟာ Madhya Pradesh ပြည်နယ်၊ Rahli အမည်ရရွာမှာ နေထိုင်သူဖြစ်ပြီး၊ အခုဆိုရင် သူဟာ လူမြင်ကွင်းကို ပြန်ထွက်ရဲနေပါပြီ။ ဒါပေမယ့် သူ့စိတ်ထဲမှာ မသေခင် ဒီချိုကြီး ပြန်ထွက်လာမှာကို စိုးရိမ်နေပါတယ်။

နေသူရိန် – D Nae Khit Media