ကားမောင်းနေရင်း အသည်းကွဲထွက်ခဲ့တဲ့ (၇၂)နှစ်အရွယ်ဒရိုင်ဘာ၊ ကားနဲ့(၃)ဦးတိုက် (၁)ဦးသေဆုံး

142

စင်ကာပူနိုင်ငံသား ကားမောင်းသမား တစ်ဦးဟာ ကားမောင်းနေရင်း တန်းလန်းနဲ့ သူ့ရဲ့အသည်းက ရုတ်တရက် ကွဲထွက်ခဲ့ပြီး ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရချိန်မှာ လမ်းမှာလမ်းဖြတ်ကူးနေတဲ့ လူ(၃)ဦးကို ကာနဲ့ ၀င်တိုက်ခဲ့တဲ့အမှုတစ်ခု စင်ကာပူနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။

The Strait Time သတင်းစာရဲ့ ဖော်ပြချက်အရ ကားမောင်းသူ တက္ကစီဒရိုင်ဘာဟာ အသက် (၇၂)အရွယ် အသည်းကင်ဆာခံစားနေရတဲ့ သူတစ်ဦးလို့သိရပါတယ်။ Mr. How လို့ ခေါ်တဲ့အဆိုပါ ဒရိုင်ဘာဟာ မနက်စောစော အိမ်က ထွက်လာကတည်းက သူဟာ တချက်တချက် ဆိုသလို ရင်ဘတ်က အောင့်တက်တာမျိုးကို ခံစားနေရတယ်လို့ ဆိုပါတယ်။

တိုက်မိစဉ် အနောက်ကားမှ ရိုက်ထားပုံ

ဒါပေမဲ့လည်း တက္ကစီမောင်းထွက်ဖို့ ဆုံးဖြတ်လိုက်ပြီး၊ ကားပေါ်မှာ ခရီးသည်တွေတင်လာခဲ့ပါတယ်။ Jalan Bukit Merah ကိုအရောက်မှာ မီးပွိုင့်နီနေတဲ့အတွက် ကားကို ရပ်လိုက်ကာ ပွိုင့်စိမ်းမယ့်အချိန်ကို စောင့်နေရင်းတန်းလန်း၊ ထြေောက်က လီဗာကို တက်နင်းလိုက်ပြီး လမ်းကူးနေတဲ့ လူအုပ်ကြီးထဲကို ပြေးဝင်သွားကာ မြင်မြင်သမျှတိုက်မိပါတော့တယ်။

နမူနာ အသည်းပုံ

(၃)ဦးအဓိက တိုက်မိခဲ့ပြီး၊ Madam Tng Yew Huay ဆိုတဲ့ အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။ ကျန်တဲ့သူတွေကတော့ ဒဏ်ရာပဲ ရခဲ့တယ်လို့ သိရပါတယ်။ တက္ကစီဒါရိုင်ဘာက သူဟာရုတ်တရက်ဆိုသလို ညာဖက်ဝမ်းဗိုက်နားကနေ တစ်ခုခုက ဖြတ်ချသွားသလို ခံစားရပြီး နောက်ဆုံးမျတ်မိလိုက်တာက သူ့ခေါင်းခန်းက ခရီးသည်က အော်နေခဲ့တာကိုပဲလို့ ၀န်ခံခဲ့ပါတယ်။

အသည်းကွဲထွက်ခဲ့တာမှန်မမှန်ကို ဆေးရုံက ဆရာဝန်က အတည်ပြုခဲ့ပြီးချိန်မှာ မှန်ကန်ခဲ့ပြီး၊ ဦးနှောက်ထဲကို အသည်းကွဲချိန်မှာ သွေးမရောက်ခဲ့တဲ့ ခဏကြောင့် အခုလို ဖြစ်သွားရတာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အမှုဖွင့်အရေးယူထားဆဲဖြစ်ပေမဲ့ တမင်ဝင်တိုက်ခဲ့တဲ့ရည်ရွယ်ချက်မရှိတဲ့ လက္ခာနဲ့ စစ်ဆေးတွေ့ရှိမှုတွေကြောင့် စစ်ဆေးရခက်နေတယ်လို့ ရဲတွေက ဆိုပါတယ်။ ဒါပေမဲ့ လူသေမှုပါနေတဲ့အတွက် အရေးမယူလို့ မရဘူးလို့လည်း သိရပါတယ်။

သူရေး (Apannpyay)