မိဘေတြက ေန႔စဥ္႐ုိက္ႏွက္လုိ႔ (၉)လႊာကေန ခုန္ခ်သတ္ေသခဲ့တဲ့ (၈)ႏွစ္အရြယ္ ေကာင္ေလး

204

အသက္(၈)ႏွစ္သာရွိေသးတဲ့ ေကာင္ေလးတစ္ေယာက္ဟာ ႏွစ္ရွည္လမ်ား မိဘေတြ ႏွိက္စက္တဲ့ဒဏ္ကုိ မခံႏုိင္ေတာ့တာေၾကာင့္ (၉)လႊာတုိက္ခန္းကေန ခုန္ခ်ၿပီး မိမိကိုယ္ကို ေသေၾကာင္းႀကံစည္ခဲ့တယ္လုိ႔ Metro သတင္းဌာနက ေဖာ္ျပထားပါတယ္။ ဒီသတင္းကို ApannPyay ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလုိက္ပါတယ္။

ကေလးရဲ႕အမည္မွာ Anton လုိ႔သာ ေဖာ္ျပထားၿပီး၊ ယူကရိန္းႏုိင္ငံ၊ Enerhodar မွာ ေနထုိင္ပါတယ္။ သူဟာ ၾသဂုတ္လ (၂၃)ရက္ ညေနပုိင္း၊ ေက်ာင္းကေန ျပန္ေရာက္ေရာက္ခ်င္း ခုန္ခ် ေသေၾကာင္းႀကံစည္ခဲ့တာပါ။ ေအာက္ထပ္မွာေနတဲ့ မ်က္ျမင္သက္ေသတစ္ဦးက-

ဒီမတုိင္ခင္မွာ ကေလးဟာ ဆုိးဆုိးရြားရြား ႐ုိက္ႏွက္တာကို ခံေနရသံ ၾကားခဲ့ရၿပီး၊ ဒီလုိ ႐ုိက္ႏွက္မႈဟာ Anton တစ္ေယာက္ ေန႔စဥ္နဲ႔အမွ် ႀကဳံေတြ႕ရေလ့ရွိတယ္လုိ႔ ဆုိပါတယ္။ ဒါေပမယ့္ စကၠန္႔ေတာ္ေတာ္မ်ားမ်ား ၾကာခ်ိ္န္မွာေတာ့ အုန္းဆုိတဲ့ အသံႀကီးကို ၾကားလုိက္ရတယ္လုိ႔ အိမ္နီးနားခ်င္း Zhanna က ေျပာပါတယ္။

တကယ္ေတာ့ Anton ရဲ႕ ခႏၶာကိုယ္နဲ႔ ေျမျပင္တုိ႔ ထိခတ္လုိက္တဲ့ အသံျဖစ္ေနပါတယ္။ သူမကပဲ ရဲတပ္ဖြဲ႕နဲ႔ အေရးေပၚသူနာျပဳဌာနကုိ ေခၚေပးခဲ့ပါတယ္။ ဒါေပမယ့္ (၉)လႊာကေန ခုန္ခ်လိုက္တဲ့အရွိန္ဟာ လူတစ္ေယာက္ အသက္ရွင္ဖုိ႔ အေတာ္ေလး ရာခုိင္ႏႈန္းနည္းပါတယ္။

Anton ဟာ အခင္းျဖစ္ေနရာမွာပဲ ေသဆုံးခဲ့ပါတယ္။ မိဘေတြကုိေတာ့ သက္ဆုိင္ရာက ဖမ္းဆီးစစ္ေဆးျခင္း မရွိေသးဘဲ၊ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးတာေလာက္သာ လုပ္ေနေသးတယ္လုိ႔ သတင္းမွာ ေဖာ္ျပထားပါတယ္။ သတင္းေထာက္ေတြရဲ႕ ဆက္သြယ္မႈကို ကေလးရဲ႕မိဘေတြက လက္မခံေသးပါဘူး။

နတ္သူႀကီး

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အသက်(၈)နှစ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ နှစ်ရှည်လများ မိဘတွေ နှိက်စက်တဲ့ဒဏ်ကို မခံနိုင်တော့တာကြောင့် (၉)လွှာတိုက်ခန်းကနေ ခုန်ချပြီး မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့တယ်လို့ Metro သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီသတင်းကို ApannPyay ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ကလေးရဲ့အမည်မှာ Anton လို့သာ ဖော်ပြထားပြီး၊ ယူကရိန်းနိုင်ငံ၊ Enerhodar မှာ နေထိုင်ပါတယ်။ သူဟာ သြဂုတ်လ (၂၃)ရက် ညနေပိုင်း၊ ကျောင်းကနေ ပြန်ရောက်ရောက်ချင်း ခုန်ချ သေကြောင်းကြံစည်ခဲ့တာပါ။ အောက်ထပ်မှာနေတဲ့ မျက်မြင်သက်သေတစ်ဦးက-

ဒီမတိုင်ခင်မှာ ကလေးဟာ ဆိုးဆိုးရွားရွား ရိုက်နှက်တာကို ခံနေရသံ ကြားခဲ့ရပြီး၊ ဒီလို ရိုက်နှက်မှုဟာ Anton တစ်ယောက် နေ့စဉ်နဲ့အမျှ ကြုံတွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စက္ကန့်တော်တော်များများ ကြာချိ်န်မှာတော့ အုန်းဆိုတဲ့ အသံကြီးကို ကြားလိုက်ရတယ်လို့ အိမ်နီးနားချင်း Zhanna က ပြောပါတယ်။

တကယ်တော့ Anton ရဲ့ ခန္ဓာကိုယ်နဲ့ မြေပြင်တို့ ထိခတ်လိုက်တဲ့ အသံဖြစ်နေပါတယ်။ သူမကပဲ ရဲတပ်ဖွဲ့နဲ့ အရေးပေါ်သူနာပြုဌာနကို ခေါ်ပေးခဲ့ပါတယ်။ ဒါပေမယ့် (၉)လွှာကနေ ခုန်ချလိုက်တဲ့အရှိန်ဟာ လူတစ်ယောက် အသက်ရှင်ဖို့ အတော်လေး ရာခိုင်နှုန်းနည်းပါတယ်။

Anton ဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပါတယ်။ မိဘတွေကိုတော့ သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးခြင်း မရှိသေးဘဲ၊ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးတာလောက်သာ လုပ်နေသေးတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သတင်းထောက်တွေရဲ့ ဆက်သွယ်မှုကို ကလေးရဲ့မိဘတွေက လက်မခံသေးပါဘူး။

နတ်သူကြီး