လက္မထပ္ခင္ ခ်စ္သူနဲ႔ခ်စ္တင္းေႏွာခဲ့လုိ႔ ႀကိမ္ဒဏ္ေပးခံရတဲ့အမ်ိဳးသမီး၊ မူးေမ့လဲက်သြားခဲ့

100

အင္ဒုိနီးရွားႏုိင္ငံမွာ ေတြ႕ရေလ့ရွိတဲ့ ႀကိမ္ဒဏ္အျပစ္ေပးမႈမွာ လူ႕အခြင့္အေရးသမားေတြက အမ်ိဳးမ်ိဳးဝုိင္းဝန္း ကန္႔ကြက္ေနၾကေပမယ့္ အခုအခ်ိန္ထိ ဒီႀကိမ္ဒဏ္စနစ္ကို က်င့္သုံးေနဆဲ ျပည္နယ္ေတြက ရွိေနဆဲပါ။ အမ်ားအားျဖင့္ေတာ့ အမ်ိဳးသမီးေတြကို လက္မထပ္ခင္ ခ်စ္တင္းေႏွာတယ္ဆုိတဲ့ စြပ္စြဲခ်က္နဲ႔-

ႀကိမ္ဒဏ္အျပစ္ေပးေလ့ရွိၿပီး၊ ေလာင္းကစားလုပ္ျခင္း၊ အိမ္ေထာင္ေရးေဖာက္ျပန္ျခင္း၊ အမ်ိဳးသမီးမ်ား ေဆြမ်ိဳးသားခ်င္း ေယာက္်ားေလးမပါဘဲ အျပင္သြားျခင္း၊ အရက္ေသစာေသာက္စားျခင္း စတာေတြဟာ ႀကိမ္ဒဏ္သင့္ေရာက္ႏုိင္တဲ့ ျပစ္မႈေတြထဲက အခ်ိဳ႕ျဖစ္ပါတယ္။

အခုလည္း အမ်ိဳးသမီးငယ္တစ္ေယာက္ကုိ လက္မထပ္ခင္မွာ ခ်စ္တင္းေႏွာတယ္လုိ႔ စြပ္စြဲၿပီး အမ်ားျပည္သူ ေရွ႕ေမွာက္မွာ ျပင္းထန္တဲ့ ႀကိမ္ဒဏ္စီရင္ခဲ့တာပါ။ သူမဟာ ျပင္းထန္လွတဲ့ ႀကိမ္ဒဏ္ေၾကာင့္ အဲဒီအမ်ိဳးသမီးဟာ မူးေမ့လဲက်သြားခဲ့တယ္လုိ႔ DailyStar က ဆုိပါတယ္။

အခုျဖစ္စဥ္မွာ ႀကိမ္ဒဏ္ေပးခံရသူ စုံတြဲ(၃)တြဲ ပါဝင္ခဲ့ၿပီး၊ အမ်ိဳးသားအမ်ိဳးသမီး အကုန္လုံးကို ႀကိမ္ဒဏ္အခ်က္(၂၀)စီ အျပစ္ေပးခဲ့တယ္လုိ႔ ဆုိပါတယ္။ ဒီအျပစ္ေပးမႈဟာ  Sharia law အရျဖစ္ၿပီး၊ အားလုံးနီးပါးဟာ ေသြးထြက္၊ စုတ္ၿပဲဒဏ္ရာေတြ ကိုယ္စီရခဲ့တယ္လုိ႔ သိရပါတယ္။

ဒီႀကိမ္ဒဏ္ေပးမႈ မတုိင္ခင္မွာ သူတုိ႔တစ္ေတြဟာ မ်ားျပားလွတဲ့ လရွည္ေထာင္ဒဏ္ေတြ က်ခံခဲ့ရၿပီးျဖစ္တယ္လုိ႔လည္း သိရပါတယ္။ တစ္ခ်ိဳ႕ကေတာ့ ဒဏ္ရာျပင္းထန္လြန္းလုိ႔ လမ္းမေလွ်ာက္ႏုိင္ေတာ့တာေၾကာင့္ လူတြဲၿပီးေခၚခဲ့ရတယ္လုိ႔ သိရပါတယ္။

နတ္သူႀကီး

ယူနီကုဒ်ဖြင့်ဖတ်ရန်-

အင်ဒိုနီးရှားနိုင်ငံမှာ တွေ့ရလေ့ရှိတဲ့ ကြိမ်ဒဏ်အပြစ်ပေးမှုမှာ လူ့အခွင့်အရေးသမားတွေက အမျိုးမျိုးဝိုင်းဝန်း ကန့်ကွက်နေကြပေမယ့် အခုအချိန်ထိ ဒီကြိမ်ဒဏ်စနစ်ကို ကျင့်သုံးနေဆဲ ပြည်နယ်တွေက ရှိနေဆဲပါ။ အများအားဖြင့်တော့ အမျိုးသမီးတွေကို လက်မထပ်ခင် ချစ်တင်းနှောတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့-

ကြိမ်ဒဏ်အပြစ်ပေးလေ့ရှိပြီး၊ လောင်းကစားလုပ်ခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်း၊ အမျိုးသမီးများ ဆွေမျိုးသားချင်း ယောက်ျားလေးမပါဘဲ အပြင်သွားခြင်း၊ အရက်သေစာသောက်စားခြင်း စတာတွေဟာ ကြိမ်ဒဏ်သင့်ရောက်နိုင်တဲ့ ပြစ်မှုတွေထဲက အချို့ဖြစ်ပါတယ်။

အခုလည်း အမျိုးသမီးငယ်တစ်ယောက်ကို လက်မထပ်ခင်မှာ ချစ်တင်းနှောတယ်လို့ စွပ်စွဲပြီး အများပြည်သူ ရှေ့မှောက်မှာ ပြင်းထန်တဲ့ ကြိမ်ဒဏ်စီရင်ခဲ့တာပါ။ သူမဟာ ပြင်းထန်လှတဲ့ ကြိမ်ဒဏ်ကြောင့် အဲဒီအမျိုးသမီးဟာ မူးမေ့လဲကျသွားခဲ့တယ်လို့ DailyStar က ဆိုပါတယ်။

အခုဖြစ်စဉ်မှာ ကြိမ်ဒဏ်ပေးခံရသူ စုံတွဲ(၃)တွဲ ပါဝင်ခဲ့ပြီး၊ အမျိုးသားအမျိုးသမီး အကုန်လုံးကို ကြိမ်ဒဏ်အချက်(၂၀)စီ အပြစ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီအပြစ်ပေးမှုဟာ  Sharia law အရဖြစ်ပြီး၊ အားလုံးနီးပါးဟာ သွေးထွက်၊ စုတ်ပြဲဒဏ်ရာတွေ ကိုယ်စီရခဲ့တယ်လို့ သိရပါတယ်။

ဒီကြိမ်ဒဏ်ပေးမှု မတိုင်ခင်မှာ သူတို့တစ်တွေဟာ များပြားလှတဲ့ လရှည်ထောင်ဒဏ်တွေ ကျခံခဲ့ရပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ တစ်ချို့ကတော့ ဒဏ်ရာပြင်းထန်လွန်းလို့ လမ်းမလျှောက်နိုင်တော့တာကြောင့် လူတွဲပြီးခေါ်ခဲ့ရတယ်လို့ သိရပါတယ်။

နတ်သူကြီး